Friday, December 17, 2010

ငါး- ငါး- ငါး- ငါး- ငါး



တစ်။
ပြည်နယ် ငါးပြည်နယ်နှင့် တိုင်း ငါးတိုင်း အတွင်းရှိ ငါးကန် ငါးထောင်တွင် ယခင်က ဖြစ်ပွားဖူးခြင်း
မရှိသော ငါးရောဂါ ငါးမျိုး ဖြစ်ပွားနေသည်ကို ငါးသုတေသီအဖွဲ့ ငါးဖွဲ့မှ ငါးပညာရှင် ငါးဦးက
တွေ့ရှိကြောင်း သတင်းရရှိသည်ဟု ငါးသတင်းထောက်က ငါး သတင်း ငါးပိုဒ် ပေးပို့ထားပါသည်။

နှစ်။
“ငါးလပိုင်း ငါးရက်နေ့က စပြီး ငါးကန် ငါးထောင်မှာ ငါးရောဂါ ရှိနေတာကို ငါးလုပ်ငန်းအဖွဲ့ ငါးဖွဲ့က တွေ့ ရှိတာ ဖြစ်ပါတယ်။ ငါးတွေက လှုပ်ရှားမှု သိပ်မရှိဘဲ "ငါး-ငါး" လို့ အော် နေတဲ့ အတွက် ငါးလုပ်ငန်း ဦးစီးဌာနက ငါးရောဂါ စစ်ဆေးတဲ့ ငါးသုတေသနအဖွဲ့ ငါးဖွဲ့ရဲ့ ငါးပညာရှင် ငါးယောက်ကို ခေါ်ယူ စစ်ဆေး စေတဲ့ အခါ ငါးရောဂါ ငါးမျိုး ဖြစ်နေတာကို တွေ့ရှိရတဲ့ အတွက် ငါးလုပ်ငန်းတွေ ငါးပါးမှောက်သွားတာပါ” ဟု ဘင်းမ်စတက် မူလ ငါးနိုင်ငံ ငါးလုပ်ငန်းအဖွဲချုပ် ငါးခု၏ အတွင်းရေးမှူး ငါးဦးအနက်မှ တစ်ဦးဖြစ်သော ငါးဦးဝင်းကြိုင် က ငါးသတင်းထောက်ကို ပြောကြားသည်။

သုံး။
ငါးနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာန ငါးဌာနမှ စစ်ဆေးထုတ်ပြန်ချက်များ အရ အဆိုပါ ငါးရောဂါမှာ ငါးဘက်တီးရီးယား ပိုး ငါးမျိုးကြောင့် ဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ ငါးဘက်တီးရီးယားပိုး ငါးမျိုးမှာ ငါး၏ ကလီစာ ငါးနေရာအတွင်း အတွင်း ထိပါ ပျံ့နှံ့ ၀င်ရောက် နေသောကြောင့် ငါးများမှာ ငါးအစားအစာ ငါးမျိုးကို စားသောက်နိုင်ခြင်း မရှိ တော့ကြောင်းနှင့် ယင်း ငါးဘက်တီးရီးယားပိုး ငါးမျိုးကြောင့် နောက်ပိုင်း တွင် ငါး၏ ခန္ဓာကိုယ် ငါးနေရာ၌ ကပ်ပါးပိုး ငါးမျိုးနှင့် မှိုရောဂါ ငါးမျိုးပါ ဖြစ်ပွားလာသည်ကို တွေ့ရှိ ရကြောင်း ငါးသတင်းထောက်က သတင်းဌာန ငါးခုသို့ သတင်း ငါးပိုဒ် ပေးပို့သည်။

လေး။
ပြည်နယ် ငါးပြည်နယ်နှင့် တိုင်း ငါးတိုင်းရှိ ငါးကန် ငါးထောင်တွင် ငါးရောဂါ ငါးမျိုးကြောင့် ငါးများ အစုလိုက် အပြုံလိုက် သေဆုံးသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရပြီး အဆိုပါ ငါးရောဂါသည် ငါးမှ ငါးသို့ ကူးစက်ရန် အလွယ်ဆုံး ဖြစ်သည်ဟု သိရသည်။

ငါး။
၎င်းပြင် ငါးမှ ငါးသို့ ကူးစက်တတ်သော ငါးရောဂါ ငါးမျိုးသည် ငါးစီးရှင်ကျော်စွာ ဘွဲ့ခံ ဆင်ဖြူငါးစီး သခင်များနှင့် ငါးဘွဲ့ခံယူထားသည့် လူစင်စစ်မှ ငါးဖြစ်နေသူ ငါးစာရေးဆရာများကိုပါ ကူးစက်နိုင်ကြောင်း၊  သို့သော် လူများသို့မူ ကူးစက်နိုင်ခြင်း မရှိကြောင်း ငါးသုတေသနအဖွဲ့ ငါးဖွဲ့မှ ငါးပညာရှင် ငါးဦးက ပြောကြားကြောင်း ငါးသတင်းထောက်က ငါးရောဂါ သတင်း ငါးပိုဒ် ကို သတင်းဌာန ငါးခုသို့ ယနေ့ နံနက် ငါးနာရီ ငါးဆယ့် ငါးမိနစ်နှင့် ငါးဆယ့် ငါး စက္ကန့် ငါး ငါးလုံး ပူးသောအချိန်တွင် သတင်း ပေးပို့ထားပါသည်။

သတင်းအသေးစိတ် ဖတ်ရှုရန်

4 comments:

  1. ဒီသတင်း ဖတ်ပြီး ငါးရံ့ကိုယ်လုံးနဲ့ အမျိုးသမီးတယောက်ကိုတွေ့တယ်။ ဒါနဲ့ ကျနော်က ငါးခူပြုံး ပြုံးပြလိုက်တာ သူက လက်ငါးချောင်း ထောင်ပြသွားပါတယ်း)

    ReplyDelete
  2. ဒီသတင်းကို လူငါးယောင်ပေါင်းပြီး ပို့စ်မော်ဒန် သီအိုရီ ၅ မျိုးနဲ့ ရေးတာလားဟင်။ ဘာပဲဖြစ်ဖြစ် ငါးမင်းဆွေရေးတာ မဟုတ်ရင်ပြီးတာပဲ။

    အမည်မဖော်လိုသူ ရန်ကုန်သားတာတေ

    ReplyDelete
  3. ငါးရောဂါ ငါးမျိုး ပါတဲ့ ငါးသတင်း ငါးပုဒ် ကို ဖတ်ရတာ ဦးနှောက် ငါးနေရာ ပူသွားတယ်

    ReplyDelete
  4. ဖိုးတာတီးDecember 23, 2010 at 8:31 AM

    ကောင်းပါသည်............အားပေးပါသည်....အားလည်းကျပါသည်....

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။