Wednesday, December 15, 2010

ဝက်နန်းစိုး-၀က်နန်းစံ ရင်ချင်းဆက် ၀က်အမြွှာညီအစ်မ မွေးဖွား

ဒီဇင်ဘာလ ၁ ရက် ည ၉ နာရီအချိန်က မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ပြည်သာယာ မြောက်ပိုင်းရပ်ကွက် တွင်နေထိုင် သည့် ဦးအလွမ်း၊ ဒေါ်ဆွေ မိသားစု မွေးမြူထားသော ဝက်မဒန်းကြီး ဒေါ်ဝက်လပြည့်မှနေ၍ ဝက်ကလေးများ မွေးဖွားရာတွင် ရင်ချင်းဆက် ဝက်အမြွှာပူးလေး နှစ်ကောင် မွေးဖွားခဲ့ကြောင်း သိရှိရသည်။

”ဝက်မကြီး စ မွေး တာက ဒီဇင် ဘာ ၁ ရက်၊ ည ၉ နာရီ လောက် ပါ။ သုံးကောင်မွေးပြီး ဆက်မမွေး နိုင်ဖြစ်နေတာနဲ့ ညအချိန်မှာ လင် မယားနှစ်ယောက် မအိပ်ဘဲစောင့် ကြည့် နေရတယ်။ နောက်တစ်နေ့ ဒီဇင်ဘာ ၂ ရက်၊ နံနက် ၃ နာရီ၊ ၃ မိနစ်အချိန်လောက်မှာ ရင်ချင်းဆက် ဝက်အမြွှာပူးလေး နှစ်ကောင် မွေးပါတယ်။  ဝက်အမြွှာပူး လေးနှစ်ကောင်စလုံးက အ မ လေး တွေပါ။ မနက်ကျတော့ တစ်ရပ်ကွက်လုံးက လူတွေက ရင်ချင်းဆက်ဝက် အမြွှာပူးလေး နှစ်ကောင်ကို လာကြည့်ကြတယ်။

လာကြည့်သူတွေက ရင်ချင်းဆက် အမ လေးတွေ ဆိုတော့ ရင်ချင်းဆက် အမြွာညီအစ်မတွေကို သတိရပြီး ၀က်နန်းစိုး-၀က်နန်းစံ နာမည်ပေးရင် ကောင်းမလား၊ ၀က်အေးငြိမ်း-၀က်အိငြိမ်း နာမည်ပေးရင် ကောင်းမလား၊ ၀က်မမအောင်-၀က်ပပအောင် နာမည် ပေးရင် ကောင်းမလား ဆိုပြီး အမျိုးမျိုး စဉ်းစားကြတယ်။ ဒီဇင်ဘာ ၃ ရက်နေ့၊ နံနက် ၇ နာရီ၊ ၃ဝ မိနစ် အချိန်လောက် ကျမှ ရင်ချင်းဆက် ဝက်အမြွှာပူး လေးတွေ သေဆုံးသွားပါတယ်၊ ဘာနာမည်မှ မပေးလိုက်ရပါဘူး”ဟု ပိုင်ရှင် ဦးအလွမ်းတို့ ဇနီးမောင်နှံ ကပြောသည်။

ဤကဲ့သို့ ၀က်ရင်ချင်းဆက် အမြွာညီအစ်မ နှစ်ကောင် သေဆုံးသွားခြင်းကြောင့် မြန်မာ့ ဆေးပညာ လောကတွင် သမိုင်းတွင်စေမည့် ရင်ချင်းဆက် ခွဲစိပ်ကုသမှု တစ်ခု လက်လွတ်ဆုံးရှုံးသွားရသည့်အတွက် မြန်မာ့ ခွဲစိပ် အထူးကု ဆရာဝန်ကြီးများ အနေဖြင့် လွန်စွာ နှမြောတသ ဖြစ်လျက်ရှိကြောင်း သတင်းရရှိသည်။

©မင်းကျော်စွာ
သတင်း အပြည့်အစုံ ဖတ်ရှုရန်

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။