Monday, December 6, 2010

မြန်မာလူမျိုး ကမ္ဘာ့ထိပ်သီး ပုဂ္ဂိုလ်ကြီးများ (၂)

(BSN အထူးဆောင်းပါး ဒုတိယပိုင်း)

ပုံတောင် ပုံညာ ဒေသမှာ ပရိုင်းမိတ်တွေ တွေ့ရှိမှုနဲ့ အတူ လူသားမျိုးနွယ်တွေ မြန်မာပြည်က စတင်ခဲ့ပါတယ်။ ကမ္ဘာ့ ပထမဆုံး လူသားမျိုးနွယ်ဖြစ်တဲ့ မြန်မာတွေဟာ ကမ္ဘာအရပ်ရပ်ကို ပြန့်နှံ့သွားကြပြီးတော့ ကမ္ဘာ့ နိုင်ငံအသီးသီးမှာ အလွန်ထင်ရှားတဲ့ ထိပ်သီး ခေါင်းဆောင်ကြီးများ ဖြစ်လာကြပါတယ်။ ဒီအကြောင်းကို BSN-News က လေ့လာ စုံစမ်းထားပြီး သတင်းဆောင်းပါး အဖြစ် တင်ပြနေရာမှာ ဒီကနေ့တော့ ဒုတိယပိုင်းကို ဆက်လက် တင်ပြလိုက်ပါတယ်။
-----
ကမ္ဘာ့သမိုင်းမှာ လျှမ်းလျှမ်းတောက် ကြော်ကြားခဲ့ပြီး ကမ္ဘာတစ်လွှားကို စစ်အောင်နိုင်ခဲ့တဲ့ မက်ဆီဒိုးနီးယား ဘုရင် ကို မသိသူ မရှိသလောက်ပါ။ ဒီလို ကမ္ဘာကြီး တစ်ခုလုံး နီးပါးကို သိမ်းပိုက်နိုင်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ဟာ မြန်မာလူမျိုး ဖြစ်တဲ့ အတွက် မြန်မာတစ်မျိုးသားလုံး ဂုဏ်ယူစရာ ကောင်းလှ ပါတယ်။  ဒီပုဂ္ဂိုလ်ကတော့ "အလဲ့-စန္ဒာ the Great" ပဲဖြစ်ပါတယ်။ သူဟာ မြန်မာ အမျိုးသမီးတစ်ဦး ဖြစ်ပါသတဲ့။
ထိုနည်းတူစွာပဲ ခေတ်တစ်ခေတ်ရဲ့ အလှဆုံးအမျိုးသမီးလို့ ဖော်ပြခံရတဲ့ အီဂျစ်ဘုရင်မ ကလီယိုပါထရာနဲ့ ချစ်ကြိုးသွယ်ခဲ့တဲ့ စစ်သူကြီး ဂျူးလီယက် ဆည်းဆာ (Juliet Ceaser) ဟာလည်း နေ၀င် ဆည်းဆာမှာ ဘရုဒတ်ရဲ့ ဓားနဲ့ ထိုးသတ်ခြင်းကို ခံခဲ့ရတဲ့ ရောမပြည်က မြန်မာလူမျိုး စစ်သူကြီး ဖြစ်ပါတယ်။ 
 
အလဲ့- စန္ဒာ ဆိုတဲ့ ကောင်မလေး
ဒါတင် မကသေးပါဘူး။ ဂျပန်နိုင်ငံကို စက်မှုနိုင်ငံဖြစ်အောင် စတင် ကြိုးပမ်းခဲ့တဲ့ ဧကရာဇ် ဟာ ဒေါ်မေကြည် (Emperor Meiji) ဆိုတဲ့ မြန်မာ ဘုရင်မကြီးဖြစ်နေတာကို တွေ့ရပါတယ်။
ဘုရင်မကြီး ဒေါ်မေကြည် 

တရုတ်ပြည်ရဲ့ နောက်ဆုံး ဘုရင်- ကိုပုရီ (Pu Yi) ဟာလည်း အလွန် အရပ်ပုတဲ့ မြန်မာ လူမျိုး တစ်ဦးပါ။  ရုရှသမ္မတ ဗလာဒမြ-ပူတင်း (Vladimir Putin) ဆိုတဲ့ ပုဂ္ဂိုလ်ဟာလည်း ပူတင်း အရမ်းကြိုက်တဲ့ မြန်မာ ပင်လယ်ဒမြ ကြီး တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
ကမ္ဘာ့ ကြက်ခြေနီ အသင်းကို စတင် တည်ထောင်ခဲ့သူ ဟင်နရီ ဒူးနန့် (Henry Dunant) ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ ဒူး အရမ်းနန့် တဲ့ မြန်မာ တစ်ဦးဖြစ်တယ်ဆိုတာကို စုံစမ်း သိရှိရပါတယ်။ ဂီတလောကမှာ အောင်မြင်ကျော်ကြားတဲ့ ပေါ့ ဘုရင်- အဆိုတော် မိုက်ခဲ-ကြက်ဆင် (Michael Jackson) ဆိုတာလဲ ကြက်ဆင်ကြီးလို အသားဖြူအောင် ပြောင်းလဲထားတဲ့ မြန်မာပါ။ ထိုနည်းတူစွာပဲ ဂျပန်နိုင်ငံက "နေဆန်း" (Nissan) မော်တော်ကား ကုမ္ပဏီကို မြန်မာ ရုပ်ရှင်မင်းသား နေဆန်း က ပိုင်ဆိုင်တယ်လို့ သိရပါတယ်။ မှော်မျက်လုံး ပိုင်ရှင် ဟယ်ရီ-ပေါ်တာ (Harry Potter) ဆိုသူက တော့ ပေါ်တာ အရမ်းဆွဲတာ ခံရလို့ ထွက်ပြေးလာတဲ့ ထိုင်း-မြန်မာ နယ်စပ်တစ်နေရာက ကရင်လူငယ်လေး တစ်ဦး ဖြစ်ပါတယ်။ သူဟာ ယခုအခါ အမေရိကန်ပြည်ထောင်စုရှိ မြန်မာ လူမျိုးတွေ တည်ထောင်ထားတဲ့ ဖိုးဝင်းမြို့ (Fort Wayne) (ဦးဖိုးဝင်း တည်ထောင်သည်) မှာ နေထိုင်လျက်ရှိပါတယ်။ အမေရိကန်မှာ ရှိတဲ့ ဖိုးဝင်းမြို့နဲ့ ဥက္ကလံမြို့ (Oakland) တွေဟာ မြန်မာသင်္ဘောသူကြီး ကိုလံဘတ် က အမေရိက တိုက်ကို ရှာဖွေ တွေ့ရှိပြီးတဲ့ နောက်ပိုင်းမှာ မြန်မာ လူမျိုးတွေက တည်ထောင်ခဲ့ကြပြီးတော့ မြန်မာတွေပဲ ခေတ်အဆက်ဆက် အခြေချ နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာ့သမိုင်းကို ပြန်ပြောင်းကြည့်ရင်လည်း အေဒီ ၁၇၄၄ မှာ ဆော်ဒီ အရေပြား (Saudi Arabia) နိုင်ငံကို မြန်မာလူမျိုး အရေပြားမင်းက တည်ထောင်ခဲ့ကြောင်း တွေ့ရပါတယ်။
နောက်ဆုံးအနေနဲ့ တင်ပြလိုတာကတော့ တိုက်တန်းနစ် သင်္ဘောအကြောင်းပါ။
"တိုက်တန်းနစ် သင်္ဘော" (Titanic) ဆိုတဲ့ အမည်ဟာ လီဗာပူးမြို့ရှိ မြန်မာ ဗေဒင်ပညာရှင်တစ်ယောက် က ပေးခဲ့တဲ့ အမည်လို့  BSN-News က စုံစမ်း သိရှိရပါတယ်။ အိုင်ယာလန်က အဲဒီ သင်္ဘောကို တည်ဆောက်သူဟာ မြန်မာဗေဒင်ဆရာဆီမှာ  အကြိမ်ပေါင်းများစွာ ဗေဒင် မေးမြန်းခဲ့ပေမဲ့ ဗေဒင်ဟောခ  ဘယ်တော့မှ အကြွေး မပေးတာကြောင့် မြန်မာ ဗေဒင်ဆရာ အရမ်းစိတ်ဆိုးသွားတယ်လို့ သိရပါတယ်။ ဒါကြောင့်မို့လို့ အဲဒီသင်္ဘောရဲ့အမည်ကို  "တိုက်-တာနဲ့ တန်း-ပြီးတော့ နစ်-စေသတည်း" လို့ မြန်မာ ဗေဒင်ဆရာက အမြင်ကတ်ကတ်နဲ့ ကျိန်ဆဲပြီးတော့ ပေးခဲ့တဲ့ အမည်ဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ် ခင်ဗျား။
(နောက်ထပ် ကမ္ဘာ့ထိပ်သီး မြန်မာတွေ ဘယ်သူတွေလဲ ဆိုတာကိုတော့ BSN စာဖတ်ပရိသတ်တွေ ကိုယ်တိုင် ပါဝင်ရေးသားထားတဲ့ Comments တွေမှာ ဖတ်ရှုနိုင်ပါတယ်။)

13 comments:

  1. အနာထမိန် သူဌေးဟာလဲ အင်ဒိုနီးရှားပါတိတ်တွေ၊ အချိတ်ထမိန်တွေ ရောင်းချပြီးတော့ ကြီးပွားလာတဲ့ သူဌေးကြီး ဖြစ်တယ်လို့ သိရပါတယ်။

    ReplyDelete
  2.ုဒုတိယကမ္ဘာစစ်ကနံမည်ဆိုးနဲ့ ကျော်ကြားခဲ့ သော ဂျာမဏီမှ ဟစ်တလားနဲ့ အီတလီမှ မုဆိုးလနီတို့ သည်လည်းမြန်မာလူမျိုးများဖြစ်နိုင်ကြောင်း....

    ReplyDelete
  3. ဆော်ရင် အော်တယ်ဗျ နိုင်ငံ.........
    အဲ.. ဆော်ဒီ အေ၇ပြားနိုင်ငံက မဒီနာမြို့ Medina City ဟာလဲ
    မြန်မာပြည်က ၀ိကြမ မင်းကြိး၇ဲ့ ကြင်ယာတော် မိဖု၇ားကြီး မဒီ ဗိုက်နာလို့ မီးဖွားခဲ့တဲ့ နေ၇ာလို့ သိ၇ပါတယ်။
    အဲဒီနေ၇ာကို မြန်မာတွေက မြို့တည်တဲ့အခါ မဒီ ဗိုက်နာတဲ့အတွက်
    မဒီနာ လို့အမည် ပေးခဲ့တာပါတဲ့။

    ReplyDelete
  4. Respect your satire bro these posts are so awesome....

    Just want to add a suggestion, (Honey Ball) Hannibal of ancient Carthage also was a leading Myanmar female soccer player

    ReplyDelete
  5. စစ်တက္ကသိုလ်နှစ် ၅၀ ပြည့်ရွှေရတုမဂ္ဂဇင်းဆိုတာကို အောက်က စကားဝါမြေ လင့်မှာဒေါင်းလုတ် လုပ်လို့ရတယ်
    http://www.sagarwarmyae.org/?p=17545
    ရယ်ရတာတွေအများကြီးဘဲ နောက်ဆုံးက လက်ရှိတက္ကသိုလ်တွင်တာဝန်ထမ်းဆောင်နေသူများဓါတ်ပုံမှာ လူတွေအားလုံး စာအုပ်တစ်အုပ်နဲ့ ဘောပင်ကိုင်ပြီး ဓါတ်ပုံအရိုက်ခံကြတယ် ဘာသဘောလဲမသိဘူး
    ဒီဘလော့ပိုင်ရှင် တွေ့ရင် ပြောင်မြောက်တဲ့ဟာသတွေ ထွက်လာလိမ့်မယ်ထင်လို့ပါ

    ReplyDelete
  6. အလွန်နှစ်သက်ပါတယ်။
    အသံထွက်အောင် ရယ်မိပါတယ်။

    ReplyDelete
  7. ဟုတ်ပါတယ်။ လက်ရှိ အမေရိကန်သမတ ဘာတဲ့-အိုဗမာ ကလဲ နာမည်ကြီး ဗမာတယောက်ပါပဲ။

    ReplyDelete
  8. ဂျော့ဒဗျူ-ဘွတ်-ဆိုတာလည်း လေခဏခဏလည်တတ်တဲ့ ဗမာကြီး တဦးဖြစ်ပါသတဲ့...

    ReplyDelete
  9. အိုဗမာ ဘင်လာဒင် ကလည်း ပုဂံသားတဲ့။

    ReplyDelete
  10. ငဇင်ကာဆိုတာ ငရမန်ကန်းရဲ့အကိုလေ

    ReplyDelete
  11. အပျင်းပြေသွားတယ်ဗျာ။ ညစ်နေတဲ့ စိတ်တွေ လွင့်ကုန်တယ်။ ဖတ်ရတာ အိုင်ဒီယာ အသစ်လေးတွေ တိုးတယ်။ မိတ်အင်မြန်မာ စာရေးနည်းပဲ ထင်ပ။

    ReplyDelete
  12. အရမ်းမိုက်တယ်ဗျို့..ပါးစပ်တောင်ပိတ်ထားလို့မရဘူးဗျာ.........

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။