Thursday, December 16, 2010

ပန်းကန်ပြားပျံ- ပျံသန်းသွားသည်ကို ဒဂုံမြို့သစ်မှ ပြည်သူများ တွေ့ရှိ

နီယွန်မီးများဖြင့် ထိန်လင်းနေ သော အချင်းပေ ၈ဝ ခန့်ရှိ ပန်းကန်ပြားသဏ္ဌာန် ယာဉ်ပျံတစ်စင်းကို ဒီဇင်ဘာ ၁၁ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်အချိန်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မှ အမြင့်ပေ ၂ဝဝဝ ခန့်အကွာအဝေးရှိ ကောင်းကင်ပေါ် တွင် ဖြတ်သန်းသွားသည်ကို တွေ့ရှိ ရကြောင်း ဒဂုံ(မြောက်) ၁ဝ ရပ် ကွက်တွင် နေထိုင် သူများ နှင့် မီး သတ်ဦးစီးမှ သိရသည်။ အဆိုပါယာဉ်ပျံ ပျံသန်းလာစဉ် အတွင်း စက်သံမကြားရသည့်အပြင် မီးသတ်စခန်းမှ ဓာတ်ပုံရိုက်ရာတွင် လည်း ရုပ်ပုံမပေါ်ကြောင်း သိရ သည်။

ပန်းကန်ပြားပျံ ပျံသန်းလာမှုအားစတင်တွေ့ရှိခဲ့သည့် သတ္တမတန်းကျောင်းသားနှစ်ဦးဖြစ်သော မောင်ဇော်မျိုးလွင်နှင့် မောင်ခိုင်ဇော်လင်း

ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာန မှရရှိသော သတင်းများအရ ရန်ကုန် တိုင်း၊ ဒဂုံ(မြောက်) မီး သတ် စခန်းအပေါ် ပေ ၂ဝဝဝ ခန့် အကွာမှနေ၍ အနောက် တောင် ဘက်မှ အရှေ့မြောက်ဘက်သို့ အချင်း ၈ဝ ပေခန့်ရှိ အမည်မသိ အဝိုင်းပုံစံယာဉ်ပျံတစ်စင်းသည် နီယွန် မီးများ ထိန်လင်းစွာဖြင့် စက္ကန့် ၂ဝ ခန့်အကြာ ဖြတ် သန်းသွားသည်ကို စခန်းရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၃၅ ဦး၊ မီးသတ်စခန်း အနီး မြင်းစီးအားကစားကွင်းအတွင်း ရှိ သံယောဇဉ်လက်ဖက်ရည်ဆိုင်မှ ပြည်သူ ၂ဝ ဦးခန့်နှင့် လမ်းသွား လမ်းလာပြည်သူ ၂ဝ ဦးခန့် တွေ့မြင်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ ယာဉ်ပျံကို စတင်တွေ့ ရှိသူမှာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့ နယ်၊ ၁ဝ ရပ်ကွက်ရှိ အသက် ၁၃ နှစ်နှင့် ၁၅ နှစ်အရွယ်ရှိ သတ္တမ တန်းကျောင်းသားလေးနှစ်ဦး ဖြစ် သည်။

၎င်းတို့ စတင်မြင်တွေ့ခဲ့ရပုံနှင့် ပတ်သက်၍ ”အဲဒီအချိန်က မိုးရွာ ပြီး စဆိုတော့ ကောင်းကင်ကြီးက နီရဲနေတယ်။ အဲဒီအချိန်မှာ ကောင်း ကင်ထဲကနေ အဝိုင်းကြီးတစ်ခု တဖြည်းဖြည်းထွက်လာတာကို မြင်ရတယ်။ သားတို့ကြည့်နေရင်းနဲ့ အဲဒီဟာကြီး က တဖြည်းဖြည်း ကြီးလာပြီး ပန်းကန်ပြားပုံစံ အဝိုင်း ကြီးကို ထင်ထင်ရှားရှား မြင်လိုက်ရတယ်။ သူ့ရဲ့ဘေးမှာလည်း မီးရောင်တွေ အများကြီးထွက်နေတယ်။ သားတို့ ကြည့်နေတဲ့နေရာနဲ့ နီးနီးလေး ပျံသွားတာ။ အဲဒီအချိန် သား တို့က လူကြီးတွေကိုခေါ်ပြီး ဟိုမှာ ပန်း ကန်ပြားပျံကြီးလာနေပြီလို့ သွား ပြောတော့ လူကြီးတွေလည်း လာ ကြည့်ကြတယ်။ သူ့ဆီကထွက်တဲ့ မီးရောင်တွေက အောက်မှာ ဖြာနေ တယ်။ သားတို့မြင်လိုက်ရတာက တော့ ၁၅ မိနစ်လောက် မြင်လိုက် ရတယ်။ ဒီလိုပုံစံမျိုးကို ရုပ်ရှင်ထဲမှာ ပဲ မြင်ဖူးတာပါ။ အရင်က တစ်ခါမှ မတွေ့ ဖူးဘူး” ဟု ဆိုသည်။


မြောက်ဒဂုံမီးသတ်စခန်းမှ အဆိုပါ ပန်းကန်ပြားပျံဖြတ်သန်းမှု အား တွေ့ရှိခဲ့သူ မီးသတ်အရာရှိ တစ်ဦးက ”အဲဒီနေ့ညနေ ၆ နာရီ ၄၅ မိနစ် လောက်မှာ ကျွန်တော်က အိမ်ထဲမှာ ထမင်းစားဖို့ ပြင်နေတုန်း ကလေးတွေက ဘဘရေ ဒီမှာ ဘာကြီးလဲမသိဘူး၊ ကျလာနေပြီလို့ အော်ပြီးပြောတယ်။ ကလေးတွေ အော်တော့ စခန်းမှာ တာဝန်ကျတဲ့ ဒုတပ်ကြပ်တစ်ယောက်က သွား ကြည့်ပြီး ကျွန်တော့်ကို ဆရာ ဘာယာဉ်ကြီးလဲ မသိဘူး၊ ပျံနေ တယ်လို့ လာပြောတဲ့အတွက် ကျွန် တော်က လေယာဉ်ပျံ ထင်ပြီး ဘာယာဉ်ပဲ ဖြစ်ဖြစ်ပေါ့ကွာလို့ ပြန် ပြောတဲ့အခါ သူက လေယာဉ်ပျံ မဟုတ်ဘူးဆရာ။ အောက်မှာလည်း မီးတွေ တအားလင်းနေတယ်လို့ ပြောလို့ ထွက်ကြည့်တော့ အမြင့်ပေ ၁၈ဝဝ လောက်မှာ စက်ဝိုင်းပုံစံ ယာဉ်တစ်စင်း ပျံနေတာကိုတွေ့ ရတယ်။ စက်သံကိုတော့ မကြား ရဘူး။ ကျွန်တော်လည်း အိမ်ထဲက ကင်မရာကိုယူပြီး ဓာတ်ပုံရိုက်တဲ့ အခါကျတော့ ကင်မရာထဲမှာ မပေါ် ဘူး။ ကျွန်တော် အောက်က မြင် ရတာတော့ အချင်းပေ ၈ဝ လောက်ရှိပြီး ယာဉ်ရဲ့ဝမ်းဗိုက်နဲ့ အပေါ်အဆင့်မှာ ထွန်းထားတဲ့ မီးရောင်တွေကို မြင်လိုက်ရတယ်။ ကျွန်တော်မြင်ရတာတော့ စက္ကန့် ၂ဝ လောက်ပဲ မြင်ရပြီး အပေါ်ကို ပျံတက်သွားတယ်။ အခုမြင်ရတဲ့ဟာကြီးကတော့ ရုပ်ရှင် ထဲက ပန်းကန်ပြားပျံပုံစံပဲ။ ဒီနား ပတ်ဝန်းကျင်မှာနေတဲ့ လူတွေ အ ကုန်လုံးလည်း မြင်လိုက် ရတယ်” ဟု ပြောသည်။

အဆိုပါ ပန်းကန်ပြားပျံကြီးမှာ ဒဂုံ (မြောက်) မီးသတ်စခန်း အနီးရှိ သံယောဇဉ် လက်ဖက်ရည်ဆိုင်ပိုင်ရှင် လင်မယား ရန်ဖြစ်ရာမှ ပစ်ပေါက်လိုက်သဖြင့် ပျံဝဲသွားသော ပန်းကန်ပြားပျံ ဖြစ်သည်ဟု BS News မှ သတင်းရရှိသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပန်းကန်ပြားပျံကို မီးသတ်အရာရှိကြီး၏ ကင်မရာ ဓာတ်ခဲကုန်နေခြင်း၊ သို့မဟုတ် မီးပျက်သဖြင့် အားမသွင်းရသေးခြင်းတို့ကြောင့် ဓာတ်ပုံရိုက်ကူးရာ၌ မပေါ်သော်လည်း ထူးဆန်းသော ရန်ကုန်မြို့ရောက် ပန်းကန်လုံးပျံကြီး တစ်စင်းကိုမူ မင်္ဂလာဒုံ လေယာဉ်ကွင်းတွင် ရပ်တန့်စဉ်က ဓာတ်ပုံ ရိုက်ကူးထားသည်ကို အောက်ပါအတိုင်း အံ့သြဖွယ် တွေ့ရှိရပေသည်။

ရန်ကုန်လေဆိပ်တွင် ရပ်တန့်ထားသည့် ရုရှားနိုင်ငံမှ ပန်းကန်လုံးပျံကြီးကို မြန်မာ့လေကြောင်းမှ ဖော်ကာလေယာဉ်တစ်စီးနှင့် ယှဉ်တွဲ တွေ့ရပုံ

သူရထွန်း အတည်ရေးထားတဲ့ မူရင်း သတင်းအသေးစိတ်ကို မြန်မာ့အတည်အတန့် ဂျာနယ်တစ်ခုတွင် ဖတ်ရှုရန်

ဆက်စပ်သတင်း (ရီစရာ) ဖတ်ရှုရန်

2 comments:

  1. ဗမာပြည်က ဂျာနယ်လစ်ဆိုသူတွေ ကျပ်မပြည့်တဲ့ စောက်ရူးတွေလား

    ReplyDelete
  2. သူရအောင်December 16, 2010 at 6:31 AM

    အဲဒီပန်းကန်ပြားပျံရောက်တာကြာပြီ
    http://www.myitkyoeinn.com/2010/11/blog-post.html
    အဲဒီမှာ အပြည့်အစုံပါတယ်။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။