Wednesday, December 15, 2010

"သူအို၊ သူနာ၊ သူသေ" ထဲက ဖူးဖူးရောင်နေတဲ့ သူသေကို စကားပြောရသလို- ဟု လီကွမ်ယူးပြော


စင်ကာပူ ၀န်ကြီးချုပ်ဟောင်းနဲ့ လက်ရှိ မင်းဆရာ-အမတ်ကြီး (Minister Mentor) လီကွမ်ယူး က မြန်မာ စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ စကားပြောရတာဟာ သိဒ္ဓတ္ထမင်းသား တောထွက်ခန်းမှာ ပါတဲ့ "သူအို၊ သူနာ၊ သူသေ" ထဲက ဖူးဖူးရောင်နေတဲ့ သူသေကောင် ပုတ်ကြီးနဲ့ စကားပြောရ သလိုပါပဲ လို့ ပြောဆိုခဲ့ကြောင်း ၀ီကီလိခ်က ဖော်ပြပါတယ်။
မစ္စတာ လီ က မြန်မာ စစ်ခေါင်းဆောင်တွေကို အတုံးလိုက် အတစ်လိုက် သုံးစားမရအောင် ဥာဏ်တုံးတဲ့ ပေါတာကြီးတွေလို့လဲ ပြောဆိုခဲ့ပါသတဲ့။

ဒါပေမဲ့ ပျံလွန်တော် မူသွားတဲ့ ထိုင်းဝန်ကြီးချုပ် ထမင်းချက်ကြီး စမတ် နှာပြား ကတော့ မြန်မာ စစ်ခေါင်းဆောင်ကြီးတွေဟာ ဘာသာတရား အလွန်ကိုင်းရှိုင်းတဲ့အကြောင်း၊ ၁၀၀၀ ပါးသီလကို ခါးဝတ် ပုဆိုးကဲ့သို့ အလွန်ခိုင်မြဲတဲ့ အကြောင်း၊ နေ့စဉ် ဦပုသ်စောင့် ပုတီးစိပ်ပြီး တရားထိုင်တဲ့ အကြောင်း ပြောခဲ့ဖူးပါတယ်။

ထို့နည်းတူ မြန်မာနိုင်ငံထုတ် ဟာသ ဂျာနယ်တွေဖြစ်တဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံ နေ့စဉ် ဂျာနယ်တွေမှာ ဆိုရင် နိုင်ငံတော် အကြီးအကဲရဲ့ အမြော်အမြင်ကြီးမှုတွေလို့ အမြဲဖော်ပြနေတာ တွေ့ရပါတယ်။ အခု မစ္စတာ လီ ရဲ့ မှတ်ချက်ချ ပြောဆိုမှု အပြီးမှာတော့ အဲဒီ အခြေအမြစ်မရှိ မှားယွင်းတဲ့ မှတ်ချက်ကို တုန့်ပြန်တဲ့အနေနဲ့ အသစ်ထုတ်ဝေမယ့် နေပြည်တော သတင်းစာတော်ကြီးမှာ ချေပထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြဖို့ အသင့် ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။ နေပြည်တော သတင်းစာတော်ကြီးမှာ ဘုန်းတော်အလွန် ကြီးမြတ်တော်မူတဲ့ သာသနာပြု မင်းတြားကြီးရဲ့ ဘ၀အဆက်ဆက် ဖြည့်ဆည်းခဲ့တဲ့ ဥာဏ်ပညာ ပါရမီတွေ ဘယ်လောက် ကြီးမားပုံကို ဖော်ပြမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြီးတော့လဲ မစ္စတာလီ ပြောသလို လူသေကောင်တွေ မဟုတ်ဘဲ "လူရှင်ကောင်" တွေ ဖြစ်တဲ့ အကြောင်း သက်သေပြဖို့ရှိတယ် လို့ လဲ သိရပါတယ်။
မြန်မာ့ခေါင်းဆောင်ဟာ "လူရှင်ကောင်" ဖြစ်ပါတယ် ဆိုတာ သေချာဖို့အတွက် အသစ်တက်လာမဲ့ မြန်မာပြည် သမ္မတရဲ့ အမည်ကို "လောင်ရှင်ကူ" လို့ တရုတ်အမည် ပြောင်းလဲ မှည့်ခေါ်ဖို့ စီစဉ်နေတယ်လို့လဲ သတင်းရရှိပါတယ်။
ထို့အတူ မင်းတြားကြီးရဲ့ အမြော်အမြင် ဥာဏ်ပညာ ဘုန်းသမ္ဘာကြောင့် ဆင်ဖြူရတနာတွေ ရရှိလာတာ ဖြစ်သလို ရတနာ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးမှာ ဖြစ်တယ်လို့လဲ နေပြည်တော်ပုံ သတင်းစာတော်ကြီးမှာ ရေးသားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လေ့လာသူများကတော့ မြန်မာပြည်မှာ တွေ့တဲ့ ဆင်ဖြူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သူတို့ နိုင်ငံထဲဝင်မယ့် မုန်တိုင်းကို ရှောင်လွှဲဖို့အတွက် မြန်မာပြည်ထဲ စေလွှတ်လိုက်တဲ့ ယတြာ ဆင်ဖြူတွေဖြစ်တယ်လို့ သက်သေပြကြပါတယ်။ (သတင်းဖော်ပြပြီး) (ဖတ်ရန်)။ ထိုနည်းတူ မင်းစိုးရာဇာတွေဟာ ဘုရားစေတီတွေ ထီးတင်ပြီးယင် ရတနာ ရွှေမိုးငွေမိုးရွာတယ် ဆိုပြီးတော့ ရွှေရောင် ငွေရောင် စက္ကူစုတ်တွေကိုပဲ လိမ်လည်ပြီး ကြဲချကြတဲ့ အကြောင်း၊ စက္ကူစုတ် မိုးသာ ဖြစ်တဲ့အကြောင်း ရှင်းပြကြပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ နေပြည်တော သတင်းစာတော်ကြီးရဲ့ ရေးသားချက်ကို "မျှော်လင့်ပါတယ်.. မျှော်လင့်ပါတယ်.. မျှော်လင့်ပါတယ်" လို့ ပြောဆိုပြီး၊ စက္ကူစုတ်တွေ ကြဲချနေပြီး လူထုကို လိမ်လည်နေခြင်းကိုတော့ "စိုးရိမ်ပါတယ် စိုးရိမ်ပါတယ် အလွန်စိုးရိမ်ပါတယ်" လို့ပြောကြားသွားခဲ့ သလို၊ မစ္စတာ စမတ်ရဲ့ တင်ပြချက်ကိုတော့ "သာဓု သာဓု သာဓု" လို့ သာဓု သုံးကြိမ် ခေါ်သွားကြောင်း သတင်းရရှိပါတယ်။

သတင်း အသေးစိတ် ဖတ်ရှုရန်

2 comments:

  1. WikiLeaks
    ပေါက်ကြားလာတာ သိပ်ကောင်းတာဘဲ ။
    နအဖခေါင်းဆောင်တွေဟာ သူတို့ကို ကမ္ဘာ ကရွံ့တဲ့
    ချီးတုံးတွေမှန်းသိသွားကြရောပေါ့ ။

    ReplyDelete
  2. ဘကြီးလီ အသိဆုံးပါ.... အဲဒီ သူသေကောင် ရဲ့ နိုင်ငံက အရည်အချင်းရှိသူတွေ ဘကြီးလီကို ကောင်းကြိုးပြုနေကြတာလေ..
    စက်မှု အာစရိယပူဇော်ပွဲကို ရန်ကုန်က ဆရာတွေကို ပါပင့်ဖိတ်ပြီး စင်ကာပူမှာ ကျင်းပတာ သက်သေပေါ့...

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။