Saturday, December 25, 2010

မြန်မာ စစ်ဗိုလ်ချုပ်ကြီးများအား ခရစ္စမတ် အထူးလက်ဆောင်ပေးရန် စန္ဒာကလော့ နေပြည်တော်သို့ ချီတက်လျက်ရှိ


(ဗီဒီယို သတင်း)

ခရစ္စမတ် လက်ဆောင်များ ပေးလေ့ရှိသော စန္ဒာကလော့ ဘိုးဘိုးကြီးသည် ယနေ့ ၂၀၁၀ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျရောက်သော ခရစ္စမတ်နေ့တွင် နေပြည်တော်သို့ သွားရောက်လျက်ရှိကြောင်း သတင်းရရှိသည်။

ခရစ္စမတ်ဘိုးဘိုးကြီသည် မြန်မာပြည်မြောက်ပိုင်း ဆီးနှင်းများထူထပ်သည့် ခါကာဘိုရာဇီတောင်ထိပ်အနီးမှ သံချပ်ကာ ကားကြီးကို စီးလျက် မြန်မာပြည်ထဲသို့ ၀င်ရောက်လာကာ နေပြည်တော်သို့ ဦးတည် ချီတက် နေကြောင်း သိရသည်။ စန္ဒာကလော့တွင် လက်နက် အပြည့်အစုံ တပ်ဆင်ထားသည့် ရှေ့ပြေး သံချပ်ကာယန္တရား ခြောက်စီး ပါဝင်ပြီး၊ သူကိုယ်တိုင်ကမူ ကြီးမားသည့် အမြောက်ကြီး ပါရှိသော သံချပ်ကာယာဉ်ကို စီးနင်းလိုက်ပါလာကြောင်း သိရသည်။

လမ်းခုလတ်တွင် မြန်မာ့တပ်မတော် အမြောက်နှင့် ဒုံးပျံ တပ်မဟာမှ သံချပ်ကာ နှစ်စီးက အမြောက်ကြီးနှစ်လက်ဖြင့် ပစ်ခတ် ဟန့်တားခဲ့သော်လည်း စန္ဒာကလော့၏ အနီးသို့ပင် အမြောက်ကျည်ဆံ ရောက်ရှိခြင်း မရှိကြောင်း သိရသည်။

စန္ဒာကလော့ ဘိုးဘိုးကြီးအနေဖြင့် ခရစ္စမတ်နေ့တွင် နေပြည်တော်သို့ မည်သည့်ကိစ္စကြောင့် ယခုကဲ့သို့ သွားရောက်ရသည့် အကြောင်းရင်းနှင့် မည်သို့သော ခရစ္စမတ် အထူး လက်ဆောင်များ ပေးမည့် အကြောင်းကိုမူ အသေအချာ မသိရသေးပေ။

အမြောက်များဖြင့် ချိန်ရွယ်ထားသည်ကို တွေ့မြင်ရသည့်အတွက် နေပြည်တော်အတွက် ခရစ္စမတ် အထူး လက်ဆောင်မှာ ချောကလက်များ မဟုတ်သည်ကတော့ သေချာကြောင်း တရုတ်ပြည်တွင် နေထိုင်သည့် မြန်မာ့စစ်ရေးလေ့လာအကဲခတ်သူ ဦးအောင်ကျော်ဇောက ပြောကြောင်း သတင်းရရှိသည်။

3 comments:

  1. ခါကာဘိုရာဇီနားကနေ ဖြတ်လာတာကို ကြည့်၇င် ဆန်တာကလော့ကြီး တရုတ်ပြည်ထဲကနေ ၀င်လာတာ နဲ့တူတယ်... ဒီတော့ ဗမာပြည်ကို လာတဲ့ ဆန်တာကလော့က တရုတ်ကြီးထင်တယ်......

    ReplyDelete
  2. အမြောက်နဲ့လာထုပါတယ် ဆိုကတည်းက တရုတ်ဖြစ်မလားဟေ့။ NATO ပဲ ဖြစ်ုမှာပေါ့ဟ။

    ReplyDelete
  3. အေးလေ အပေါ်ဆုံးက ကောင်ကလဲ တုံးလိုက်တာ

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။