Friday, December 17, 2010

ခွေးများအချိန်အခါမဟုတ် ရူးနေ

နွေဦးပေါက်ရာသီနှင့် ခွေးသားပေါက်ချိန်များတွင်သာ အဓိကဖြစ်တတ်သော ခွေးရူးရောဂါသည် ဒေသ အချို့ တွင် အချိန်အခါ မဟုတ် ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိပါသည်။ အဆိုပါသတင်းနှင့်ပတ်သက်ပြီး-
“ဘာလို့လဲတော့ မသိဘူး။ ခုတလောခွေးတွေ တအားရူးနေတယ်. Warmly Welcome ဒယ်ဒီပါးပါး .၀န့်စွေ့ ၀န့်စွေ့ ၀န့်ဝန့်စွေ့ .ဟာ-ရေး . အိုပါး . ကျူးမီးငါး -ဒယ်ဒီပါးပါး. ဒယ်ဒီပါးပါး ဆိုပြီးတညလုံး ထိုင်အူနေကြတာ ဒီလိုမျိုး တခါမှလည်း မကြားဖူးတော့ အရမ်းအံ့သြမိတယ်” ဟု မြို့ လှမြို့  ခံတဦးက ပြောပြပါတယ်။
နေပြည်တော မှဒေသခံတဦးကမူ-“မနေ့က ကျနော်တို့ ရပ်ကွက်ထဲကို ခွေးရူးတကောင် ခေါင်းပေါင်းပေါင်းပြီး  ၀င်လာလို့ ၀ိုင်းသတ်လိုက် ရတယ်၊ ဘေးကအိမ်မှာလည်း ခွေး ၄ ကောင်မွေးထားတာ ၄ကောင်းစလုံး ရူးသွားပြီး ပဆိုးတွေ ကောက်ဝတ်နေလို့ အဆိပ်ခတ်သတ်လိုက်တာ ဗိုလ်ရူး တကောင်ပါ အဆစ်ပါသွားတယ် ” ဟု ပြောပါသည်။
ယခုကဲ့သို့ ခွေးများအချိန်အခါ မဟုတ်ရူးနေချိန်သည် တိုင်းခန်းလှည့်လည်နေချိန်နှင့် တိုက်ဆိုင်လျက် ရှိရာ ပြည်သူများအကြားမှာလည်း သံသယဖြစ်ဖွယ် တီးတိုး ဝေဖန်လျက်ရှိနေပါသည်။
ပုံမှန်အတိုင်းဆိုလျင် ခွေးများသည် ဗိုလ်လောင်း ကျောင်းဆင်းချိန်နှင့် တော်သလင်းလတွေမှာသာ ရူးလေ့ရှိကြပြီး ယခုတွေ့ရသော အရူးအမျိုးအစားမှာ အနှစ်၂၀ အတွင်း ခွေးများတွင် ပထမဆုံးတွေ့ရသော အမတ်ရူး ရောဂါ ဖြစ်ကြောင်း၊ ရူးနေသော ခွေးအများစုသည် ခွေးကဲ့သို့ ငုတ်တုတ်ထိုင်နေသည့် တိရစ္ဆာန် အမှတ်တံဆိပ် ပါတီနှင့် ဆက်စပ်ဖွယ် ရှိကြောင်း၊ ထိုပါတီနှင့် ဖက်ပြိုင်ပြီး ကိုက်မိသည့် အမတ်လောင်း တစ်ချို့မှာလည်း  ခွေးရူးရောဂါ ကူးစက်ခံရသဖြင့် ရူးသွားကြကြောင်း၊ ကုရာနတ္ထိ ဆေးလည်း မရှိသောကြောင့် ခွေးရူး အကိုက်မခံရအောင် နေကြရန် အလွန်အရေးကြီးကြောင်း၊ အကယ်၍အကိုက်ခံခဲ့ရပါက ကို့ကျော်သူ့ဆီ ဖုန်းဆက်ပြီး “ခွေးကိုက်သွားပါပြီခင်ဗျ၊ ဒါကြောင့် ဘွတ်ကင်လုပ်ချင်လို့ပါ” ဟုပြောလိုက်ရုံသာဖြစ်ကြောင်း ခွေးရူးကျွမ်းကျင် ဒေါက်တာမဲလုံး က ပြော ကြားသွားသည်။
(ပြည်တွင်းသတင်းထောက် သတင်းပေးပို့သည်)

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။