Saturday, December 4, 2010

ကမ္ဘာ့အသန့်ရှင်းဆုံး နိုင်ငံရေးလှုပ်ရှားသူဆု မြန်မာ့နိုင်ငံရေး ပါတီတစ်ခု ရရှိ

အပြည်ပြည်ဆိုင်ရာ ရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရေး ကော်မရှင်မှ မြန်မာ့ရွေးကောက်ပွဲများကို စောင့်ကြည့်လေ့လာခဲ့ပြီး မြို(ခေါ်)ခမိ အမျိုးသားညီညွတ်ရေး ပါတီအား ကမ္ဘာ့အသန့်ရှင်းဆုံး၊ အရိုးသားဆုံး၊ ရွေးကောက်ပွဲအပေါ် သဘောအပေါက်ဆုံးနှင့်၊ ရွေးကောက်ပွဲဝင် ပါတီများအနက် အကောင်းဆုံးနှင့် အတော်ဆုံး နိုင်ငံရေးပါတီ အဖြစ် ရွေးချယ်လိုက်ကြောင်း ယနေ့ ကြေညာချက် ထုတ်ပြန်သည်။
ရွေးချယ်လိုက်သည့် အကြောင်းရင်းမှာ မြို(ခေါ်)ခမိ ပါတီ၏ အောက်ဖော်ပြပါ အင်တာဗျူးကြောင့် ဖြစ်ကြောင်း သိရ၏။

အင်တာဗျူး ကောက်နုတ်ချက်များ
-ဘယ်လို ပုဂ္ဂိုလ်မျိုးကို အနာဂတ် မြန်မာနိုင်ငံရဲ့ သမတအဖြစ် ရွေးချယ်ဖို့ စိတ်ကူးထားပါသလဲ။
(ဖြေ)- အဲဒီလောက်ထိ ကျနော်တို့ စဉ်းစားထားတာ မရှိပါဘူးခင်ဗျာ။
ကျွန်တော်တို့က အဲဒါကို စဉ်းလဲ မစဉ်းစားပါဘူး။

-အဓိက ပြိုင်ဖက်တွေက ဘယ်ပါတီတွေဖြစ်မလဲ
(ဖြေ)- အဲဒီဟာလဲ ကျွန်တော်တို့ စဉ်းစားလို့ မရသေးပါဘူး။

-နိုင်ဖို့ အလားအလာကို ဘယ်လိုများ ခန့်မှန်းထားပါသလဲ
(ဖြေ)-ကျွန်တော်တို့ကတော့ နိုင်ဖို့ အလားအလာ သိပ်မမျှော်လင့်ပါဘူး။


စက်တင်ဘာလလယ်က dvb နှင့် မြို(ခေါ်)ခမိ အင်တာဗျူးမူရင်း

(မေးလ်မှတစ်ဆင့် လက်ခံရရှိပါသည်)

1 comment:

  1. လေးစားတယ်ဗျာ ဘာကိုမှမျှော်လင့်ချက်မထားပဲ အဖြူထည်သန့်သန့်နဲ့ ဝင်ရောက်ယှဉ်ပြိုင်တာကို :P

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။