Monday, December 20, 2010

အခြားတစ်ဖက်မှ ဆင်ခြင်ရန် အကြောင်းများ


ဒီနေ့ BSN တစ်လပြည့်ပါပြီ။ တစ်လအတွင်း လာလည်သူပေါင်း ကိုးသောင်းကျော် ရှိတဲ့ အတွက်လဲ ဒီဘလော့ကို ဖန်တီးရကျိုးနပ်ပါတယ်။ အားတက်ရပါတယ်။ ၀င်ရောက်ဖတ်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို လှိုက်လှဲ နွေးထွေးစွာ ကျေးဇူး အထူးတင်ရှိပါတယ်။ ပံ့ပိုးရေးသားပေးကြတဲ့ သူငယ်ချင်းများ အားလုံးကိုလဲ ကျေးဇူးစကား ဆိုပါတယ်။

ဒီတစ်လအတွင်း ဖတ်ရှုသူ အများဆုံး ပို့စ်တွေကတော့ ကျော်သူသရဲတွေ မွေးမြူထား၊ မြန်မာလူမျိုး ကမ္ဘာ့ထိပ်သီး ပုဂ္ဂိုလ်ကြီးများ၊ AFF Suzuki Cup မြန်မာက ဗီယက်နမ်ကို အနိုင်ရ နဲ့ ပို့စ်မော်ဒန် သမိုင်း သီအိုရီ အသစ်များ ပို့စ်တွေပဲ ဖြစ်ပါတယ်။ ပို့စ်တွေကို တစ်ဆင့် မျှဝေပေးကြတဲ့ မိတ်ဆွေများ၊ ထပ်ဆင့် ဖော်ပြပေးကြတဲ့ ၀က်ဆိုက် အသီးသီးနဲ့ BSN အကြောင်းတင်ပြပေးကြတဲ့ မြန်မာ့ မီဒီယာများ ကိုလဲ ကျေးဇူးဥပကာရ တင်ရှိပါကြောင်း ပြောလိုပါတယ်။

ကွန်မင့်မှာ အားပေးစကားသံတွေ ဖော်ထုတ်သွားကြတဲ့ မိတ်ဆွေများကိုလဲ ကျေးဇူးပါ။ ဒီ မိတ်ဆွေများ အားလုံးဟာ BSN ရဲ့ ဆိုလိုရင်းနဲ့ ဦးတည်ချက်ကို သဘောပေါက် နားလည်ကြသူများ ဖြစ်လို့ မိတ်ဆွေများရဲ့ ပဲ့တင်သံတွေကို ဒီနေရာမှာ အထွေအထူး မဖော်ပြတော့ပါဘူး။ ကြိုဆိုပါတယ် ခင်ဗျား။

ထို့အတူပါပဲ၊ အခြားတစ်ဖက်မှ ဆင်ခြင်တတ်သူ မိတ်ဆွေတွေရဲ့ ပဲ့တင်သံတွေကိုလဲ လက်ခံရရှိခဲ့ပါတယ်။ ဒီမိတ်ဆွေများ အနေနဲ့လဲ BSN ကို ဖတ်ရှုတယ်ဆိုတာ သိရလို့ ကျေးဇူးစကား ဆိုပါရစေ။ 

မြန်မာမဂ္ဂဇင်းတွေ ဂျာနယ်တွေ တစ်ရက်ပြည့်၊ တစ်ပတ်ပြည့်၊ တစ်လပြည့်၊ တစ်နှစ်ပြည့်၊ တစ်သက်တာ ပြည့် အထူးကဏ္ဍတွေ အားလုံးကို လိုက်ကြည့်မိတော့... သူတို့ကို ချီးကျူးထောပနာ ပြုတဲ့ စာတိုစာရှည်တွေကိုပဲ တခမ်းတနား ဦးစားပေး ဖော်ပြ ထားကြတာကို သတိပြုမိပါတယ်။
အခြားတစ်ဖက်မှ ဆင်ခြင် တတ်သူတွေကိုတော့ ဘယ်သူကမှ အရေးတယူ အဖက် လုပ်ပြီး ဖော်ပြပေးတာ မတွေ့မိ သလိုပါပဲ။ 

BSN တစ်လပြည့် အနေနဲ့ တော့ အခြားတစ်ဖက်မှ ဆင်ခြင်တတ်သူတွေရဲ့ အမြင်သစ် အသွင်သစ်နဲ့ ဆဲဆို ကြိမ်းမောင်း ဂုဏ်ပြု ရေးသားချက်တွေကို မြန်မာ့ သမိုင်းမှာ ပထမဆုံး အနေနဲ့ BSN ကနေ ထူးထူးခြားခြား ဖော်ပြပေးလိုက်ပါတယ်။ အမြင်သစ်နဲ့ ဆဲဆို ရေးသား ဂုဏ်ပြုသူတွေကိုလဲ အထူးအထူး ကျေးဇူးပါ။ အဲဒီ ကွန်မင့်တွေကို ပို့စ်မော်ဒန်လို မြင်တတ်ရင် ဟာသဖြစ်သွားမှာ ဖြစ်တဲ့အတွက် အားလုံး ဟာသလို ရှုမြင်ပြီး ရယ်မောနိုင်ကြစေဖို့ ပြန်လည် ဝေမျှလိုက်ပါတယ်ခင်ဗျား။

မြန်မာ့ သတင်းတွေထဲက အဆီအငေါ် မတည့်တာလေးတွေကို BSN မှာ လာဖတ်ရင်းနဲ့ မိတ်ဆွေများရဲ့ ရှင်သန် လှုပ်ရှားနေကြရတဲ့ နေ့စဉ် လူမှုဘ၀ မွန်းကျပ်မှုတွေကို အတိုင်းအတာ တစ်ခုအထိ ဖြေလျှော့ နိုင်ပြီး .... စိတ်အမောပြေကြစေဖို့ မျှော်လင့်ရင်း.......

အားလုံးကို အစဉ်လေးစားလျက်
ဇီးကွက်မျက်ပြူး








BSN အကြောင်း သတင်းဖော်ပြချက် တစ်ခု  (ကျေးဇူးတင်ပါတယ် ခင်ဗျား)

26 comments:

  1. အဆင့်အတန်း မရှိဘူးဆိုပြီး ဝေဖန်ထားတဲ့ လူတွေကိုယ်တိုင်ကိုက အဆင့်အတန်း မရှိတာတွေ ပြောသွားတာ ဖတ်ရတော့ ဪ လူတွေကခက်တယ် လို့ပဲ ဆင်ခြင်မိပါတယ်ဗျာ ဘာပဲဖြစ်ဖြစ်လေ ကျနော်ကတော့ BS News ကိုအစဉ်အားပေး လျှက်ပါ မြန်မာမဂ္ဂဇင်းတွေ ဂျာနယ်တွေ ထဲက မင်းသားမင်းသမီးတွေ ပြောသလိုပြောရရင်တော့ BS News blog တစ်လပြည့်မှသည် နောင်နှစ်ပေါင်း များစွာတိုင်အောင် အောင်မြင်ပါစေပေါ့ဗျာ :P

    ReplyDelete
  2. အားပေးလျက်ပါ

    ReplyDelete
  3. Thank you BSN... now I can learn the art of *&x-+#@$! in one place. Great Collection..

    ReplyDelete
  4. ကြိတ်ထားကွ ဖေသားကြီးအားပေးတယ်ကွ ဟား ဟား..

    ReplyDelete
  5. လူလိမ္မာသား ယဉ်ပါး၊လူမိုက်သားရမ်းကား ဆိုတာ ဒါမျိုးကို ပြောတာပေါ့ဗျာ။ ရှက်တတ်ရင်ဆိုတဲ့ စကားက သူတို့ကိုသူတို့ပြောကြတာပါ။ ဟာသလေးတွေပါလို့ ပြောပါလျက် ဒီလိုပြောတာကတော့ သူတို့တွေရဲ့ တွေးခေါ်ဥာဏ်ဘယ်လောက်ရှိတယ်ဆိုတာပြလိုက်တာပဲဗျ။ သူတို့တွေက ပြည်တွင်းသတင်းစာတွေလို အလိမ်အညာ အကွေ့အကောက် ယုတ်မာတတ်တာမျိုးတွေ ကြိုက်တတ်တယ်နဲ့တူပါရဲ့......

    ReplyDelete
  6. ကိုဖြိုးDecember 20, 2010 at 9:58 PM

    ကိုယ့်ကို လာဆဲတာတောင် ဇီးကွက်မျက်ပြူးတို့က ပို့စ်မော်ဒန် အမြင်နဲ့ ရှုပြီး ဟာသ တစ်ပုဒ် လုပ်ပစ်လိုက်နိုင်တယ်....ဟဟ.... တော်တော် တတ်နိုင်တဲ့ ဇီးကွက်ပဲ... သစ်ပင်ပေါ် ဇောက်ထိုး တွဲလောင်းနေလို့ လောကကြီးကို အမြင်ဆန်းနဲ့ မြင်နေသလား မသိဘူး.
    ကိုဇီးကွက် ခန္ဓီပါရမီကို လေးစားတယ်ဗျို့....
    သတင်းတွေကို စောင့်ဖတ်လျက်ပါ. အားပေးနေပါတယ်.

    ReplyDelete
  7. Long live BSN !!!!!!

    ReplyDelete
  8. စိတ်မကောင်းစရာပဲ.. တစ်ယောက်မှ နာမည် မဖော်ပြသွားပါလား.. xD

    ReplyDelete
  9. အကိုေ၇ နှလုံးထီအကြောင်းကွန် မန့် ပေးတာကျွန်တော်ပါ..ဆိုဒ်ကိုလဲေ၇ာက်ခါစဆိုတော့သဘောကိုနားမလည်မိလိုက်ဘူး..ကျွန်တော့်၇ဲ့ ညံ့ဖျင်းမှုကိုတောင်းပန်ပါတယ်အကို..နာမည်တော့မပြောတော့ပါဘူး..နောက်ကိုဆင်ခြင်ပါ့မယ်အကို....

    ReplyDelete
  10. အားပေးနေပါတယ်.. အိပ်ယာက နိုးတာနဲ့ အရင်ဆုံးကြည့်မိတာ BSN Blog ဖြစ်နေပြီဗျ...

    ReplyDelete
  11. ကောင်းလေစွ ကောင်းလေစွ လူတော်လူကောင်းပီသပါပေတယ်..
    အနောနီးမက် က အနောနီးမက်ကို ချီးကျူးပါတယ်..ဆဲတာကိုဝန်ခံရဲတဲ့ ဗျတ္တိ ကို ချီးကျူးပါတယ်...
    ဆဲဖို့ သတ္တိကို လူတိုင်းရှိပါတယ် ၀န်မခံရဲပါဘူး နာမည်မပြောရဲပါဘူး ဗျတ္တိ မရှိတဲ့လူတွေပေါ့ဗျာ ...စာကလောင်လက်နက်နဲ့ နအဖကို တိုက်ခိုက်နေတဲ့ ရဲဘော် အောင်မြင်ပါစေဗျာ... အားပေးလျက်.. မောင်ကြက်ဖ :P

    ReplyDelete
  12. ကြိုက်တယ်ကွာ..။ ဒီလို နိုင်ငံရေးသရော်စာမျိုးတွေပဲ ဖတ်ချင်တယ်။ ဒီလိုမျိုးဘလောဂ့် ရှိကိုရှိသင့်တယ်။ ဆက်လုပ်ဘော်ဒါ..။ နေ့တိုင်းကို အားပေးနေတယ်။

    ReplyDelete
  13. BNS! You rock. I swear you ROCK indeed. Your humors are highly informative satires. Buddies, men with good sense of humors have the best IQs. Having a thick skin is also an indispensable quality in creating humors. Again, I must say you ROCK.

    ReplyDelete
  14. GO BSN GOOOOOOOOOOOOOOO

    ReplyDelete
  15. ရဲဘော်ဆက်လုပ်..ဟီး....စစ်ဗိုလ်တွေလို.လိုက်ပြောကြည့် တာ.... အမြဲအားပေးလျှက်ပါ..

    ReplyDelete
  16. BSNews က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အနုပညာနဲ့ သိပ္ပံ နည်းပညာ ကဏ္ဍစုံနဲ့ ပတ်သက်လို့ satires တွေ တင်ဆက်ထားတာ တွေ့ရပါတယ်။ ကဏ္ဍစုံ ဟင်းလေးအိုးကြီးဖတ်ရသလိုပါပဲ။ အားပေးနေပါတယ်ခင်ဗျား.....

    ReplyDelete
  17. အးလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျ။
    (ဇီးကွက်မျက်ပြူး)

    ReplyDelete
  18. တော်တော်လေးထူးဆန်းတဲ့သူတွေဘဲ။ ဒီလိုတမင်တကာပေါက်ကရတွေဟာသရေးထားတာကိုအတည်ယူကြတယ်။
    အဲတာထားလိုက်ပါတော့။ ရိုင်းရိုင်းစိုင်းစိုင်းတွေရေးတာကတော့မသင့်တော်ဘူး။
    ဒီ blog ရဲ့အရေးအသားအားလုံးကိုတော့မကြိုက်ပါ။ ဒါပေမဲ့တချို့ဟာသတွေကရီရလွန်းတယ်။
    သတင်းတွေဆက်တင်ပါ။ အမြဲတမ်း မရောက်ပေမဲ့ အားပေးနေပါတယ်။

    ReplyDelete
  19. ဘယ်သူတွေဘာပြောပြော..ဆဲဆဲ ဆိုဆို...ဂရုမစိုက်ပါနဲ့ဗျာ...ကျနော်ကတော့ တနေ့တခါမှန်မှန်ဝင်ဖတ်တယ်။ စိတ်တွေ နှောက်ကျိနေရင်....ဆေးတောင်ဖြစ်သေးတယ်ဗျ....စိတ်ညစ်နေတဲ့အချိန်ဆို အကို့ဘလော့ဝင်ဖတ်လိုက်ရင်....လူက လန်းသွားတယ်..ဟိဟိ..တကယ်ပြောတာ......လုံးဝအားပေးတယ်....
    ဆက်လျှောက်....ပါ......အားပေးနေပါ့မယ်......
    ခင်မင်စွာဖြင့်

    ReplyDelete
  20. I have just visited your blog unexpectedly and found amazing saitres about the true image of our country. Weldone mate.Keep on.Truth hurts just for a little while but lies hurt forever.They ,who swear you , were hit by the truth that is stronger than nuclear.I will be back agian...

    Wishing you all the best,
    simple views

    ReplyDelete
  21. This blog relaxes me whenever I read it.
    Thanks a lot for sharing your creative thinking.

    Cheers!!!
    N.H

    ReplyDelete
  22. အင်မတန်ကြိုက်ပါကြောင်း နှင့် အစဉ်အားပေးလျှက်ပါဗျာ....
    ဇီးကွက်ကြီး အမြင်ဒီထက် စူးရှပါစေသော်.....

    ReplyDelete
  23. ကိုဇီးကွက်

    ခွေးဟောင်တိုင်း ထမကြည့်ရဘူးဗျ။ အိပ်ရေးပျက်တယ်။ မှန်တဲ့စကားတွေဆိုတော့ ထိတဲ့သူတွေက အနာပေါ်တုတ်ကျ ဖြစ်ကြသကိုးဗျ။

    ReplyDelete
  24. သတင်းတွေ ဖတ်တိုင်း စိတ်အပန်းပြေပါတယ်.. ဟာသ ဆိုပေမဲ့ ပြုပြင်ရမဲ့ နေရာလေးတွေ ကို မီးထိုးပြတယ် လို့ မြင်ပါတယ်.. အတွေးအမြင်အသစ် ရှိတာ သဘောကျပါတယ်..

    ReplyDelete
  25. ဘာပြောပြော..သရော်စာတွေဖြစ်လို့ကြီုက်တယ်ကွာ..
    အားပေးလျှက်ပဲ....

    ReplyDelete
  26. ဘာပဲပြောပြောဗျာ ဒီဆိုဒ်လေးကိုတော့ အတော်ကြိုက်တယ် ကျနော်လည်းတခါတစ်လေ သရော်စာရေးပါတယ် အချို့ဟာတွေ ဆို အကိုတို့ ဆီကနေ အတူယူရတယ်ဗျာ ဆက်ပြီး ပိုရေးပါဗျို့ အားပေးနေပါတယ်

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။