Saturday, December 25, 2010

အင်တာနက် Connection ကျသည့် အခြေအနေကို FTTX စနစ်ဖြင့် ဆောက်ရွက်မည်



မြန်မာနိုင်ငံတွင် လက်ရှိ ကြုံတွေ့နေရသော အင်တာနက် အသုံးပြုရာတွင် Connection အလွန် ကျသော အခြေအနေကို မကြာမီ စတင်တော့မည့် Foolish Tortoise Telecommunication of Xenophobia (FTTX) (ခေါ်) ပြည်ပကြောက်ရွံ့ စိတ်မနှံ့ လိပ်တွား ဆက်သွယ်ရေး စနစ်ဖြင့် Connection များ ကျသည်ထက် ကျအောင် ဆောင်ရွက် တော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ FTTX စနစ်ကို လက်ရှိတွင် မန္တလေးမြို့၌ စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်မြို့တွင်လည်း ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းခန့်တွင် အကောင်အထည် ဖော်သွားဖွယ်ရှိသည်ဟု သိရသည်။

၎င်း FTTX စနစ်သည် ယခင်ပုံမှန် အသုံးပြုနေသော ဆက်သွယ်ရေး နည်းပညာနှင့် မတူဘဲ Connection လိပ်တွားတွားသည့် နည်းပညာသစ်များဖြင့် ကွန်ဒိုမီနီယံများ၊ Apartment များ၊ အိမ်ရာစီမံကိန်းများ၊ ပလာဇာများ၊ ဟိုတယ်များနှင့် ရုံးအဖွဲ့အစည်းများတွင် အလွန်လိုအပ်နေသော သတင်းဆိုင်ရာ အချက်အလက် အင်တာနက်ဝန်ဆောင်မှုများကို မြေအောက်ဖိုင်ဘာ မိလ္လာမြောင်းများမှ တစ်ဆင့် တပ်ဆင်သွားမည်ဟု သိရသည်။

“မြန်မာနိုင်ငံတွင် အခုလက်ရှိ အင်တာနက်မှာ ကြုံတွေ့နေတာကတော့ Connection ပါပဲ။ အခု FTTX စနစ်က Connection ကိစ္စကို တာဝန်ယူမယ် ဆိုတော့ ခေါင်းကိုက်စရာပါပဲ”ဟု စမ်းချောင်းမြို့နယ်မှ အင်တာနက်ဆိုင်ဖွင့်ထားသူ တစ်ဦးကဆိုသည်။

လက်ရှိတွင် အိမ်နီးချင်းနိုင်ငံများ၌ ကုန်းတွင်း လိပ်တွား နယ်စပ် လမ်းလျှောက် အင်တာနက်ဆက်ကြောင်း ကိုးခုရှိပြီး ၎င်းတို့တွင် မြန်မာ-တရုတ် ကုန်းတွင်း လိပ်တွား နယ်စပ် လမ်းလျှောက် အင်တာနက် ဆက်ကြောင်း၊ မြန်မာ-အိန္ဒိယ ကုန်းတွင်း လိပ်တွား အင်တာနက်ဆက်ကြောင်းနှင့် မြန်မာ- ထိုင်း အင်တာနက် ဆက်ကြောင်းဟူ၍ မိလ္လာပိုက်လိုင်းများ ဆက်သွယ်ထားပြီး ဖြစ်သည်။

၎င်းဆက်ကြောင်းများကို တရုတ်နိုင်ငံမှ မိုဘိုင်းနည်းပညာကုမ္ပဏီ တစ်ခုဖြစ်သည့်  China Telecom နှင့် အိန္ဒိယမိုဘိုင်း ကုမ္ပဏီတစ်ခုဖြစ်သည့် Ta Ta ကုမ္ပဏီတို့က ဆောင်ရွက်နေကြောင်း ၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့ထုတ် 24/7 News ဂျာနယ်တွင် ဖော်ပြထားပါသည်။

1 comment:

  1. နိုင်ငံရေးဦးချက်(၄)ရပ် ထဲ က No. 4 နဲ့ကိုက်ညီအောင် လုပ်နေတာပါ။ ဆန္ဒတွေမစောကြပါနဲ့... ဒါ့ထက် ပို သာ အောင် နိုင်ငံတော်က ဆောင်ရွက်နေပါတယ်...ဟီး
    သြော် အဲဒီ ၄ ရပ် ကိုမေ့နေရင် ဟောဒီမှာကြည့်

    နိုင်ငံရေးဦးချက်(၄)ရပ်
    (၁) နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊
    (၂) အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေး၊
    (၃) ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ဖြစ်ပေါ်လာရေး၊
    (၄) ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်နှင့်အညီ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်တစ်ရပ်တည်ဆောက်ရေး၊

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။