Friday, December 24, 2010

သိုင်း ... သိုင်း ... သိုင်းသမား ...

"ရှမ်း လူမျိုးများသည် သိုင်း (Tai) လူမျိုးစု  ဖြစ်သောကြောင့်  ..........  ရှမ်း ခေါင်းဆောင်များက  သိုင်း သူရဲကောင်း ဘုရင်ကြီးအား ရှမ်းပြည်လွတ်မြောက်ရေး တိုက်ပွဲဝင် လူထုအတွက် စံနမူနာပြပုဂ္ဂိုလ် အဖြစ် ထားချင်ကြသည်"  (မူရင်း သတ်ပုံအတိုင်း  လို့ မောက္ခ ပညာရေး မဂ္ဂဇင်းမှာ ယမန်နေ့က ရေးသား ဖော်ပြထားတာ တွေ့ရပါတယ်။

သိုင်းနိုင်ငံရဲ့ သိုင်းသမား ဘုရင်ကြီး

သိုင်းနိုင်ငံရဲ့ အဲဒီ ရှောင်လင်၊ ၀ူတန့် သိုင်းသမား  သူရဲကောင်း သိုင်း ဘုရင်ကြီးဟာ အေဒီ ၁၆၅၀ ခုနှစ်မှာ သိုင်းနိုင်ငံ မြောက်ပိုင်း၊  ချင်းမိုင်မြို့၊ ဖန်မြို့နယ် တစ်နေရာဖြစ်တဲ့ မူန်ဟန်မှာ ပျံလွန် တော်မူ ခဲ့ပါတယ်။ ပျံလွန်တော်မူချိန်မှာ သိုင်းနိုင်ငံရဲ့ သိုင်းသမား ဘုရင်ကြီးဟာ သူ့ရဲ့ နောက်လိုက် သိုင်းသမားတွေနဲ့ အတူ သူ့ရဲ့ အယုဒ္ဓယ သိုင်း အင်ပိုင်ယာကို ယိုယွင်းစပြုနေတဲ့ မြန်မာပြည်ထဲသို့ ချဲ့ထွင်ရန် အကောင်အထည် ဖော်နေဆဲ ဖြစ်တယ်လို့ သိုင်းနိုင်ငံ ဘန်ကောက်မြို့ ထုတ် "The Nation" သတင်းစာ မှာ  ရေးထား ပါတယ်။


7 comments:

  1. ထိုင်းနိုင်ငံ ကရှမ်းလူမျိုးများ လာအို ကမ္ဘောဒီယား တရုပ်ပြည် ဆစ်ဆောင်ပန်းနား က ရှမ်းလူမျိုးများ ရှမ်းပြည် ကချင်ပြည် အိန္ဒိယကသည်းမဏိပူရ တို့ က ရှမ်းများ ပေါင်းရင် သန်း၃၀၀လောက်ရှိတယ်လို့ ကြားဘူး ပါတယ်။ မှားနေရင် ပြင်ပေးပါ။

    ReplyDelete
  2. ကျော်ထင်December 24, 2010 at 11:54 PM

    ဟေ ဟုတ်သေးဘူးဟ အဲလောက်ရှိဘူး

    ReplyDelete
  3. သန်း၃၀၀ ဆိုတာ များလွန်းပါတယ်။ ထိုင်းလူဦးရေ သန်း၆၀မှာ အားလုံး ထိုင်းလူမျိုးမဟုတ်ပါ။ မြန်မာပြည် ရှမ်း၊ ကချင်နဲ့ စစ်ကိုင်းတိုင်းက ရှမ်းတိုင်းရင်းသား အားလုံးပေါင်း ၁၀သန်းမပြည့်ဘူးလို့ သိရပါတယ်။ လူဦးရေ ၅သန်းကျော်ရှိတဲ့ လာအိုကလည်း ထိုင်းအနွယ်ထဲမှာ ပါဝင်လို့ သူ့ကိုလည်း ထည့်တွက်ဖို့ လိုပါတယ်။ ယူနန် စစ်ဆောင်ပနားက တိုင်းရင်းသားတိုင်း ထိုင်းအနွယ် မဟုတ်ပါဘူး။ ယီ၊ ဘိုင်၊ လီဆူး စတဲ့ ယူနန် တိုင်းရင်းသားတွေဟာ တိဘက်-မြန်မာအုပ်စုမှာ ပါဝင်ပါတယ်။ အိန္ဒိာ အာသံ လူများစုက ဘင်္ဂါလီတွေ ဖြစ်နေပြီး၊ မူရင်း ရှမ်းတွေက အလွန်နည်းတဲ့ လက်တစ်ဆုပ်စာ လူဦးရေပဲ ကျန်ပါတော့တယ်။ ဒါကြောင့် အားလုံးပေါင်း သန်း၈၀၀န်းကျင်သာ ရှိပါမယ်။

    ReplyDelete
  4. စောက်ရူး ထိုင်းပဒေသရာဇ်ဝါဒတွေ။

    ReplyDelete
  5. တစ်ခုပြောချင်ပါတယ်..
    မှန်တယ်..မြန်မာစစ်အစိုးရကိုမကြိုက်ဘူး..
    ငါလဲပဲ မကြိုက်ဘူး..
    ဒါပေမဲ့ ..ထိုင်းကိုတော့မကိုးကွယ်ဘူး..
    ရှမ်းပြည်လွတ်မြောက်ရေးထက်..မြန်မာပြည်လွတ်မြောက်ရေးကပိုပြီး..အရေးကြီးပါတယ်..

    ReplyDelete
  6. လူ တစ်ဦးချင်းဆီ ရဲ့လွတ်မြောက်ရေးက ပိုအရေးကြီးတယ် ။

    ReplyDelete
  7. အင်းအဲလောက်များရင်လည်း ငါတို့ကတော့ ရှမ်းလူမျိုးထဲမျာပါတယ်

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။