Friday, December 10, 2010

မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်း အားကောင်းလာစေရန် လေကြောင်း-ဆက်သွယ်ရေးထက် နွားလှည်း-ပို့ဆောင်ရေးလုပ်ငန်းက အခြေခံလိုအပ်ချက်ဖြစ်ကြောင်း VOA ဖော်ပြ

မြန်မာနိုင်ငံရဲ့ ခရီးသွားလာရေး လုပ်ငန်းတွေ အဆင်ပြေစွာ ချောမွေ့ လည်ပတ်နိုင်စေဖို့ အတွက် လေကြောင်း ဆက်သွယ်ရေးဟာ အရေးပါတဲ့ အကြောင်း VOA သတင်းဌာနက ရေးသားလိုက်ပါတယ်။
ဒါပေမဲ့ လေယာဉ်လက်မှတ် တစ်စောင်ကို ကျပ်တစ်သိန်း ၀န်းကျင် ပေးရတဲ့အတွက် သာမန် မြန်မာ ပြည်သူ ပြည်သားတွေအနေနဲ့ လေယာဉ် စီးဖို့ ဆိုတာ အိပ်မက်တောင် မမက်ရဲတဲ့အကြောင်း ဆက်လက် ဖော်ပြထားပါတယ်။
ထိုနည်းတူစွာပဲ ဓာတ်ဆီ မှောင်ခိုဈေးကွက်ကြောင့် ကားခ ဈေးနှုန်းတွေလဲ အဆမတန် တက်လာတယ်လို့ VOA က ပြောပါတယ်။ ဒါကြောင့်မို့ မြန်မာပြည်သူတွေ အတွက် ခရီးသွားလာဖို့ရာ အားကိုးအားထား စရာ ဆိုလို့ ဘာလောင်စာဆီမှ အသုံးပြုဖို့ မလိုတော့တဲ့ နွားလှည်းပဲ ကျန်တော့တဲ့ အကြောင်း ရေးသားဖော်ပြထားပါတယ်။ အခုအခါမှာတော့ မြန်မာ့ စီးပွားရေးကို လက်ဝါးကြီး အုပ်ထားတဲ့ အလိုတော်ရိ ခေတ်ပျက် သူဌေးကြီးများဟာ နွားလှည်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို တိုးချဲ့ လုပ်ကိုင်နေကြကြောင်း VOA မြန်မာပိုင်း အစီအစဉ်က တင်ပြ သွားတာ တွေ့ရပါတယ်။ အသစ် တိုးချဲ့မယ့် နွားလှည်း လုပ်ငန်း နှစ်ခုကတော့ နွား-ကမ္ဘောဇနဲ့ နွားလျှာ-Wings တို့ဖြစ်ပြီး၊ နွားလျှာ-Wings ကို နွားပုဂံ နွားလှည်းလုပ်ငန်းက ထိန်းချုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ခရီးသွားလာရေးလုပ်ငန်းတွေ အားကောင်းလာစေဖို့ လေကြောင်းဆက်သွယ်ရေးထက်
နွားလှည်း သယ်ယူပို့ဆောင်ရေးက  တစ်ကယ့် အခြေခံကျတဲ့ လိုအပ်ချက်ဖြစ်ကြောင်း
VOA သတင်းဖော်ပြချက်ကို တွေ့ရစဉ် (Photo: AP)

VOA သတင်းဓာတ်ပုံကို ကြည့်ရှုရန်

2 comments:

  1. တိုးချဲ့ လုပ်ကိုင်လာကြတဲ့ နွားလှည်း လုပ်ငန်းတွေရဲ့ အမည်တွေကတော့

    နွားပုဂံ၊ နွားWing၊ နွားကမ္ဘောဇ၊ နွားအင်းလေး နွားလှည်းလိုင်းတွေ ဖြစ်ပါတယ်လို့ VOA သတင်းမှာ ဖော်ပြထားပါတယ်။ :P

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။