ရန်ကုန်မှာ သာတဲ့လ
ဒီတော့ လျှပ်စစ်မီး မပေးဘဲ ထားခြင်းအားဖြင့် ပြည်သူလူထုတွေ အနေနဲ့ အခုလို မလိုလားအပ်တဲ့ အတိဒုက္ခတွေ မရောက်ကြတော့ဘူးဗျာ။ ဒါကြောင့် ရာသီဥတု ပူရင် ကျွန်တော်တို့က လျှပ်စစ်ဓာတ်အား မပေးပဲ ဖြတ်တောက် ထားတာဖြစ်ပါတယ်။" ဟု ၄င်းက ပြောသည်။
ယမန်နှစ်ကကဲ့သို့ ရာသီဥတု ပူအိုက်လျှင် လျှပ်စစ်မီး ဖြတ်တောက်ပါမည်လား ဟူသော BS News ၏ အမေးကိုမူ-
"မနှစ်ကလို အရမ်းပူရင်တော့ မီးဖြတ်တာလုပ်နိုင်ပါတယ်" ဟု ပန်းဘဲတန်းမြို့နယ် ဓာတ်အား ခွဲဝေပေးရေးရုံး တာဝန်ရှိသူ တစ်ဦးက ဖြေကြားသည်။
၂ဝဝ၉ ခုနှစ်သည် အပူချိန် မြင့်တက်ခဲ့သည့် နှစ်တစ်နှစ်ဖြစ်ပြီး ၄င်းနှစ် နိုဝင်ဘာမှ စတင်ကာ လျှပ်စစ်မီးများ စတင် ဖြတ်တောက် ခဲ့သည့် ၂ဝဝ၉ ဒီဇင်ဘာလဆန်း မှစကာ ၂ဝ၁ဝ ဇွန်လအထိ ၆ လကြာ အလှည့်ကျ ဓာတ်အားပေး ဝေခဲ့ကြောင်း သိရသည်။
BS News မှ ထပ်မံ စုံစမ်း သိရှိရချက်များ အရမူ ရာသီဥတု ပူအိုက်ခြင်းကြောင့် ပြည်သူလူထု အတိဒုက္ခ မရောက်စေရန် အတွက် ထိုကဲ့သို့ စေတနာဖြင့် လျှပ်စစ်မီး ဖြတ်တောက်ခဲ့ခြင်းကို ၁၉၉၅ ခုနှစ်ခန့်မှ စတင် ဆောင်ရွက်ခဲ့သည် ဟု သိရပြီး ထိုစေတနာမှာ ၁၅ နှစ်ကျော် တည်တံ့ ခိုင်မြဲ နေဆဲ ဖြစ်သည်ဟု သတင်းရရှိသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန်
lol
ReplyDeleteသြော်... ဒီလိုလား ... သိပါဘူး၊ စေတနာထားတယ် ဆိုတော့လဲြော့တော့ပါဘူးလေ ...။
ReplyDeleteသတင်းထောက် သူငယ်ချင်းတစ်ယောက်ရဲ့ တစ်ကယ့် ဖြစ်ရပ်ပြောပြချက်ပါ မြန်မာပြည် လျှပ်စစ်မီးတွေ ဖြတ်ထားတော့ ၂၀၀၈ ခုနှစ်ကပေါ့ သူက မင်္ဂလာတောင်ညွန့် လျှပ်စစ် ဓါတ်အားပေးဝေရေးကို ဖုန်းလှမ်းဆက်ပြီး လျှပ်စစ်မီးတွေ အလှည့်ကျပေးဝေတယ်ဆိုတာ ဟုတ်ပါသလား သတင်း လှမ်းမေးတော့ ဟုတ်ပါတယ်ပေါ့ အခု ဖုန်းပြောတာကရော ဘယ်သူပါလဲပေါ့ လျှပ်စစ်ရုံးက ပြန်ဖြေတာက ကျွန်တော် မြို့နယ် လျှပ်စစ် မြို့နယ်မှုးပါတဲ့ ဒါနဲ့ လျှပ်စစ်ရုံးက ပြန်မေးတယ် အခု ဆက်တာကရော ဘယ်ကလဲတဲ့ သူငယ်ချင်းက ပြန်ဖြေတာက ကျွန်တော် နော်ဝေ သတင်းဌာနာကပါတဲ့ အဲဒီမြို့နယ်မှုးက ချက်ခြင်း ဘာပြန်ပြောသလဲ ဆိုတော့ တောင်းပန်ပါတယ်တဲ့ ကျွန်တော် တို့ မြို့နယ် လျှပ်စစ်မီးပေးတဲ့အထဲမှာ နော်ဝေ မပါ ပါဘူးတဲ့ တစ်ခြားကို ဆက်ပါတဲ့ဗျာ အရမ်းတော်တဲ့ လျှပ်စစ်ဝန်ထမ်း တွေပဲနော်.....
ReplyDelete