Wednesday, December 15, 2010

မြန်မာ 3D ရုပ်ရှင် ရိုက်ကူးရန် စီစဉ်နေ

မြန်မာနိုင်ငံရုပ်ရှင်သမိုင်းတွင်သာမက မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် 3D နည်းပညာ အသုံးပြုကာ မြန်မာ ရုပ်ရှင် မင်းသား မင်းသမီးများ ပါဝင်သည့်  "3D မြန်မာပြည်သား" ရုပ်ရှင်ဇာတ်ကားကို ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ အတွင်း စတင်ရိုက်ကူးရန် စီစဉ်နေကြောင်း သိရသည်။


ပြည်တွင်း၌ 3D နည်းပညာ အသုံးပြု ရုပ်ရှင်ကားများ ပြသနိုင်သော ရုပ်ရှင်ရုံမှာ နေပြည်တော်ရှိ Junction Naypyidaw  တစ်ရုံသာရှိပြီး ကျန်ရုပ်ရှင်ရုံများမှာ 3D ရုပ်ရှင်များ ပြသနိုင်ခြင်း လုံးဝ မရှိသေးသဖြင့် ကြည့်ရှုမည့်သူ မရှိမှာ စိုးရိမ်ရကြောင်း သိရသည်။ 3D ရုပ်ရှင်ကားများကို ၂ဝ၁၁နှစ်ဆန်းပိုင်းက စတင်ကာ ရိုက်ကူးရန် စီစဉ်ထားရှိပြီး ပြည်တွင်းရှိ နာမည်ကြီး ဒါရိုက်တာ တစ်ဦးဖြစ်သော ပန်းချီစိုးမိုးက တာဝန် ယူမည် ဖြစ်ကြောင်းလည်းသိရသည်။ ဇာတ်ညွှန်းအနေဖြင့်မူ စာရေးဆရာ ချစ်ဦးညိုက တာဝန် ယူမည် ဖြစ်သည်။
“3D ကားတွေ ရိုက်တယ်ဆိုတာ သိပ်လွယ်တာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ အခုလက်ရှိတော့ တော်တော်လေး ကြိုးစားနေပါတယ်။ 
ကျွန်တော်တို့ ဖြစ်နိုင်တဲ့နည်းလမ်းနဲ့ ဒီ 3D ရုပ်ရှင်ကားကို မဖြစ်ဖြစ်အောင် ရိုက်မှာပါ။
နောက်ဆုံး 3D ဆိုင်ရာ Technology နည်းပညာ အခက်အခဲ ဖြစ်လာရင်တော့ 3D (သုံးလုံး) ချဲထိုးတဲ့ မြန်မာပြည်သားတွေ အကြောင်း ရုပ်ရှင် ပြောင်းလဲ ရိုက်ကူးမှာ ဖြစ်တဲ့အတွက် မြန်မာ့ 3D ရုပ်ရှင်ကား 
ရိုက်ဖြစ်မှာတော့ သေချာပါတယ်” ဟု  ဒါရိုက်တာ ပန်းချီစိုးမိုးမှ ရှင်းပြသည်။

“အဲ- ဒီ 3D စီမံကိန်းကြီး မအောင်မြင်ခဲ့လို့ရှိရင် ကျွန်တော်တို့က ဒီ့ထက်သာထက် 4D စီမံကိန်းကို ဆောင်ရွက် သွားမှာပါ။ လေးဘက် လေးတန်က မြင်ရတဲ့ ဘောလုံးကွင်းထဲမှာ ဗလာဇတ်သဘင် (သို့မဟုတ်) လေဟာပြင် ဇာတ်ပွဲ ကျွန်တော်တို့ ဖန်တီးလိုက်ရုံပါပဲ။ ဒါဆို လေးဘက်လေးတန်က ကြည့်လို့ မြင်ရတဲ့ လေးဘက်မြင် 4D ဖြစ်ပြီလေ။ ကမ္ဘာ့ ပထမဆုံး လေးဘက်မြင် 4D ကို ကျွန်တော်တို့ မြန်မာပြည်က စတင် ဖန်တီးမှာ ဖြစ်ပါတယ်”  ဟု စာရေးဆရာ ချစ်ဦးညိုက ဖြည့်စွက် ပြောကြားသွားခဲ့ပါသည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန်

2 comments:

  1. စိတ်ကူးသစ်တွေအမြဲရတယ်နော်..တကယ်တော်တယ်

    ReplyDelete
  2. ပေါက်ကရတော့ အတော်ရေးတတ်တယ်။ ဒီဆိုဒ်ကို ဝင်ဖတ်တာ အူနာနေတယ်။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။