နိုင်ငံတော်အစိုးရသည် နှစ်၂၀ စီမံကိန်းဖြင့် သစ်တောများကို ခုတ်ထွင်ရှင်းလင်းပြီး သစ်တော များမှ ထွက်ရှိသော သစ်လုံးများကို အတိုင်းအဆမရှိဘဲ နိုင်ငံရပ်ခြားသို့ ဒေါ်လာရရန် ပြုတ်ပြုတ်ပြုန်း ရောင်းချလျက်ရှိရာ ခိုစရာ တောမရှိတော့ သဖြင့် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းများ အစုလိုက်အပြုံလိုက် လှဲလှယ် ၀င်ရောက်လျက်ရှိကြရာ---
၂၀၁၀ ခုနှစ် နိုဝင်ဘာ ၂၇ နေ့တွင် ဗိုလ်မှူး လက်ကိုင် ဦးစီး အင်အား ၂၁ ဦး (ရသေ့၂ ပါးနဲ့ကျားဖြူ ၂ ကောင် အပါအ၀င်) တို့သည် ၆၀ မမ ကွန်မန်ဒို စိန်ပြောင်းတလက်၊ ၃၀ မမ မီးမှုတ်ပြောင်းတို ၄လက်၊ ပြောင်းရှည် ၇လက်၊ လေးဂွ ၁၃ ဂွ၊ လောက်စလုံး ၇၂လုံး၊ ဂျင်ဂလိ ၆ ချောင်း၊ ချက်ကောင်းထိရင် သေတတ်သော သရေပင်တထုပ်၊ ဗျောက်အိုး ၇ လုံး ၊ဒူးလေး တလက် ၊ ကျည်အပြည့်ထိုးထားသော mm.6 to 8 inch လောက်ရှိ နှစ်လုံးပြူး သေနပ်ကိုယ်စီ ဆောင်လျက် လဲလှယ်ဝင်ရောက် လာခဲ့ရာ ပဟေဠိနန်းတော် အစဉ်အစီမှ သမီးပျိုလေးများက လှိုက်လှဲပျူငှါစွာ ကြိုဆိုခဲ့ကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့ကြောင်းနှင့် အစီအစဉ်အတိုင်း ဒီတိုင်း ရပ်ထားရင် ၅ သိန်းပေး မယ်ဟု ဆိုသော်လည်း နောက်ထပ် ၀င်ရောက်လာမည့် သူ အများအပြား ကျန်ရှိနေသေးကြောင်း သိရှိရပါတယ်။။။
ခမောက်ရှည် ဆောင်းထားသော ရသေ့၂ပါးကိုမူ အကြောင်းပြချက်မရှိဘဲ အင်စိန်ထောင်တွင် ခေတ္တထိန်းသိမ်း ထားလိုက်ပြီး ကျားဖြူ ၂ ကောင်ကိုမူ ဘင်္ဂလာဒေ့ရှ်မှ လွှတ်လိုက်သော မန္တာန်ကျားများ ဖြစ်နိုင်သည်ဟု သုံး သပ်ကာ (မန္တာန် ဆင်ဖြူများ အကြောင်း- ဒီမှာကြည့်) တောထဲသို့ ပြန်လည်မောင်းထုတ်လိုက်တယ် လို့လည်း နောက်ထပ်သိရှိရပါတယ်။
(ပြည်တွင်း သတင်းထောက်ထံမှ)
နှစ်လုံးပြူးကကျည်အပြည့်တောင်ပါသလား ပဟေဠိနန်းတော် အစဉ်အစီမှ သမီးပျိုလေးအတွက်ရင်လေးတယ်ဗျာ ဟီဟီ
ReplyDeleteဟုတ်တယ်ဗျိုတောတွင်းလက်နက်ကိုင်တွေကိုရှင်းခြင်ရင်တောတွေကိုပြောင်အောင်လုပ်ရမယ်ဒါမှခိုစရာတောမရှီတော့မှာ.
ReplyDelete