Sunday, December 19, 2010

ရန်ကုန်မြို့ အင်တာနက် ဆိုင်များနှင့် ဈေးများအတွင်း ဗုံးများ အသစ်ထပ်မံ တွေ့ရှိ

ရန်ကုန်မြို့မှ လာသော သတင်းတစ်ပုဒ်အရ အင်တာနက် ဆိုင်များနှင့် ဈေးများအတွင်း ဗုံးများ ထပ်မံ တွေ့ရှိရကြောင်း၊ သို့ဖြစ်၍ ရန်ကုန်မြို့ရှိ အင်တာနက် ဆိုင်များနှင့် ဈေးများ၏ လုံခြုံရေးကို အကြီးအကျယ် တင်းကျပ် လိုက်ကြောင်း သိရသည်။

"အင်တာနက် ဆိုင်မှာ ဗုံးတွေ ထောင်ထားတာ တွေ့တယ် ဆိုတဲ့ သတိပေးချက် ၀င်လာတုန်းက ကျွန်တော်က အင်တာနက် ဆိုင်ထဲမှာ ချက်တင် ထိုင်နေတာဗျ၊ အဲဒီ သတင်းကြားရတော့ တော်တော်
လန့်သွားတယ်။ သင့်ခြေထောက် နားတွင် ဗုံးရှိသည်။ အနီးကို စစ်ဆေးပါ ဆိုတဲ့ သတိပေး ညွှန်ကြားချက် အတိုင်း ကျွန်တော် အသေအချာ လိုက်ကြည့်တယ်။ ဆိုင်ထဲမှာ အင်တာနက် သုံးနေတဲ့ လူတွေ အကုန်လုံးလဲ သူတို့ ခြေထောက်တွေ ရဲ့ အနီးပတ်ဝန်းကျင်ကို ငုံ့ကြည့်ကြတယ်။ တွေ့တယ်ဗျ။ ဗုံးတွေ အများကြီးပဲ၊ ဗုံးတွေ ထောင်ထားတာမှ အများကြီး။ ၀ါယာကြိုးတွေနဲ့ ရှုတ်ရှက်ခတ်နေတာပဲ" ဟု
ကိုယ်တွေ့ ကြုံတွေ့ရသူ တစ်ဦးက ပြောပြသည်။

အင်တာနက် ဆိုင်တွေအတွင်း ထောင်ထားတဲ့ ဗုံးများ  
(ဘယ်ဗုံးမှ လှဲထားတာ မတွေ့ရပါ)  

အလားတူ ဈေးများအတွင်းတွင်လည်း ခရမ်း၊ မဲ၊ ပြာ၊ စိမ်း၊ ၀ါ၊ လိမ်၊ နီ ရောင်စုံ ဗုံးအမျိုးမျိုးကို ထောင်လျက် လည်းကောင်း၊ လဲလျက် လည်းကောင်း တွေ့ရသည်။


(မြန်မာ့ လူကလေး သတင်းပေးပို့သည်)

ဆက်စပ်သတင်း ဖတ်ရှုရန်

1 comment:

  1. ၀ါးဟားဟား

    မိုက်တယ်ကွာ

    ကျွန်တော်လည်း ပုံးထောင်လိုက်ဦးမယ် အဲလေ ဗုံးထောင်လိုက်ဦးမယ် လဲနေလို့

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။