အသစ်ဖွင့်လှစ်လိုက်သည့် ဧရာဝတီဘဏ်၏
မိန်းကလေး သီးသန့် ၀န်ထမ်းများကို တွေ့ရစဉ်
လက်ရှိကာလတွင် မြန်မာနိုင်ငံ၌ အစိုးရဘဏ်ကြီး လေးခုရှိပြီး ပုဂ္ဂလိက ပိုင်ဘဏ် ၁၉ ခုရှိကာ ထိုထဲတွင် အများ ပိုင်ဘဏ်အမျိုးအစား ငါးခု ပါဝင်သည်။
ဘဏ်များ တိုးမြှင့်ဖွင့်လှစ်လာသည့်အတွက် မိန်းကလေး ကျွမ်းကျင်ဝန်ထမ်းများ လိုအပ်လာသည့် နည်းတူ အတွေ့အကြုံမရှိသည့် မိန်းကလေး ၀န်ထမ်းသစ်များကိုလည်း ခန့်အပ်၍ လေ့ကျင့် သင်ကြားပေးမှုများ ပြုလုပ်ရန် လိုအပ်လာပြီး အတွေ့အကြုံရှိသည့် ယောက်ျားလေးများကိုမူ လိုအပ်ခြင်း မရှိဟု ဆိုသည်။
ဧရာဝတီဘဏ်မှ တာဝန်ရှိသူတစ်ဦးက "အသစ်ဖွင့်လှစ်ခွင့်ရတဲ့ ဘဏ် လေးခုမှာ ဘဏ်တစ်ခုကို ၀န်ထမ်း ၁,၀၀၀ လိုအပ်တယ်ဆိုရင် ၉၉ ရာခိုင်နှုန်းက မိန်းကလေးတွေ လိုအပ်ပြီး ၁ ရာခိုင်နှုန်းက အသက် ၆၀ ကျော် Security အဖိုးကြီး တွေကို ခန့်ရမယ်လို့ ပြဌာန်းထားပါတယ်။ ထပ်ပြောရရင် မိန်းကလေး ၉၉ ရာခိုင်နှုန်းနဲ့ ယောက်ျားလေး ၁ ရာခိုင်နှုန်းဆိုပြီး ခန့်ရ မယ်" ဟု ပြောသည်။
စီဘီဘဏ်မှ တာဝန်ရှိသူတစ်ဦးက "အခု ကျွန်တော်တို့ခေါ်တာက သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ ဘဏ်ခွဲတွေအ တွက် ကြိုခေါ်ထားတာ။ အဲဒီအတွက် လိုမှာက ဥပမာ မိန်းကလေး ၈၀ လောက်လိုတဲ့ဟာကို လျှောက်ထားတဲ့လူက ၇၀၀၊ ၈၀၀ လောက်ရှိ တယ်။ ဒီထဲမှာ မိန်းကလေးမဖြစ်ဘဲ ယောက်ျားလေး တွေ လာလျှောက်တာ ရှိဦးမယ်။ တချို့ က မိန်းမလျှာပါမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မိန်းကလေး အစစ်ကိုပဲ ကျွန်တော်တို့က ခန့်ပါတယ်"ဟု ဆိုသည်။
မြန်မာနိုင်ငံ၌ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လျက်ရှိသော်လည်း စီဘီ ဘဏ်မှ တာဝန် ရှိသူ၏ အထက်ပါ ပြောကြားချက် အရ အလုပ်လိုအပ်သူများ၏ ၁၀ ရာခိုင်နှုန်းကိုသာ အလုပ်ခန့်နိုင်ကြောင်း လေ့လာ တွေ့ရှိရသည်။ ထိုအထဲတွင် ယောက်ျားလေးများ အတွက် နေရာ မရှိပေ။
လောလောဆယ်တွင် မြန်မာနိုင်ငံ၌ ယောက်ျားလေးများ ရရှိနေသည့် တစ်ခုတည်းသော နေရာမှာ "ယောက်ျားလေး ရမယ်၊ ယောက်ျားလေး ရမယ်" ဟု စပါယ်ယာများက ပြောသည့် ကားတွယ်စီးရန် လိုအပ်သော ခြေဖ၀ါး တစ်ဖက် ချစရာ ခြေနင်းခုံ နေရာပဲ ဖြစ်ကြောင်း သိရသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန်
ဖြတ်ဖောက် ချုပ်ကော် အရဝူးလား
ReplyDeleteရိုက်ချက်ကတော့ ကောင်းပါ့ဗျား - အားပေးနေပါတယ်။
ReplyDeleteမိန်းခလေးတွေများ ကြည့်ရတာ တယ် မျက်စိအေးသကိုး ...
ReplyDeleteကြည့်ရုံ ပြောတာနော ..
CB ခင်မောင်အေး ကတော့ မျက်မှန်တပ်တပ်ထား ရသတဲ့ .. မျက်မှန်မတတ်ရင် ၀ါးလို့ဆိုလား
ဟားဟားဟား။ တအားရီရတယ်ဗျ။ သတင်းကအမှန်ဖြစ်နေတာပဲဆိုးတယ်။
ReplyDeleteCB = ask somebody from SG..yo yo yo.. ya ya ya...
ReplyDelete