Thursday, December 23, 2010

ထိပ်ကြီးလေးထိပ်

ဒီဇင်ဘာ ၂၁ နေ့စွဲဖြင့် ဖော်ပြသော ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗွီဘီ) သတင်း တစ်ပုဒ်တွင် ရခိုင်၌ ဓည၀တီထိပ်၊ ဝေသာလီထိပ်၊ လေးမြို့ထိပ်နှင့် မြောက်ဦးထိပ် ဟူ၍ ထိပ်ကြီးလေးထိပ် ရှိကြောင်း ရေးသားထားသည်ကို တွေ့ရသည်။ (ဒီမှာ ကြည့်ပါ)

ဒီဗွီဘီပြောတဲ့ ထိပ်ကြီးလေးထိပ်

အဆိုပါ ထိပ်ကြီး လေးထိပ်မှာ တောင်ထိပ် ကြီး လေးထိပ်လား၊ ထိပ်ပြောင်သူ ဦးလေးကြီး လေးယောက်၏ ငယ်ထိပ် ကြီး လေးထိပ်လား၊ ရဲစခန်းမှ ခြေထိပ်လက်ထိပ် များလား မသဲကွဲပေ။

ရခိုင်သမိုင်းကို ရှာဖွေကြည့်သောအခါ ဒီဗွီဘီ၏ ထိပ်ကြီး လေးထိပ်ကို အောက်ပါအတိုင်း တွေ့ရသည်။

(Source: wikipedia)

(Source: wikimyanmar)

အထက်ဖော်ပြပါ သမိုင်းမှတ်တမ်း အရ ဓည၀တီထိပ် သည် အေဒီ ၃၂၇ အထိ လည်းကောင်း၊
ဝေသာလီထိပ် သည် အေဒီ ၃၂၇ မှ အေဒီ ၈၁၈ အထိ လည်းကောင်း၊ လေးမြို့ထိပ် သည် အေဒီ ၈၁၈ မှ အေဒီ ၁၄၃၀ အထိ တောင်ထိပ်များတွင်  ရှည်ကြာခိုင်မြဲစွာ တည်ရှိခဲ့ကြောင်း၊ ရခိုင်၏ နောက်ဆုံး ထိပ်ဖြစ်သော မြောက်ဦးထိပ် သည် အေဒီ ၁၄၃၀ မှ အေဒီ ၁၇၈၄ ခုနှစ်အထိ ရခိုင်ရိုးမ တောင်ထိပ်ပေါ်တွင် တည်ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် အေဒီ ၁၇၈၄ မှ  စ၍ ရခိုင် သည် ကုန်းဘောင်ထိပ်၏ အစိတ်အပိုင်း တစ်ခု ဖြစ်လာခဲ့ပြီး၊ ဗြိတိသျှတို့ သိမ်းပိုက်ပြီးနောက် အေဒီ ၁၈၂၄ မှ ၁၉၄၈ အထိ ကိုလိုနီထိပ် ဗြိတိသျှ အင်ပါယာ၏ ဒေသတစ်ခုဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ဖဆပလထိပ် တစ်လျှောက်လုံးနှင့် တော်လှန်ရေး ကောင်စီထိပ်များတွင် ရခိုင်တိုင်း အဖြစ်တည်ရှိခဲ့ကာ၊ မဆလထိပ် ၁၉၇၄ တွင် ရခိုင်ပြည်နယ် ဖြစ်လာခဲ့သည်။

5 comments:

  1. ယနေ့သည် န၀တထိပ် နအဖထိပ် ဖြစ်ပါသှ်. မကြာမီ အတုအယောင် ဒီမိုကရေစီထိပ် တစ်ခု ပေါ်ထွန်းပါတော့မည်. .. :P

    ReplyDelete
  2. ခေတ်ကြီးလေးခေတ်ကို ဆိုလိုဟန် တူပါတယ် ကို ဇီးကွက်ရေ....

    ရခိုင်လို ခေတ် ဆိုတာကို အသံထွက်အားဖြင့် ခိတ် လို့ အသံထွက်တာ ဖြစ်လေတော့ ခေတ်ကြီးလေးခေတ် ဆိုတဲ့ အသုံးအနှုံးကို ခိတ်ကြီးလေးခိတ် လို့ အသံထွက်အတိုင်း သတင်းဆရာက ကြားရာကနေ အနီးစပ်ဆုံး အသံထွက်အတိုင်း ရေးလိုက်ဟန် တူပါတယ်ဗျာ။

    ခေတ်ကြီးလေးခေတ်ဟာ လက်ရှိ မြောက်ဦးနဲ့ ကျောက်တော် ၀န်းကျင် တ၀ိုက်မှာ တည်ရှိခဲ့တယ်လို့ သမိုင်းသုတေသီတွေက အခိုင်အမာ ဆိုထားတာ ရှိကြောင်းပါ။

    :)

    ReplyDelete
  3. အဲလိုနောက်ပါနဲ့ဗျာ
    ခေတ်ကြီးလေးခေတ်ပါ...ရမ်းဗြဲဘက်ကလူတွေက ခိပ်လို့အသံထွက်ကြတာပါ...။ ၀မ်းနည်းသွားဘီ..။

    ဆုမြတ်
    www.cutiemeemee.blogspot.com

    ReplyDelete
  4. သတင်းစာဆရာတွေ ဗဟုသုတပြည့်စုံဖို့လိုတယ်နော်။
    ရခိုင်နဲ့ ပက်သက်ပြီးလည်း စိတ်မကောင်းပါဘူး။ ရခိုင်မှ မဟုတ်ပါဘူးလေ။ တစ်နိုင်ငံလုံးအတွက် စိတ်မကောင်းပါဘူး။

    ReplyDelete
  5. ဝါးဟားဟားဟား

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။