Wednesday, December 1, 2010

ရခိုင်ပြည်နယ် အစိုးရက အရက် တင်သွင်းမှု အပေါ် အခွန် ၄၀၀% ကောက်ခံမည်

၂၀၁၀ ရွေးကောက်ပွဲ အရ အသစ် ဖွဲ့စည်းမည့် ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ရခိုင်ပြည်နယ် အတွင်းသို့ တင်သွင်းသော အရက်နှင့် ဆက်စပ် ပစ္စည်းများအား အခွန်အတုတ် အဖြစ် ၄၀၀% ကောက်ခံမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ထိုသို့ ကောက်ခံခြင်းဖြင့် ရခိုင်ပြည်နယ်အား မြန်မာပြည်နိုင်ငံ ကုန်းမြေကြီး ၏ အချမ်းသာ အကြွယ်ဝဆုံးသော ပြည်နယ် ဖြစ်လာစေရန် ရည်မှန်းထားကြောင်း သိရသည်။

ဒေါက်တာ ဧမောင် RNDP ဥက္ကဌ

စာရင်းဇယားများ အရ ရခိုင်ပြည်နယ်အတွင်း အရက်သောက်သူ ၃,၁၀၇,၀၀၀ ဦး ရှိပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း အရက်သောက်သုံးသူ ရခိုင်လူဦးရေ ၂၀၇,၀၀၀ နှင့် အိန္ဒိယ နိုင်ငံအတွင်း အရက်သောက်သော ရခိုင်လူမျိုး ၃၂,၀၀၀ ဦး ရှိနေသည့်အတွက် ယခု ကဲ့သို့ အခွန် ကောက်ခံခြင်းဖြင့် ရခိုင်ပြည်နယ်အား ကြွယ်ဝချမ်းသာသည့် ပြည်နယ်တစ်ခု ဖြစ်လာစေရန် ရည်ရွယ် ထားကြောင်း ရခိုင်ပြည်နယ်အတွင်း အမတ်နေရာ အများဆုံး အနိုင်ရရှိသည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ပြောဆိုလိုက်သည်။

သတင်းအပြည့်အစုံဖတ်ရှုရန်

ပြောဆိုချက် အသေးစိတ် ဖတ်ရှုရန်

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။