Wednesday, December 29, 2010

မြန်မာ ယောက်ျားလေးအချို့ ဘရာစီယာ ၀တ်ဆင်လျက်ရှိ

"လှလှပပ ပြင်ပြင်ဆင်ဆင်" ဆိုတဲ့ စကားဟာ မိန်းကလေးတွေကိုသာ ရည်ညွှန်းခဲ့ပေမဲ့ အခုအချိန် မှာတော့ ယောက်ျားလေး တွေနဲ့ပါ သက်ဆိုင်လာပါတယ် လို့ The Voice ဂျာနယ်မှာ ရေးသား ထားပါတယ်။


ယောက်ျားလေးတွေ အလှပြင်လာတာနဲ့ ပတ်သက်လို့ ယုဇန ပလာစတာရှိ ကြေးရူပါ အလှပြင်ဆိုင် ဖွင့်ထားသူက "အခု နောက်ပိုင်း ယောက်ျားလေးတွေ ပိုပြီး အလှပြင်လာ ကြပါတယ်။ ကျွန်မ ဆိုင်မှာတော့ အလှပြင်တဲ့ ယောက်ျားလေးတွေ သုံးဖို့ မိတ်ကပ်၊ နှုတ်ခမ်းနီ က စပြီး၊ ဘရာစီယာ အလယ်၊ သူတို့ သုံးစွဲဖို့ အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေ အထိ ရောင်းချ ပေးနေပါတယ်" လို့ ဆိုပါတယ်။

အသက် ၂၁ နှစ် အရွယ်ရှိ မစုမိုး ကတော့ "ကျွန်မ သူငယ်ချင်း တွေထဲမှာ Spa အမြဲသွားတဲ့ ကောင်လေး တွေ ရှိတယ်။ ကောင်မလေးတွေလို နုနုရွရွ လှအောင်လို့လေ၊ သူငယ်ချင်း ကောင်လေး တစ်ယောက်ဆို ထိုင်းကို သွားပြီး ဖြတ်ဖောက်ချုပ် လုပ်လိုက်တာ Operation မအောင်မြင်လို့ ပြတ်သွားတယ် ကြားတယ်၊ ပေါက်မပေါက်တော့ မသိဘူး၊ သိန်း ၄၀ လောက် ကုန်သွားတယ် ပြောတာပဲ" လို့ ပြောပြပါတယ်။

"ခုခေတ်က အရင်လို ယောက်ျားလေးတွေကို ဘော်ဒီ တောင့်မတောင့် မကြည့်ကြတော့ဘူး၊ ယောက်ျားလေးတွေ- အ၀တ်အစား၊ ဖိနပ်၊ မိတ်ကပ်၊ ဆံပင်၊ နှုတ်ခမ်းနီ၊ လိုင်နာ၊ အိုင်းရှဲဒိုး၊ ဘော်လီ၊ ပင်တီတွေ ဘယ်လို ပြင်ထားတယ်၊ ဘယ်လို ၀တ်စားတယ် ဆိုတာလောက်ပဲ ကြည့်ကြတော့တယ်။ ဆိုတော့ ကျွန်တော် အလှကုန်တွေ သုံးပါတယ်။ ဖြတ်ဖောက်ချုပ် မလုပ်ဘဲ မိန်းမ ယူဖြစ်ရင်တော့ မိန်းမနဲ့ မှန်တင်ခုံ လုရမယ်" လို့ ပြောသူကတော့ အသက် ၂၀ အရွယ် ကိုလေယာဉ် ပါ။

အသက် ၂၇ နှစ် အရွယ် ကိုပိန်ချုံးကျော်က- ယောက်ျားလေးတွေ အနေနဲ့ မိန်းကလေးတွေလို ပြင်ဆင် လာကြခြင်းဟာ အခုခေတ်မှာ ယောက်ျားလေးတွေ အလုပ်မရဘဲ မိန်းကလေးတွေချည်း အလုပ်ခန့်တာ ခံနေရတဲ့ အတွက် အလုပ်ရှင်တွေကို ညုတုတု ဆွဲဆောင်နိုင်ဖို့ မိန်းကလေး စတိုင် ပြောင်းလဲ လာကြတာ ဖြစ်နိုင်တယ်လို့ သုံးသပ် ပြောဆိုပါတယ်။

"ကျွန်မ မောင်လေးဆို ဆံပင်ကို ကောက်လိုက်၊ မကြိုက်ရင် ဖြောင့်လိုက်၊ ရင်ကြီးအောင် လုပ်လိုက်၊ တင်ကော့အောင် လုပ်လိုက်၊ စုံနေတာပဲ။ သူသုံးတဲ့ အလှကုန် ပစ္စည်းတွေကလဲ ကျွန်မထက်တောင် များသေးတယ်" လို့ ဆိုသူကတော့ အသက် ၂၃ နှစ် အရွယ် မအိမ်မာ ပါ။

အသက် ၂၃ နှစ် အရွယ်ရှိ ကိုမောင်မောင်ပြုတ် က၊ သူ့ရဲ့ ညီမလေးနဲ့ အတူ ရင်သားအလှ၊ တင်သား အလှ ပြုပြင်ရေးတွေ သွားလုပ်ပါတယ်တဲ့။ ဒီလို- ယောက်ျားလေးတွေ အလှအပအတွက် သီးသန့် အချိန်ပေး ပြုလုပ်တာနဲ့ ပတ်သက်လို့ ကိုကြယ်ထူးပြုတ်က "ဆံပင် ပေါင်းတင်တာတို့၊ မျက်နှာ ပေါင်းတင်တာတို့၊ ရင်အလှ တင်အလှ ခြေသလုံးအလှ ပြုပြင်တာတို့၊ ခြေသည်း လက်သည်း ပန်းဖော် အလှပြင်တာတို့ ဆိုင်မှာ သွားလုပ်ဖြစ်တယ်။ မိန်းကလေးလို မျက်နှာလေး နုနုရွရွနဲ့ အရေးကြီး အစိတ် အပိုင်းတွေ တောင့်တောင့်လေး နဲ့ လန်းလန်းလေး ဖြစ်သွားတော့ နေလို့ ထိုင်လို့ ကောင်းတာပေါ့ရှင်.. (အဲ.. မှားသွားလို့.. ဘွာတေး) .... ဗျာ.... " လို့ ပြောပြ သွားခဲ့ပါတယ်။

သတင်း အပြည့်အစုံကို ဖတ်ရှုရန်

11 comments:

  1. ဒါတောင်ကိုအင်္ဂါဟူးက သာမီးတို့ မိန်းကလေးတွေအလုပ်ရှုတ်တဲ့အတိုင်း ကြည့်ပါလား သူတို့ များကတော့ မလွယ်ဘူး တော်တော် ကို

    ReplyDelete
  2. စည်းကမ်းပြည့်တဲ့ ခေတ်မီနိုင်ငံတော်ကြီးရဲ့ တိုးတက်မှု ပြယုက်တခု ပေါ.ဗျာ။

    ReplyDelete
  3. အမျိုးသမီး လစဉ်သုံးပစ္စည်းကို ဘယ်လိုသုံးလဲမသိဝူးနော်.. :P

    ReplyDelete
  4. အဲဒိယောကျာ်းလေးတွေက မိန်းမ စိတ် ၀င်နေ တဲ.သူတွေ ဖြစ်လောက်ပါတယ် တော်ရုံယောကျာ်လေးတွေ ကတော. တင် ကြီးအောင် ယင် ကြီးအောင် လုပ် နေတယ်ဆိုတာ မဖြစ်နိုင်ပါ ဘူး ဒါကြောင်. ဒိသတင်း ဟာ မှန် ကန်တဲ. သတင်းမဖြစ်နီုင်ပါ ဘူး..ယောကျာ်းလေးက ဘော်လီ ၀တ်စရာ လဲမလို အပ် ပါ ဘူုး...ပြည်သူ ပြည်သားတွေ ထင်ယောင်ထင်မှား ဖြစ်စေတဲ. သတင်းမျိုးတွေ မတင် သင့်ပါ ဘူး

    ReplyDelete
  5. @lwinmin Read before you post some stupid comments
    read between the stars @ below


    Burma Strange News သည် အလွန်တရာမှ ထူးဆန်း အံ့သြဖွယ်ကောင်းသည့်၊ စိတ်ဝင်စားဖွယ် အကောင်းဆုံးသော မြန်မာ့ အဆန်းတကြယ် သတင်းများကို *******Surrealism & Expressionism******* နည်းဖြင့် စဉ်ဆက်မပြတ် စုစည်း တင်ပြပေးနေသော ********Post-Modern News Agency******* တစ်ခု ဖြစ်ပါသည်။

    ReplyDelete
  6. တချို့ အခြောက်တွေပါ။ အဲကောင်တွေ နဲ့ ယောင်္ကျားအစစ်တွေ မရောနဲ့ဗျာ.။ အခြောက်ဆိုတာ စိတ်ရောဂါသည် တမျိုးပဲ။ မိန်းကလေး အတွင်းခံကို ရူးသွပ်တဲ့လူကတော့ သူဟာသူ ဝယ်မှာပဲ။ အားလုံးကို ကိုယ်စားမပြုတဲ့ သတင်းစုတ်တွေ ကို အချိန်ကုန်ခံမရေးပါနဲ့။ Keyboard နာတယ်။

    ReplyDelete
  7. အဲလိုသတင်းမျိုးတင်ပီးတော့ ယောက်ျားလေးတွေလို့ အားလုံးကို ခြုံငုံသုံးထားတာ မဖြစ်သင့်ပါဘူး ဒီသတင်းဌာနဆိုဒ်မှာ ယောက်ျားလေးစစ်စစ်မရှိတော့ဘူးလား ရှိရင်မတင်သင့်ဘူး ယောကျာ်းစစ်စစ်ရှိလို့ တင်ရင်တော့ အခြောက်တွေလို့သုံးသင့်တယ် ဘယ်လိုသတင်းဆိုဒ်မျိုးလဲ ဒုက္ခပါပဲ ဒါကို လာဖတ်တယ်မထင်နဲ့ လူတွေ FB မှာရှယ်ထားလို့ ဖြစ်နိုင်မဖြစ်နိုင် လာဖတ်ကြည့်တာ သတင်းဆိုဒ်လေသေချာစီစစ်စေချင်ပါတယ် သတင်းမီဒီယာကြောင့် ယောက်ျားလေးတွေ သိက္ခာထိခိုက်ပါတယ် ဘယ်ယောကျာ်းစစ်စစ်မှ အဲလိုအသုံးအဆောင်တွေမသုံးပါဘူး ပေါက်လွှတ်ပဲစား သတင်းဖြစ်ပီးေ၇ာ ငါတို့ဆီကယောက်ျားလေးတွေလဲအဲလိုပဲ လို့ဆိုရင်လဲ မှတ်ချက်လေးဘာလေးထည့်ပေးပါ ...တိုက်ခိုက်လိုစိတ်မရှိပါ မိမိကြောင့်တစ်ပါးသူအထိခိုက်စေချင်ပါ စေတနာဖြင့်

    ReplyDelete
  8. @January 27, 2011 3:29 AM
    ဒီဆိုက်ရဲ့ သတင်း လေးငါးပုဒ်လောက် တော့ အနဲဆုံး ဖတ်ကြည့်ပြီး သတင်းတွေက ဘာကို ဆိုလိုထားတာလဲ ဦးဏှောက်တော့ သုံးသင့်ပါတယ် ဟေ့လူရေ.....
    မူရင်းသတင်းကိုလဲ လင့်ခ်ပေးထားတာပဲလေ......
    ဒီဆိုက်က လက်ရှိဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်တွေကို သရော်လားတာလေ ငါ့လူရ။
    အခုသတင်းကလဲ မူလ သတင်းရေးတဲ့ VOICE ရဲ့ သတင်းဖော်ပြမှုနဲ့ သတင်းရေးသားပုံ အဆီအငေါ် မတည့်တာကို သရော်ထားပုံရတယ်။
    ယှဉ်ဖတ်.. သုံးသပ်... ဦးဏှောက်လေး သုံးအုံးပေါ့ ဆြာသမားရေ။
    တကယ်တန်း ဝေဖန်ရမှာက The VOICE ငါ့လူရ...သူတို့က ယောက်ျားလေးတွေ အလှပြင် ပစ္စည်းသုံးတယ်လို့ တကယ့် သတင်းအစစ် (True & Authentic News) အနေနဲ့ ရေးတာဗျ။ အဲဒီ သတင်းမျိုး သူတို့ မရေးသင့်ဘူးလေ........ယောက်ျားလေးတွေကို သိက္ခာချတာ သူတို့ပဲ။
    ဒီဆိုက်က သတင်းတွေ အကုန်လုံးက နောက်ထားတာချည်းပဲ ကိုယ့်လူ။ (Satires တွေ) Jokes News ခေါ်ချင်လဲ ခေါ်ပေါ့။ (သတင်းအစစ်ကိုလဲ လင့်ခ်ပေးထားတယ်)။ ဒီဆိုက်က သတင်းတွေ တခုခု လွဲနေရင် ထောက်ပြ သရော်တဲ့ ဆိုက်ပါ။
    ဆိုတော့.. အပေါ်က သတင်းက သရော်တဲ့ သတင်းလေ..
    စာတပုဒ်က ဘာဆိုလိုသလဲ နားလည်အောင် ကြိုးစားဖို့ လိုအပ်ပါတယ်။

    ReplyDelete
  9. တချိုငနဲတွေက သရော်စာဆိုတာကိုဖတ်ဖူးပုံမရဘူး
    post modern စာပေကိုလည်းသေသေချာချာဖတ်ဖူးပုံမရဘူး

    ReplyDelete
  10. you guyrs are so funny :P .... ဟုတ်ပ။ ဖတ်ပြီး အတည်ပေါက်ကြီးနဲ့ ဟိန်းလား ဟောက်လား လုပ်နေကြတယ်။ ရူးပ။း))

    ReplyDelete
  11. သရော်စာဆိုတိုင်းလဲ အကျိုးရှိမှရေးတာကောင်းမယ်။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။