Thursday, May 5, 2011

မြန်မာနိုင်ငံသားများ ၀င်ငွေ အထူးမြင့်မား

(၀င်ငွေ ကျပ် ၁ သန်း သတင်း)

တစ်လလျှင် ၀င်ငွေ ၁ သန်း ရှိသော မြန်မာနိုင်ငံသားများသည် ဈေးသက်သာသည့် ငါးသိန်းတန် တယ်လီဖုန်းများကို ကိုင်တွယ် အသုံးပြုနိုင်ခြင်း မရှိသေးကြောင်း သတင်းတစ်ပုဒ်က ဖော်ပြသည်။ အဆိုပါ တစ်လ ၁ သန်း ၀င်ငွေရှင်များမှာ နောက်ထပ် စီမံကိန်းဖြင့် တယ်လီဖုန်းလိုင်း ၄ သန်း တိုးချဲ့ချိန်၊ တယ်လီဖုန်းများ ယခုထက် ပိုမို ဈေးကျသော အခါတွင်မှ ဖုန်းကိုင်နိုင်ကြမည် ဖြစ်ကြောင်း အဆိုပါ သတင်းက ဆိုသည်။

အထက်ပါ သတင်းအရ ငါးသိန်းတန်ဖုန်းများကို အသုံးပြုသူများမှာ တစ်လ ၀င်ငွေ ၁ သန်းကျပ်ထက် များစွာ ပိုမိုလိမ့်မည်ဟု ယူဆရသည်။ ထို့ကြောင့်  မြန်မာနိုင်ငံသားများ ၀င်ငွေ အထူးမြင့်မားနေကြပြီဟု အဆိုပါ သတင်းအရ မှတ်ယူနိုင်သည်။

"အများသူငါ ငါးသိန်းတန် ဖုန်းကိုင်နေချိန်မှာ၊ တစ်လ ၁ သန်း ၀င်ငွေရှိသူတွေ ဖုန်းမကိုင်ဘူး ဆိုတော့ ဒီလူတွေ တော်တော် ကပ်စီးနည်းလို့ ဖြစ်ရမယ်" ဟု မြေနီကုန်းတွင် ကွမ်းယာရောင်းနေသူ တစ်ဦးက မှတ်ချက်ချသည်။

တယ်လီဖုန်း တစ်လုံး ငါးသိန်းကျပ် ဟူသော ပမာဏမှာ နိုင်ငံတကာနှင့် နှိုင်းယှဉ်လျှင် အတော်အတန် ဈေးကြီးနေသေးသော်လည်း မြန်မာနိုင်ငံအတွင်းက ပြည်သူလူထုကမူ ဈေးသက်သာသည်ဟု ယူဆလျက် ရှိကြပြီး လူဦးရေ အတော်များများ အသုံးပြုလျက်ရှိကြသည်။ လက်ရှိအခြေအနေတွင် မြန်မာပြည်၌ တယ်လီဖုန်းလိုင်း ၂ သန်းကျော် ရှိသည်။


@MK




အပြည့်အစုံ ဖတ်ရှုရန် ...

3 comments:

  1. SSA သောင်းကျန်းသူတွေသတ်ဖြတ်လို့ သေကြေသွားရတဲ့ ပညာရေးဝန်ထမ်း ဆရာ ဆရာမများ(ဓာတ်ပုံ)

    http://padaukmyay.blogspot.com/2011/05/blog-post_2089.html

    ReplyDelete
  2. တစ်လတစ်သန်းလောက်ဝင်........ဘာလဲ သန်းဆိုတာ ခေါင်းကသန်းကို ပြောတာလား.....ဒါမှမဟုတ်...ကျပ်ကို ပြောတာလား...ကျပ်ကတော့ မဖြစ်နိုင်ဘူး...သမားတ သိန်းစိန်တောင် သိန်း ပဲ သန်းမဖြစ်ဘူး ......သန်းရွေဆိုတော့ဟုတ်မှာပေါ့

    ReplyDelete
  3. ဗီယက်နမ် Dong နဲ့လစာကိုတွက်တာဖြစ်မှာပါ။
    ဗီယက်နမ်မှာ အောက်ခြေအလုပ်သ္မားတွေတောင် ဗီယက်နမ်Dong 2,000,000VND= USD 100 လောက်ရကြတာလေ။
    မြန်မာပြည်လဲ ဗီယက်နမ်နဲ့ရွှေလမ်းငွေလမ်းဖေါက်နေတာဆိုတော့ မြန်မာတွေလဲမကြာခင် လစာတွေ သန်းနဲ့ချီပြီးရကြတော့မှာပေါ့။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။