Saturday, May 28, 2011

ထိုင်း သတင်းစာ နှစ်စောင်တွင် မည်သည့် သတင်းမျှ ပါဝင်တော့မည် မဟုတ်


ထိုင်းနိုင်ငံမှ အင်္ဂလိပ် ဘာသာဖြင့် နေ့စဉ် ထုတ်ဝေလျက် ရှိသော နာမည်ကြီး Bangkok Post နှင့် The Nation သတင်းစာကြီး နှစ်စောင်တွင် သတင်းများ ထည့်သွင်း ဖော်ပြခြင်း ပြုတော့မည် မဟုတ်ကြောင်း သိရှိရသည်။

သတင်းများ လုံးဝ ဖော်ပြတော့မည် မဟုတ်သဖြင့် Bangkok Post နှင့် The Nation တို့ကို "သီတင်းစာ" ဟု ပြောင်းလဲ ခေါ်ဝေါ်လိုက်သည်။ အဆိုပါ "သီတင်းစာ" များတွင် "သီတင်းသီလ" ဆောက်တည်ခြင်းနှင့် သက်ဆိုင်သည့် အကြောင်းအရာများနှင့် ဘုရားကျောင်းကန် များတွင် "သီတင်းသုံး" နေကြသော ရဟန်းတော်များ၏ ထေရုပ္ပတ္တိများ ကိုသာ ဖော်ပြတော့မည် ဖြစ်ကြောင်း "သီတင်းစာ" ၏ အယ်ဒီတာများက BSN ကိုပြောသည်။ သီတင်း တစ်ပတ်လျှင် ၇ ရက် ထုတ်ဝေသဖြင့် "သီတင်းစာ" ဟု ခေါ်ဝေါ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာ မည်သည့် သတင်းမှ ပါဝင်တော့မည် မဟုတ်သဖြင့် Bangkok Post နှင့် The Nation တို့သည် "သတင်းစာ" များ မဟုတ်ကြတော့ကြောင်း အဆိုပါ အယ်ဒီတာများက ပြောဆိုလိုက်သည်။


Read More ...

1 comment:

  1. BSN ရေ နောက်ဆုံးသတင်းတခုရတယ် ။ Bangkok Post ရော The Nation ပါ ရန်တုန်မှာ သူတို့ 
    သတင်းစာတွေ မဖြန့်တော့ဘူးတဲ့ ။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်က စာပေစိစစ်ရေးရဲ့ စည်းကမ်းကို လိုက်နာဘို့ ရာ အဆင်မပြေလို့ပါတဲ့ ။
    စာပေစိစစ်ရေးက ရေးမဲ့ သတင်း ကို ၇ ရက် စာမူကြိုပို့ ပေးရမယ်ဆို ဘဲ ။
    ရှေ့အနာဂါတ် ကို ၇ ရက်လောက်ကိုကြိုသိ နိင် စွမ်းမရှိတဲ့ ထိုင်းသတင်းစာ ၂စောင် လုံး
    အစီအစဉ် ပယ်ဖျက်လိုက်ကြပြီတဲ့ ဗျာ ။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။