Thursday, May 26, 2011

မူလတန်း ကျောင်းသား တစ်ဦးအား တစ်နေ့လျှင် ၁ ကျပ်၊ ၃၁ ပြား နှုန်းဖြင့် ထောက်ပံ့လျက်ရှိ


၂၀၁၁-၂၀၁၂ ပညာသင်နှစ် တစ်နှစ်တာလုံး အတွက် မူလတန်း ကျောင်းသူ ကျောင်းသားများအား နိုင်ငံတော်မှ ငွေကျပ် သန်း ၂၄၀၀ တန်ဖိုးရှိ ကျောင်းသုံးစာအုပ်များ ထောက်ပံ့ခဲ့ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် တွေ့ရသည်။ မူလတန်း တက်ရောက်နေသူ ကျောင်းသူ ကျောင်းသား စုစုပေါင်းမှာ ၅ သန်းကျော် ဖြစ်သဖြင့် တစ်ဦးလျှင် တစ်နှစ်တာ အတွက် ထောက်ပံ့ခံရသည့် ငွေကြေး ပမာဏမှာ- ၄၈၀ ကျပ် ဖြစ်သည်။ သို့ဖြစ်ရာ ကျောင်းသူ ကျောင်းသား တစ်ဦးချင်းကို တစ်နေ့လျှင် ၁ ကျပ် ၃၁ ပြားနှုန်းဖြင့် ထောက်ပံ့ခြင်း ဖြစ်သည်ဟု သိရှိရပါသည်။

@71


1 comment:

  1. စောက်ပေါကြီး သန်းရွှေMay 30, 2011 at 6:57 PM

    ကျောင်းသားတယောက် ကျောက်သင်ပုန်း တစ်ချပ်ကို သူငယ်တန်းစတက်တဲ့နှစ် မှာ အကြွေးနဲ့ဝယ်လိုက်မယ်ဆိုရင် ၁၀ တန်းမအောင်ခင် အဲဒီထောက်ပံ့ကြေးကြောင့် သူ အကြွေးကြေနိုင်ပါတယ်...

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။