Wednesday, May 11, 2011

အိုစမာ ဘင်လာဒင်ကို ရှင်းလင်းပြီးနောက် အမေရိကန်လေတပ် အင်အား ဆယ်ပုံတစ်ပုံ အထိလျှော့ချ

အိုစမာ ဘင်လာဒင်ကို ရှင်းလင်း သုတ်သင်ခဲ့ပြီးနောက် အမေရိကန်လေတပ် ကို မူလ အင်အား သုံးသိန်း သုံးသောင်းခန့် (Click Here) မှ သုံးသောင်း သုံးထောင်ကျော်သို့ လျှော့ချလိုက်ကြောင်း သတင်းဆောင်းပါး တစ်ပုဒ်တွင် ရေးသားသည်။ အကြမ်းဖက်မှုများ ဖြစ်မလာနိုင်တော့ဟု ယူဆသဖြင့် ယခုကဲ့သို့ အင်အား လျှော့ချခြင်း ဖြစ်ပုံရသည်။


တစ်ချိန်တည်းတွင် အမေရိကန် လေတပ်အနေဖြင့် F-22 (Falcon) လေယာဉ်များကို ထုတ်လုပ်ကြောင်း အဆိုပါ ဆောင်းပါးက ဖော်ပြသည်။ လေယာဉ် အမျိုးအစားသစ် သတင်းကြောင့် အမေရိကန် လေတပ်တွင် ဂယက်ရိုက်သွားသည်။ လောလောဆယ် အနေအထားတွင် F-22 Raptor လေယာဉ်အမျိုးအစားသာ ရှိသေးသဖြင့် ယခု အသစ်ပေါ်ပေါက်လာသော F-22 (Falcon) လေယာဉ်ကို မည်သူက မည်သူ့အတွက် မည်သို့မည်ပုံ ထုတ်လုပ်ခဲ့သနည်း ဆိုသည်ကို သိနိုင်ရန် အတွက် ကော်မရှင် တစ်ရပ် ဖွဲ့စည်းကာ စုံစမ်း စစ်ဆေးရန် ပြင်ဆင်နေကြသည်။

@ဖေသက်အောင်


Read More ...

2 comments:

  1. F22 Falcon ဆိုတာ F 22 Raptor နဲ့  F 16 Falcon ကိုပေါင်း
    ထားတာဖြစ်မယ် .. နံပါတ် တွေချည်းပဲ ဆိုရင် F 38 လို့ ပြောရမှာပေါ့
    ဒါပေမယ့် F 35 Lightning ဆိုတာ ရှိပြီးသား ဆိုတော့ F 38 လို့ ပေး
    လိုက်ရက် F 35 နဲ့ ထင်ယောင်ထင်မှားဖြစ် မှာ စိုးပုံရတယ် ဒါ့ကြောင့်
    F 22 Falcon လို့ ပေးလိုက်တာဖြစ်မယ် ..ဒါမှ မဟုတ်ရင်လဲ F 16 Raptor လို့ ခေါ်ပေါ့ .. ဒီလို ဖြစ်မယ်ထင်တယ်..။

    ReplyDelete
  2. inn?????inn?????inn????

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။