ဗုဒ္ဓမြတ်စွာနဲ့ ပတ်သက်လို့ Satire မလုပ်ချင်လို့ ရိုးရိုးပဲ ရေးလိုက်ပါတယ်။ မကြာသေးမီက မီဒီယာ တစ်ခုမှာ သာသနာနှစ် လွဲနေတုန်းကလဲ ထောက်ပြခဲ့ဖူးပါတယ် (Click Here)။
ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုတာ မြတ်စွာဘုရား ဖွားမြင်တော်မူတဲ့နေ့၊ သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရတော်မူတဲ့နေ့ နဲ့ ပရိနိဗ္ဗာန် စံလွန်တော်မူတဲ့နေ့ ရယ်လို့ သိရှိ မှတ်သားဖူးပါတယ်။ မြန်မာအပါအ၀င် ဗုဒ္ဓဘာသာဝင်တွေရဲ့ အစဉ်အလာ မှတ်သားချက်တွေအရ ဒီနှစ်ဟာ သာသနာနှစ် ၂၅၅၅ ခုနှစ် ဖြစ်တာကို တွေ့ရပါတယ်။ ကမ္ဘာ့ သမိုင်းပညာရှင်တွေရဲ့ သမိုင်းအထောက်အထား တွေ့ရှိချက်အရ တွက်ချက်ထားတဲ့ သသနာတော် သက္ကရာဇ်နဲ့ ဗုဒ္ဓမြတ်စွာ ဖွားမြင်တော် မူတဲ့ ခုနှစ်တွေကတော့ အစဉ်အလာ မှတ်သားချက်တွေနဲ့ ကွဲလွဲမှု ရှိပါတယ်။
သာသနာနှစ် ၂၅၅၅ ဆိုတာ ဗုဒ္ဓဘာသာဝင်များ အမှတ်အသားပြုထားတဲ့ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတဲ့နှစ်ကို အခြေခံပြီး တွက်ချက်ထားတာပါ။ ဗုဒ္ဓမြတ်စွာဟာ ဘုရားဖြစ်တော်မူချိန်က စပြီး ၄၅ ၀ါ ပတ်လုံး တရားရေအေး တိုက်ကျွေးခဲ့တဲ့အတွက် အဲဒီ ၄၅ နှစ်ကို သာသနာနှစ် ၂၅၅၅ မှာ ထည့်ပေါင်းလိုက်ခြင်းဖြင့် နှစ်ပေါင်း (၂၆၀၀) ကို ရရှိမှာ ဖြစ်ပါတယ်။ ဒီတော့ မြတ်စွာဘုရားသခင် ဟာ လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ က ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့တယ်လို့ သိရှိနိုင်ပါတယ်။ ဒီနှစ်ဟာ ဆိုရင်- ဘုရားဖြစ်တော်မူတဲ့ နှစ်ပေါင်း ၂၆၀၀ ပြည့် နှစ်ပတ်လည်ပါ။ သာသနာနှစ် ၂၆၀၀ ပြည့် နှစ်ပတ်လည် မဟုတ်ပါဘူး။ ကမ္ဘာ့ မီဒီယာတွေမှာ 2,600th Anniversary of the Buddha’s Enlightenment (ဘုရားအဖြစ်သို့ရောက်တော်မူတဲ့ ၂၆၀၀ ပြည့် နှစ်ပတ်လည်) လို့ပဲ ဖော်ပြကြတာကို တွေ့ရမှာ ဖြစ်ပြီး သာသာနာတော် သက္ကရာဇ်နဲ့ ဘာမှ မသက်ဆိုင်ဘူး ဆိုတာကို မှတ်သား သိရှိရပါတယ်။
နဲနဲ လွဲနေတဲ့ မူရင်းသတင်းက (ဒီမှာ) ပါ
ဒီမှာလဲ ဖော်ပြထားတာ တွေ့ရပါတယ်။
Really thanks for this post!
ReplyDelete