Sunday, December 12, 2010

အောက်အီးအီးအွတ်များ ရန်ကုန်မြို့လယ် ဘီယာဆိုင်များသို့ ပရိုမိုးရှင်းဆင်း

အောက်အီးအီးအွတ်ဟု အော်ဟစ်ကြသည့် အပန်း ဖြေခန်းများသို့ လာရောက်ကြရန်အတွက် အောက်အီးအီးအွတ် ဝန်ထမ်း အမျိုးသမီး များသည် ဘီယာဆိုင်များသို့ ပရိုမိုးရှင်း ဆင်းလာကြကြောင်း သိရသည်။ အဆိုပါ ခြေနှစ်ချောင်း အမျိုးသမီးများသည် စားသောက်ဆိုင်တွင် ထိုင်နေသူ များကို လိပ်စာကတ်ပေးကာ လာ ရောက်ရန် ဖိတ်ခေါ်ကြပြီး ၁ နာရီ ကို ငွေကြေးမည်မျှ ပေးရသည် သိလိုပါက ပြန်လည်ဖြေကြားပေး ကြောင်း သိရသည်။
“ကုန်ပစ္စည်းတွေ အတွက် ပရိုမိုးရှင်းဆင်းတဲ့ ကောင်မလေးတွေ ထင်နေတာ။ ကိုယ့်ကို လိပ်စာလာပေးပြီး မိတ်ဆက်မှ အောက်အီးအီးအွတ်က ဝန်ထမ်းမတွေမှန်းသိ တာ” ဟု ပန်းဆိုးတန်းစားသောက် ဆိုင်တွင် စားသောက်နေသူ တစ် ဦးက ပြောသည်။ အောက်အီးအီးအွတ် အမျိုးသမီးဝန် ထမ်းများမှာ တစ်လလျှင် လစာ ကျပ် ၃ သောင်းမှ ၅ သောင်းဝန်း ကျင်ထိနှင့် ၄င်းတို့ ဝန်ဆောင်မှု ပေး ရသောအခန်းကြေး၏ ၂ဝ ရာခိုင်နှုန်း ရရှိ ကြောင်း၊ ၄င်းအပြင် လာရောက် အပန်းဖြေသူများ ပေးသော ဆုငွေကိုလည်း ရရှိ ကြောင်း သိရသည်။ အချို့သော အောက်အီးအီးအွတ်ဆိုင်များ မှာ အမျိုးသမီး ဝန်ထမ်း များ ကို လာရောက် သီဆိုသူက ဝန်ဆောင်မှု ပေး ရန်ခေါ်ပါက ယင်းဝန်ထမ်းကို ဝန် ဆောင်မှုကြေး ကျပ် ၅ဝဝ ပေးရန် သတ်မှတ်ထားကြောင်း သိရသည်။
“ကျွန်မတို့ တစ်ညအခန်း ဘယ်လောက်ဝင်ရတယ်ဆိုတာကို တုံကင်ပြားလေးတွေယူရတယ်။ တုံကင်ပြားအရေအတွက်နဲ့ ပိုက်ဆံ ပြန်ထုတ်ကြတယ်။ တချို့ ပိုက်ဆံ လို တဲ့ သူတွေက တစ်ပတ်တစ်ကြိမ် ပိုက်ဆံထုတ်ကြတယ်။ အများစုက တော့ လကုန်မှပဲ ထုတ်ကြတာ။ ပုံမှန်တော့ တစ်လ တစ်သိန်းကျော်  ရပါတယ်” ဟု ဗိုလ်တထောင်မြို့ နယ်ရှိ အောက်အီးအီးအွတ် အမျိုးသမီး ဝန်ထမ်းတစ်ဦးက ပြောသည်။ လက်ရှိအနေအထားတွင် အောက်အီးအီးအွတ် ဆိုင်များသို့ လာရောက်အပန်းဖြေ သူ နည်းပါး လာခြင်းကြောင့် အောက်အီးအီးအွတ် အမျိုးသမီးဝန်ထမ်းများအား ပရိုမိုးရှင်း ဆင်းခိုင်းစေခြင်းဖြစ်ကြောင်း သိရ သည်။

မင်းထက်စံ

©ပေါ်ပြူလာ မြန်မာ ဂျာနယ်

3 comments:

  1. အောက်အီးအီးအွတ်က ကြက်ဖအော်သံမဟုတ်လား။ ကြက်မအော်သံက ကတော်ကတော်လို့ ထင်တာပဲ။

    ReplyDelete
  2. ပို့စ် မော်ဒန်လို့ မှတ်လိုက်ပေါ့။

    ReplyDelete
  3. ခုခေတ်က အောက်အီးအီးအွတ် ကြက်ဖ တွေလည်း ....ဟိုဒင်းဟိုဟာ... ကြတာပါပဲ...:D :D

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။