Friday, January 14, 2011

မာမွတ် ဆင်ဖြူတော်များ ထုတ်လုပ်မည်

မာမွတ်ဆင်များကို ပုံတူမျိုးပွား Clone လုပ်ပြီး မွေးမည်ဟူသော သတင်းကြောင့်  မြန်မာပြည် မင်တြားကြီး သွားရည်တများများကျနေသည်။ အဖြူရောင် Clone ဆင်များ မွေးထုတ်ပြီး မာမွတ်ဆင်ဖြူတော် လုပ်ကြမည် ဟု သိရသည်။

(Picture: Telegraph)

"မာမွတ်တွေကို ကလုန်း လုပ်လို့ရသွားရင် ဘုရင်ရူးကြီးက အဲ့နည်းပညာယူပြီး ကျန်စစ်သား၊ ငလုံးလဖယ်၊ ညောင်ဦးဖီးတို့ ဘုရင့်နောင်တို့ အနော်ရထာတို့ကို ကလုန်း လုပ်ခိုင်းလိမ့်မယ်" ဟု မြန်မာ့အရေး သုံးသပ်သူ တဦးက ပြောသည်။

"ဆင်ဖြူတော်ကို ကိုယ့်ပြည်တွင်းမှာ Clone လုပ်နိုင်ရင် အယင်တခါတုန်းကလို သူများနိုင်ငံက လွှတ်လိုက်တဲ့ ယတြာဆင်ဖြူကြောင့် ဒုက္ခရောက်ခဲ့သလိုမျိုး ကြုံတွေ့တော့မှာ မဟုတ်ဘူး" ဟု နေပြည်တော် အဆင့်မြင့် အရာရှိကြီး တဦးက ပြောပြသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ဆင်ဖြူတကောင်ကို ရှိခိုး ပူဇော်ပွဲ လုပ်ပြီး တပတ်အတွင်း ဂီရိ မုန်တိုင်းတိုက်ခတ်မှုကို ခံခဲ့ရကာ ပြည်သူများ ဘေးအန္တရာယ် ကြုံခဲ့သည်။

ထိုဆင်ဖြူမှာ ဘင်္ဂလားဒေ့ရှ်ကို တိုက်ခတ်မည့် မုန်တိုင်းကို ရှောင်လွှဲရန် ဂါထာမန္တရား မန်းမှုတ် ပို့လွှတ်လိုက်သည့် ယတြာ ဆင်ဖြူ ဖြစ်သည်ဟု ဆိုသည်။ ထိုဆင်ဖြူကြောင့် ပြည်သူများ ဒုက္ခရောက်ကြသည်။ (သတင်းပြန်ဖတ်ရန်)

(ဇာနည်မာန် လက်တို့သည်)

သတင်း အပြည့်အစုံ

1 comment:

  1. Z Mann လည်း မော်ဒန်သမား ဖြစ်သွားဘီ
း)

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။