Thursday, January 27, 2011

ဗိုလ်ချုပ်ဈေး မီးလန့်

ရန်ကုန်မြို့ရဲ့ အထင်ကရ ဈေးကြီးတခုဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဈေး (ခေါ်) စကော့ဈေးမှာ ယမန်နေ့ ဇန်န၀ါရီလ ၂၆ ရက်နေ့ ညနေပိုင်း ၄ နာရီလောက်က ဦးလေးကြီး ဂါဝန်ဆိုင် ကနေတဆင့် လောင်ကျွမ်းခဲ့တဲ့ မီးဟာ ဈေးသူဈေးသားတွေရဲ့ စိတ်တည်ငြိမ်စွာ ကသိုဏ်းရှုမှုကြောင့် ညနေ ၄း၁၅ လောက်မှာ "လန့်" ပြီးတော့ ထွက်ပြေးသွားခဲ့ပါတယ်။

(Photo: Irrawaddy)

ဗိုလ်ချုပ်ဈေးမှာ မီးစတင် လောင်ကျွမ်းတာနဲ့ ချက်ချင်းပဲ ဈေးသူ ဈေးသား အားလုံးဟာ အဲဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာပါတဲ့ မီးသတ် ဦးစီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း (သတင်း- Click Here) မီးလောင်လျှင် ထွက်မပြေးဘဲ စိတ်တည်ငြိမ်စွာနဲ့ မတုန်မလှုပ် ရပ်တန့်နေကြကာ အဂ္ဂိ-ကသိုဏ်း (ခေါ်) မီးကသိုဏ်း ရှုကြတယ် လို့ သိရပါတယ်။


သို့ကလို မီးကသိုဏ်း ရှုလိုက်တဲ့အတွက် ၁၅ မိနစ်အကြာမှာ လောင်နေတဲ့ အဲဒီ.. မီး- လန့်ပြီးတော့ ငြိမ်းသွားတယ်လို့ ဆိုပါတယ်။ မီးသတ်ဦးစီးဌာနအနေနဲ့တော့ မီးငြိမ်းသတ်ဖို့ လာရောက်တာကို မတွေ့ရဘဲ အဝေးထိန်း remote control မီးငြိမ်းသတ်စနစ် (သို့မဟုတ်) အဝေးထိန်း စိတ်စွမ်းအင်နဲ့ ငြှိမ်းသတ်လိုက်တယ်လို့ မြန်မာ့ရုပ်သံက သတင်း ထုတ်လွှင့်သွားပါတယ်။ (မီးလောင်မှု သတင်း-ရှု။)

မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ်အတွင်း အထင်ကရ ဈေးကြီးများ အလှည့်ကျ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး၊ ၂၀၁၁ နှစ်အတွက် ကျန်ရှိတဲ့ ဈေးကြီးများက မီးလောင်ခံရဖို့ အလှည့်စောင့်ဆိုင်းလျက် ရှိရာမှာ အခု ဗိုလ်ချုပ်ဈေး မီးလောင်မှုဟာ ပထမဆုံး အကြိမ်ဖြစ်တယ်လို့ သိရပါတယ်။ (သတင်းဖော်ပြပြီး၊ Click Here)

(Let-toe-thu: ပရလောကသားများ)

1 comment:

  1. တိုက်ဆိုင်လိုက်တာ.. မီးသတ်ဌာနက ကြေငြာပြီးပြီးချင်းကို ဖြစ်တော့တာပဲ.. :P

    ဖတ်ဖူးတဲ့ ဟာသထဲကလိုဖြစ်နေပြီ.. မီးမလောင်ခင် ၁နာရီလောက် ကြိုပြီး မီးသတ်ဌာနကို ဖုန်းဆက်ထားမယ်ဆိုရင် ဘာမှ ထိခိုက်ဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်ပေးမယ်ဆိုပဲ.. :P

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။