Friday, January 28, 2011

ပါတီတစ်ခုက နိုင်ငံရေးသမားများကို အမျိုးအစားခွဲခြားပြ

၂၀၁၀ ရွေးကောက်ပွဲ ၀င်ခဲ့ပြီး တရားဝင် ရပ်တည်လျက်ရှိသော နိုင်ငံရေး ပါတီတစ်ခုက နိုင်ငံရေးသမား သုံးမျိုးရှိကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။

အဆိုပါ ပါတီ၏ ယာယီ ဥက္ကဌ ဖြစ်သူက နိုင်ငံရေးသမားများကို အောက်ပါ အတိုင်း ခွဲခြားနိုင်သည်ဟု ဆိုသည်။

၁။ မိဘလုပ်စာ ထိုင်စားသော နိုင်ငံရေး သမား
၂။ သားသမီး လုပ်စာ ထိုင်စားသော နိုင်ငံရေးသမား
၃။ ကိုယ့်ထမင်း ကိုယ်ရှာစားသော နိုင်ငံရေးသမား

ယခုကဲ့သို့ ကမ္ဘာ့ နိုင်ငံရေး ဇာတ်ခုံတွင် မကြုံဖူးသေးသည့် Types of Politicians ကို ဆန်းကြယ်စွာ Definition ဖွင့်ဆိုလိုက်သည့်အတွက် ကမ္ဘာတစ်ဝှမ်းလုံးရှိ ထိပ်သီး နိုင်ငံ့ခေါင်းဆောင်ကြီးများ၊ နိုင်ငံရေးသမားများနှင့် နိုင်ငံရေး အကဲခတ်များ ပါးစပ် အဟောင်းသား ဖြစ်သွားရကြောင်း သိရသည်။




2 comments:

  1. ကိုယ်ကိုယ်တိုင် ငွေမရှာချင်ရင် မယားလုပ်စာ ထိုင်စားပေါ့.. မိန်းမဆိုရင်လည်း လင်လုပ်စာ ထိုင်စားပေါ့.. ရှင်းနေတာပဲ.. (အဲ.. လူပျိုကြီးအပျိုကြီးတွေဆိုရင်တော့ မပြောတတ်ဖူး.. )

    ReplyDelete
  2. ဟုတ်ပါ့ဗျား လင်လုပ်စာထိုင် စားနေသောနိုင်ငံရေးသမား
    မယားလုပ်စာထိုင်စားနေသောနိုင်ငံရေးသမား
    ပြည်သူ့လုပ်စာထိုင်စားနေသောနိုင်ငံရေးသမား ဟု ၃မျိုးထပ်မံဖြည့်စွက်ချင်ပါသည်။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။