အမတ်မင်းတွေအနေနဲ့ အမတ်ကြီး ၀တ်ရုံ ပွပွတွေ ၀တ်ထားရင်.. ကွန်ပြူတာ၊ လက်ကိုင်ဖုန်းနဲ့ အသံဖမ်းစက်၊ ကင်မရာ တွေကို အဲဒီ ၀တ်ရုံ ပွပွတွေ အတွင်းမှာ အလွယ်တကူ လျှို့ဝှက် သယ်ဆောင် လာနိုင်တဲ့ အတွက် ယခုအခါ အမတ်ကြီး ၀တ်စုံများကို ၀တ်ဆင်ခွင့် မပြုတော့ဘဲ အ၀တ်ဗလာ ကိုယ်လုံးတီးနဲ့ လွှတ်တော် တက်ရောက်ကြရမယ်လို့ အမိန့်ချမှတ်တဲ့ အကြောင်း၊ သူတို့ထံ ပေးပို့တဲ့ အမိန့်တော် အသစ်ထဲ မှာ ဖော်ပြထားတယ်လို့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု စမ်းချောင်းမြို့နယ် လွှတ်တော်အမတ် အဖြစ် ရွေးကောက်တင်မြှောက် ခံထားရတဲ့ ဦးစိုးလွင်က ပြောပြပါတယ်။
ဒါဟာ လွှတ်တော်အတွင်း ဆွေးနွေး ပြောဆိုကြတာတွေ တိုက်ရိုက် ပေါက်ကြားမှာ စိုးတဲ့အတွက် အမတ်မင်းတွေ အပေါ် လုံခြုံရေးတွေ တင်းကျပ်ထားလိုက်တဲ့ ကန့်သတ်ချုပ်ချယ်မှု ဖြစ်တယ်လို့ ရန်ကုန်မြို့က ဥပဒေပညာရှင် ဦးအောင်သိန်းက ပြောပါတယ်။
“ဥပဒေရှုထောင့်က ကြည့်ရင်တော့ ဒါ လုံခြုံရေးကို တင်းကျပ်တဲ့ သဘောထား ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဖုန်းကင်မရာတို့၊ အသံဖမ်းစက်တို့ ဘာတို့ ယူသွားမယ်ဆိုရင် Recording လုပ်တဲ့ကိစ္စတွေ၊ လွှတ်တော်အတွင်းမှာ ပြောကြဆိုကြတဲ့ ကိစ္စတွေ၊ အဲဒါတွေ အပြင်ကို တိုက်ရိုက်ကြီး ပြန်မရောက်အောင် ထိန်းချုပ်တဲ့ သဘောထားတွေ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မို့လို့ အဲဒီ ပစ္စည်းတွေကို အမတ်ကြီး ၀တ်စုံတွေထဲမှာ လျှို့ဝှက် မသယ်ယူနိုင်အောင် ကိုယ်တုံးလုံး လွှတ်တော် တက်ခိုင်းတာ ဖြစ်ပါလိမ့်မယ်။ နောက်တခုက ကုန်းဘောင်ခေတ် မြန်မာ့ လွှတ်တော်အတွင်းမှာ အဲဒီ ပစ္စည်းတွေကို လက်ညှိုးထောင် ခေါင်းညိတ်ကြတဲ့ အမတ်ကြီးများက သုံးစွဲခြင်း လုံးဝ မပြုခဲ့ကြဖူးတဲ့ အတွက် ရှေးမူ မပျက် အစဉ်အလာ ထိန်းသိမ်းကြဖို့ ဒီ အမိန့်ကို ထုတ်ပြန်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။“
ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ စတင်မယ့် လွှတ်တော်အသစ်ကို တက်ဖို့အတွက် ရွေးကောက်ခံထားရတဲ့ အမတ်မင်းတွေ အနေနဲ့ လာမယ့် ၂၇ ရက်နေ့မှာ တူညီ ကိုယ်လုံးတီး ၀တ်စုံတွေ ၀တ်ဆင်ပြီးတော့ နေပြည်တော်ရှိ လွှတ်တော်ထဲ ရှေးမူမပျက် နွားလှည်းစီးပြီး အရောက်သွားကြရမှာ ဖြစ်ပါတယ်။
-
ကွန်ပျူတာ၊ လက်ကိုင်ဖုန်း၊ အသံဖမ်းစက်နဲ့ ကင်မရာ
အသုံးပြုခြင်းမရှိတဲ့ ကုန်းဘောင်ခေတ် မြန်မာလွှတ်တော်
(Photo: WikiMyanmar)
သတင်း အပြည့်အစုံသို့
No comments:
Post a Comment
ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။
မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။
တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။
ကျေးဇူးတင်ပါသည်။