Sunday, January 9, 2011

စိုးမြတ်သူဇာ ကတုံး တုံးပြီ

 စိုးမြတ်သူဇာ၏ ဆံပင်ပုံစံ အသစ်ကြောင့် တအံ့တသြ ဖြစ်နေသူနှင့် သဘောကျနေသူ
 
ရုပ်ရှင်မင်းသမီး စိုးမြတ်သူဇာက သူ၏ ဆံပင်ပုံစံကို အကြီးအကျယ် ပြောင်းလဲလိုက်သည်။ ထိုဆံပင်ပုံစံသစ်ကို ယနေ့ထုတ် အလင်းတန်းဂျာနယ်တွင် ဖော်ပြထားသည်။

မင်းသမီး၏ ဆံပင်ပုံစံသစ်ကို မြင်တွေ့ပြီး မင်းသား နေတိုး အံ့သြထိတ်လန့်သွားပုံကိုလည်း အလင်းတန်းဂျာနယ်က မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ထားသည်။

မင်းသမီးသဇင်က အံ့သြဟန် မပြဘဲ စိုးမြတ်သူဇာကို အားကျသည့် ပုံဖြင့် ကြည့်နေကြောင်း တွေ့ရသည်။ သူ၏ ဆံပင်ပုံစံကို စိုးမြတ်သူဇာကဲ့သို့ ပြောင်းလဲရန် ဆုံးဖြတ်ထားပြီးဖြစ်သည်ဟု ရန်ကုန်မှ လာသော အတည်မပြုနိုင်သေးသည့် သတင်းများက ဆိုသည်။

စိုးမြတ်သူဇာ  နည်းတူ အမေရိကန် ပေါ့ပ်အဆိုတော် ဘရစ်တနီ စပီးယားလည်း ကတုံး တုံးခဲ့ဖူးသည်။

(ဇာနည်ဝင်း ပေးပို့သည်)

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။