Wednesday, January 12, 2011

လုံခြုံစွာ မ၀တ်ဆင်သဖြင့် ကျန်းမာရေးထိခိုက်ခဲ့ဟု ရတနာမိုင် ၀န်ခံပြီ

လုံခြုံစွာ ၀တ်စားဆင်ယင်မှု မပြုခဲ့သောကြောင့် လည်ချောင်းနာသည့် ဝေဒနာ ခံစားခဲ့ရပြီး အလုပ်အကိုင်များ ပျက်ခဲ့ရကြောင်း အဆိုတော် ရတနာမိုင် က ယနေ့ ထုတ် မြန်မာပို့စ် ဂျာနယ်ကို ပြောလိုက်သည်။

“သီချင်းတိုက်ရတော့မယ် ဆိုမှ လည်ပင်းက နာလာရပြန်တယ်။ ဒီလိုအခါမျိုးဆို သီချင်းဆိုဖို့ ကလည်း ခက်၊ စိတ်ပြေလက်ပျောက် အပြင်ထွက်ဖို့ တောင် တကယ့် အနှောက်အယှက်ပဲ” ဟု  ချစ်စဖွယ် အဆိုတော်မလေးက ချစ်စဖွယ် ရှင်းပြသည်။

ဝေဒနာ ခံစားရပုံ၊ ထို့နောက် လုံခြုံစွာ ၀တ်ဆင်သဖြင့် ပြန်လည် သက်သာပြီး ချစ်စဖွယ် ပြုံးပြနေပုံများကို ဂျာနယ်တွင် ဓာတ်ပုံများဖြင့် အဆင့်ဆင့် ဖော်ပြထားသည်။


ထိုသတင်းက မြန်မာပြည်တွင် တောမီးပမာ ပျံ့ သွားပြီး ထိုတောမီးက စင်ကာပူရှိ မြန်မာ
အသိုင်းအ၀န်းအထိပင် ရောက်လာသည်။ လုံခြုံရေးက အရေးကြီးသည်ဟု အချင်းချင်း သတိပေးနေကြသည်။

အထူးသဖြင့် အမျိုး သမီးတို့ ၏ လူနေမှု ပုံစံများ ပြောင်းလဲသွားသည်။ စင်ကာပူရောက် မြန်မာအမျိုးသမီး အများအပြား အနွေးထည် အထပ်ထပ် ၀တ်ဆင်ထားသည်ကို တွေ့ ရသည်။  ထိုအပြုအမူမှာ  သိစိတ် နှင့် မသိစိတ်တို့ တွင် အလွန်အကျွံ စိုးရိမ်မှု ဖြစ်ပေါ်ခြင်းကြောင့် ကြိုတင် ကာကွယ်လာကြခြင်း၏ သဘော သဘာဝ ဖြစ်သည်ဟု မြန်မာ့အရေး လေ့လာသူတို့ က ရှင်းလင်းစွာ သုံးသပ်ကြသည်။

ပန်နီဆူလား ပလာဇာရှိ မြန်မာဆိုင်တဆိုင်တွင် ပလုပ်ပလောင်း စားသောက်နေသော အန်တီပန် ဆိုသူ အမျိုးသမီးကြီးက “အေးကွယ်၊ ရတနာမိုင် ပြောလို့  တို့ လည်း လုံလုံခြုံခြုံ ၀တ်နေရတယ်။ စိတ်ချရအောင် နေ့ ရော ညပါ အနွေးထည် ၂ ထပ် ၃ ထပ် ၀တ်ထားရတယ်။ ကျန်းမာရေးက အရမ်း အရမ်း အရေးကြီးတယ်လေ”  ဟု ပြောပြသည်။

“ကျန်းမာမှ အိပ်နိုင် စားနိုင်မယ် မဟုတ်လား”  ဟု ဆီချက်ခေါက်ဆွဲ နောက်တပွဲ ထပ်မှာနေသည့် အန်တီပန်က ပြောလိုက်သည်။

(ဇာနည်ဝင်း ပေးပို့ သည်)

3 comments:

  1. မိုက်တရ်ဟေ့ ဟားဟား ဟား ဟီးဟီးဟီး

    ReplyDelete
  2. အားလုံးဖတ်ပြီးပါပြီ...အကုန်လုံးရယ်ရတယ်...

    ReplyDelete
  3. ဒီဆိုက်ကို အလွန်ပဲ နှစ်သက်မိပါတယ်။ အရေးအသားတွေကလဲ အရမ်းပြောင်မြောက်ပါတယ်။ ကျနော့်ဆိုက်မှာ လင့်ခ်ပေးထားချင်ပါတယ်။

    Lyn Lyn
    www.asiantraveler.co.cc

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။