Sunday, January 9, 2011

City FM က ဆုပေးသဖြင့် အေသင်ချိုဆွေ ပေါက်ကွဲ

အဆိုတော် အေသင်ချိုဆွေသည် City FM က ပေးအပ်သည့် သောတရှင်လိုရာဆုကို ရရှိသဖြင့် မကျေမနပ် ဖြစ်နေကြောင်း ယနေ့ထုတ် အလင်းတန်းဂျာနယ်တွင် ဖော်ပြထားသည်။

ဓာတ်ပုံရိုက်သူကို ခါးထောက်ပြီး ကြည့်နေသော အေသင်ချိုဆွေ၏ အကြည့်က
သူ မည်မျှ ဒေါသ ထွက်နေကြောင်း ဖော်ပြနေသည်

ထိုသို့ ဆု ရလိုက်သဖြင့် “ပေါ့ပျက်ပျက်နဲ့ ပြီးစလွယ် လုပ်လို့ မရတော့ဘူး” ဟူသော သူ၏ ပြောကြားချက်ကို အလင်းတန်းဂျာနယ်က သတင်းခေါင်းစည်းအဖြစ် အသုံး ပြုထားသည်။

“ဒီလိုဆုတွေ ရထားတဲ့ အေသင့်မှာ တာဝန် အရမ်းကြီးသွားပါပြီ” ဟု တဖြည်းဖြည်း အောင်မြင် ထင်ရှားလာသည့် အဆိုတော် အေသင်ချိုဆွေက အလင်းတန်းဂျာနယ်ကို ဒေါနှင့်မောနှင့် ပြောပစ်လိုက်သည်။

အနယ်နယ်အရပ်ရပ် ပရိသတ်၏ အားပေးမှုကို ရရှိနေသော အဆိုတော်၏ အမည်ရင်းမှာလည်း အေသင်ချိုဆွေ ပင် ဖြစ်သည်ဟု ဆိုသည်။

အင်္ဂလိပ်စာလုံး A ကို ရေးတတ်ဖတ်တတ်စေရန် အကြိမ်ကြိမ် သင်ခဲ့ရသူဖြစ်သောကြောင့် ထိုအမည်တွင်ခဲ့သည်ဟု တချို့က ယူဆသည်။ ဂရိနိုင်ငံ မြို့တော်တွင် မွေးဖွားခဲ့သူဖြစ်သဖြင့် ထိုအမည် ရခဲ့သည်ဟု တချို့ကလည်း ထင်ကြေးပေးသည်။ အမည်ရင်း အေးသင်း မှ အေသင်သို့ ရွေ့လျားသွားခြင်းလည်း ဖြစ်နိုင်သည်ဟု ယူဆသူများလည်း ရှိသည်။

အေသင်ချိုဆွေကမူ သူ၏ အမည်မှာ ဗေဒင်ဆရာ၏ အိုင်ဒီယာ ဖြစ်သည်ဟု စာနယ်ဇင်းသမားများကို ပြောပြလေ့ရှိသည်။

(ဇာနည်ဝင်းပေးပို့သည်)

1 comment:

  1. Yes. She is very, very angry in the photo. Ha ha ha! How did you guys find it out??

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။