လွှတ်တော်အတွင်း အမတ်များအားလုံး နှာခေါင်းပိတ်ထားကြရမည်
ဇန်န၀ါရီ ၃၁ ရက်တွေ ကျင်းပမည့် လွှတ်တော် တက်ရောက်ရန် နေပြည်တော်သို့ ကြိုတင်ရောက်ရှိနေသော အမတ်မင်းများ ယနေ့အထိ ရေမချိုးကြရသေးကြောင်း သတင်းရရှိသည်။ (သတင်းကို ဒီမှာ ဖတ်ပါ)

(Irrawaddy News)
အမတ်မင်းများအနေဖြင့် ရေမချိုးဘဲ လွှတ်တော် တက်ကြရမည် ဖြစ်ရာ လွှတ်တော်အတွင်း အမတ်မင်းများထံမှ နံစော် ပုတ်ဟောင်သည့် ကိုယ်သင်း ရနံ့များ ထွက်ရှိနေမည်ဖြစ်သည်။
ထိုသို့ အနံ့များ ထွက်ရှိနေမည် ဖြစ်သဖြင့် လွှတ်တော်အတွင်း ရောက်ရှိနေသူ အားလုံး အချိန်ပြည့် နှာခေါင်း ပိတ်ထားကြရမည် ဖြစ်ကြောင်း သိရသည်။ လွှတ်တော် အမတ်များ အနေဖြင့် လွှတ်တော်အတွင်းသို့ မည်သည့် အရာဝတ္ထုမျှ ယူဆောင်ခွင့် မရှိဘဲ ကိုယ်လုံးတီး ၀တ်စုံများဖြင့် လွှတ်တော် တက်ရောက်ကြရမည် ဖြစ်သဖြင့်၊ နံစော်သည့် ကိုယ်သင်းနံ့များကို ကာကွယ်ရန် နှာခေါင်းစည်းဟု လည်းကောင်း၊ မျက်နှာဖုံးဟု လည်းကောင်း ခေါ်ဝေါ်သည့် (musk) များ တပ်ဆင်ခွင့် ရကြမည် မဟုတ်ပေ။ (သတင်းဖော်ပြပြီး၊ ပြန်ဖတ်ရန်)
လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ
ရောက်ရှိလာပါပြီ (ကာတွန်း-ဟန်လေး)
သို့ဖြစ်၍ လွှတ်တော်အတွင်း သဘာပတိများ၏ အသင့်ရေးပြီး စာရွက်ပေါ်မှ စာလုံးများအား ဖတ်ပြနေသည်ကို နားထောင်ချင်ယောင် ဆောင်နေချိန်တွင် နှာခေါင်းပိတ်လျက် လည်းကောင်း၊ စာဖတ်ခြင်းပြီးဆုံးသည့် အခါ လက်ခုပ်တီးလျက် လည်းကောင်း၊ လက်ခုပ်တီးနေစဉ် နှာခေါင်းများ အကာအကွယ်မဲ့သွားသဖြင့် နံလာသည်ကို ကာကွယ်ရန် အလျင်အမြန် နှာခေါင်း ပြန်ပိတ်လျက် လည်းကောင်း၊ ပြုမူလှုပ်ရှား နေကြရမည်ဟု သိရသည်။
ဒီလိုပဲဖြစ်မှာပဲ
ReplyDeleteခင်ဗျားတော်တော် ဟာသဥာဏ် ကောင်းတယ်....အားပေးနေပါတယ်..
ReplyDeleteဒီဘလော့လေးသိတာတောင် အတော်နောက်ကျနေတယ် အားပေးပါတယ် နေ့တိုင်းပါခင်ဗျာ။
ReplyDelete