Wednesday, January 5, 2011

၁ ပတ်ပြတ် လွှတ်တော်အမတ် သင်တန်းကြီး

မှူးကြီးမတ်ရာ သေနာပတိ ၀န်ကြီး အမတ်ကြီးများ (Photo: IB)

မြန်မာ့ ပညာရေးစနစ်သည် ကမ္ဘာပေါ်တွင် အကောင်းဆုံးစနစ်ဖြစ်ကြောင်း နေပြည်တော် ပညာရှိချုပ်ကြီး ဆြာဖောရွှေက ယမန်နေ့က အတည်ပြု ပြောကြားလိုက်သည်။

”အရည်အချင်းသည် အာပလာ၊ အရေအတွက်သည်သာ အခရာ” ဆိုသော ဆောင်ပုဒ်နှင့်အညီ မြန်မာ့ပညာရေးစနစ်ကို ဖေါ်ဆောင်လျှက်ရှိပြီး နိုင်ငံတော်မှ အခွံသာရှိသော တက္ကသိုလ်များကို အမြောက်များတည်ဆောက်ပြီး သုံးစား၍ မရသော ဘွဲ့ရပညာမတတ်များစွာကိုနှစ်စဉ် အမြောက်အများ မွေးထုတ်ပေးလျှက်ရှိပါသည်။
မူကြိုတန်းမှ Ph.D တန်းများအထိ အထူးထူးအထွေထွေသော ၁ လပြတ်၊ ၂ လပြတ်၊ ၃ လပြတ်စသည့် သင်တန်းများဖွင့်လှစ်ပြီး စာမေးပွဲတွင် ကောင်းမွန်စွာ ခိုးချတတ်စေရေးအတွက် သင်ကြားလျှက်ရှိပါသည်။

ယခုအထူးတကာ့အထူးဆုံးသော သင်တန်းမှာ နိုင်ငံရေး၊ ဥပဒေပြုရေး  ၁ ပတ်ပြတ် သင်တန်းကြီးကို နေပြည်တော်မြို့တော်ကြီးတွင် သင်ကြားပို့ချနေခြင်းဖြစ်ပါသည်။ နိုင်ငံရေးအား နကန်းတစ်လုံးမှမသိသော တစ်သက်လုံး ခိုင်းတာလုပ်၊ ကျွေးတာစား နေထိုင်လာသည့် တပ်မတော်သား ငစနူများ ၁၆၆ ဦးအား လာမည့် လွှတ်တော်တွင် နိုင်ငံတော်အုပ်ချုပ်ရေး ဥပဒေပြုရေး တာဝန်များကို ထမ်းဆောင် တတ်စေရန်အတွက် အနီးကပ် အထူး ရက်သတ္တ ၁ ပတ် နိုင်ငံရေးသင်တန်းကြီးကို ဖွင့်လှစ်သင်ကြားပေးနေသည် ဟူသတည်း။

(ဆရာကြီး K.H.A သတင်းပေးပို့သည်)

သတင်း အသေးစိတ် ဖတ်ရှုရန်

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။