Tuesday, January 11, 2011

မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုများကို ဈေးကောင်းပေးပြီး မွေးစားလျက်ရှိ

အခုနောက်ဆုံးထွက်လာတဲ့ စစ်မှုမထမ်း မနေရ ဥပဒေ ဖြစ်ပေါ်လာတာ ဘိုးဘွားရိပ်သာတွေတောင် ပိတ်ရတော့မယ့် အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ သတင်းများ ရရှိပါတယ်။


ဘာလို့လဲဆိုတော့ ဘိုးဘွားရိပ်သာတွေမှာ သူ့ထက်သူ အသက်ကြီး အဖိုးအဘွားတွေကို မွေးစားမိဘဆိုပြီးမွေးစားနေလို့ပါပဲ။ အသက်၆၀ကျော် တစ်ဈေး ၇၀ ကျော်တစ်ဈေး ၊၈၀ ကျော်တစ်ဈေး နဲ့ နေစဉ်နဲ့အမျှ ပေါက်ဈေးအလိုက် ပြောင်းလဲနေတယ်လို့ သိရပါတယ်။

ဥပဒေအသစ်မှာ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက် နေရင် စစ်မှုထမ်းခြင်းမှ အချိန်ကာလ ရွှေ့ဆိုင်းပြီး၊ စစ်မှု မထမ်းဘဲ ရှောင်တိမ်းခွင့်ရမှာဖြစ်ပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး အိမ်ထောင်သည် တစ်ဦးက အခုလို ပြောပြပါတယ်။
"ကျွန်တော်ဗျာ ဘိုးဘွားရိပ်သာ သွားပြီး အဘိုးအဘွားတွေ မွေးစားဖို့သွားတာ။ ဂိတ်စောင့်တဲ့အဖိုးကြီးတောင်မချန် သန့်ရှင်းရေးအဖွားကြီးလဲ မကျန် အကုန်လူငယ်တွေက မွေးစားနေကြတယ်ဗျ။ အဖိုးကြီးအဖွားကြီးတွေတော့ စိတ်ချမ်းသာရတာပေါ့ဗျာ။ ဒါမို့ အဖိုးအဖွားတွေက ခေါင်းဆောင်ကြီးကို အမျှဝေ အဲ.. သာဓု ခေါ်နေတယ်ဆိုဘဲ။"

စီးပွားရေးအကွက်မြင်တဲ့ လူငယ် တစ်ယောက်ကတော့
"သက်ကြီးရွယ်အိုဆိုတာက လူဦးရေရဲ့ ရာခိုင်နှုန်းနည်းနည်းပဲရှိတယ်၊ ဒါကြောင့်မို့ အခုအဖိုးကြီး အဖွားကြီးတွေကို မြန်မာပြည်ကို import လုပ်ဖို့ စဉ်းစားနေတယ်။ အခုတောင် demand တော်တော်များနေပြီ" လို့ ပြောပါတယ်။

မွေးစားရန်လဲမတတ်နိုင်၊ import လဲ မသွင်းနိုင်သော သူများကတော့ လင်မယား နှစ်ယောက်အနက် လင်ဖြစ်သူသာစစ်ထဲဝင်နိုင်စေရန် ဆုံးဖြတ်ထားကြောင်း၊ လူဦးရေတိုးပွား အောင်ကြံစည်ကြိုးပမ်းကြမှာ ဖြစ်ကြောင်း၊ သားသည်မိခင်များ စစ်မှုထမ်းရန် မလိုတဲ့အတွက် ကလေးများများ မွေးဖွားခြင်းဖြင့် မိန်းမဖြစ်သူ အား စစ်မှုထမ်းခြင်းမှ လွတ်မြောက်စေရန် စီစဉ်နေကြကြောင်း သတင်းရရှိပါတယ်။


(Anno ပေးပို့သည်)

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။