စစ်တမ်းတခုအရ အနှိပ်ခန်းများတွင် အလုပ်လုပ်ကိုင်သူ မိန်းကလေး အများစုမှာ လှိုင်သာယာ မြို့နယ်တွင် နေထိုင်ကြောင်း တွေ့ရသည်။ သို့ဖြစ်၍ တိုင်းပြည်၏ အဆင်တန်ဆာ ဖြစ်သော အဆိုပါ ဇိမ်လုပ်ငန်းများ မပျောက်ကွယ်စေရေးနှင့် ရေရှည် တည်တံ့ခိုင်မြဲရေးကို အနာဂတ်တွင် မထိခိုက်စေရန် အတွက် လှိုင်သာယာ မြို့နယ်အတွင်း ပညာဒါန သင်တန်းများ ဖွင့်လှစ်ကာ အသိပညာ မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ကို အာဏာပိုင်များက မလိုလားခြင်း ဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ပညာဒါန သင်တန်းကို ယခုကဲ့သို့ တားမြစ် ပိတ်ပင်ခြင်း ဖြစ်နိုင်ကြောင်း ပညာရေး ၀န်ထမ်းတဦးက သုံးသပ်သည်။
မြန်မာနိုင်ငံတွင် တိုင်းပြည် ကောင်းကျိုး အတွက် ဆောင်ရွက်သည့် ကောင်းမှု လုပ်ငန်းဟူသမျှကို လုပ်ကိုင်ခွင့် မပြုဘဲ ပိတ်ပင်လေ့ရှိပြီး မကောင်းမှု ဒုစရိုက် လုပ်ငန်း မျိုးစုံကိုမူ အာဏာပိုင်များက လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပေးထားသည်။-
(Screen Shot fr Youtube)
သတင်း အပြည့်အစုံသို့
ဟားဟား ... အတော်ရယ်ရတယ် ကောင်းတယ်ဗျာ အရေးအသားလေးတွေက
ReplyDeleteအမြဲအားပေးနေတယ်နော် ။
အတော့်ကို တိုးတက်လာတဲ့သဘောပေါ့...
ReplyDelete