Friday, January 7, 2011

မြန်မာနိုင်ငံ၏ မြို့ရွာ အသီးသီးတွင် ငယ်ရွယ်သူ အမျိုးသားလူငယ်များ ရှားပါးလျက်ရှိ

လက်ရှိအချိန်တွင် ပြည်ပ၌ အလုပ်အကိုင်အခွင့်အလမ်း များ ရာနှုန်းပြည့်ကောင်းမွန်သည့် အနေအထားတွင် မရှိသေးသော်လည်း မြန်မာ လူငယ် အမျိုးသား အများစုသည် နယ်မြို့များနှင့် မြို့ကြီးများမှတစ်ဆင့် အခွင့်အလမ်းရသည်နှင့် ပြည်ပသို့အလုပ်အတွက် ထွက်ခွာသွားကြသည့် အတွက် မြန်မာနိုင်ငံရှိ မြို့ရွာ အသီးသီးတွင် ငယ်ရွယ်သူ အမျိုးသားဦးရေ လျော့ကျလျက်ရှိပြီး အမျိုးသမီး များသာ ကျန်ရှိတော့ကြောင်း သိရသည်။

"ကျွန်မတို့ ရွာမှာ ဆိုရင် တစ်ရွာလုံး ဟိုဘက် နိုင်ငံကို သွားပြီး အလုပ်လုပ်ကြတယ်လေ။ ဘယ်သူမှ မရှိကြတော့ဘူး။ ရွာမှာ ယောက်ျားဆိုလို့ ရွာဦး ကျောင်းက ဘုန်းကြီးပဲ ကျန်တယ်" ဟု မြန်မာနိုင်ငံ အရှေ့ဘက် ဒေသတစ်ခုမှ အမျိုးသမီး တစ်ဦးက ပြောသည်။ အဆိုပါ ဒေသရှိ အမျိုးသား အများစုမှာ အိမ်နီးချင်း နိုင်ငံ တစ်ခုတွင် ရွှေ့ပြောင်း အလုပ်သမားများအဖြစ် အလုပ်လုပ်ကိုင် နေကြခြင်း ဖြစ်ကြောင်း သိရသည်။

ထိုနည်းတူ အခြား မြို့ရွာများတွင်လည်း ထိုင်း၊ မလေးရှား၊ စင်ကာပူ စသည့် နိုင်ငံများသို့ အိမ်တစ်အိမ်လျှင် လူငယ် အနည်းဆုံး တစ်ဦး သို့မဟုတ် နှစ်ဦးကျစီ ထွက်ခွာ အလုပ်လုပ်ကိုင်နေကြသည့် အတွက် အမျိုးသားများ တဖြည်းဖြည်း ရှားပါးလာကြောင်း၊ ယခုအခါ မြန်မာနိုင်ငံ၏ ရပ်ရွာများတွင် အမျိုးသမီး အများစုသာ နေထိုင်လျက် ရှိကြကြောင်း သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရှုရန်

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။