(Photo: Flicker)
ယာဉ်မတော်တဆမှုနှင့် ကြုံတွေ့ရသော်လည်း ယာဉ်ပေါ်ပါသူများက ခါးပတ် ပတ်ထားလျှင် ပုဆိုးကျွတ်ကျမှု နည်းပါးစေနိုင်မည် ဖြစ်ကြောင်း သိရသည်။ “၁၉၆၄ တုန်းက ကားတွဲစီးတာ မရှိသေးတဲ့အတွက် အဲဒီတုန်းက ထုတ်တဲ့ မော်တော်ယာဉ် ဥပဒေမှာ ဒီ ခါးပတ်ဥပဒေ မပါသေးဘူး။ အခုတော့ ကားတွယ် စီးသူတွေ များလာတော့ တွယ်စီးသူတွေရဲ့ ပုဆိုးတွေ မကျွတ်စေဖို့ ကားစီးသူတွေ အားလုံး မဖြစ်မနေ ခါးပတ်ပတ်ကြရမယ့် ဒီဥပဒေကို ထုတ်ပြန်တာပါ” ဟု ယင်းက ထပ်မံပြောသည်။
အဆိုပါ ဥပဒေအရ လိုင်းကားများတွင် ဂက်စ်အိုးများပေါ် ထိုင်လိုက်ကြရသော ခရီးသည်များ၊ သံဘားတန်းကို ကိုင်ကာ မတ်တပ်ရပ်စီးရသော ခရီးသည်များနှင့် အပေါက်ဝမှတွယ်စီးသော ခရီးသည်များ အားလုံး ခါးပတ်များကို ပတ်ထားကြရန် လိုအပ်ကြောင်း သိရှိရပါသည်။
ယခုအခါ ခရီးသွား သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များ တွင် ခရီးသည် အဆမတန် တင်မှုကြောင့် ကားတွယ်စီးသူများ များလာကြောင်း၊ နောင်တွင် မိန်းကလေးများပါ ကားတွယ် စီးလာနိုင်ကြောင်း၊ ယောက်ျားလေးများ ပုဆိုးကျွတ်လျှင် ကြီးမားသော ပြသနာမဟုတ်ဟု ယူဆလိုက ယူဆနိုင်သော်လည်း၊ မိန်းကလေးများ ထမီကျွတ်လျှင် မသင့်တော်သဖြင့် ဤဥပဒေကို ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း၊ မော်တော်ယာဉ် စီးနင်းရာတွင် ခရီးသည်များ အားလုံး ခါးပတ်ပတ်ရခြင်းမှာ အခြေခံလိုအပ်ချက် တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။
သတင်းအပြည့်အစုံသို့
(ပေါ်ဦး ပေးပို့သည်)
မူရင်းသတင်းမှာ seat belt ကို ခါးပတ်လို့ အလွယ်ပြန်လိုက်တာကိုး။ အရေးခံရတာတောင်နည်းသေး တယ်။
ReplyDeleteမူရင်းက http://www.myanmarnewszone.com/local-news/6434-law-for-seat-belt-in-automobile-to-be-passed.html ကပါ၊ www.burmaworld.com ကသတင်းဌာနတွေကဖြန့်ချီတဲ့သတင်းတွေကို ဖတ်ရလွယ်အောင် RSS များမှတစ်ဆင့် တစ်နေရာထဲမှာစုစည်းတင်ပြထား ခြင်းသာဖြစ်ပါသည်။
ReplyDeleteအရွှန်းအဖောက်ကလေးများဖြင့်စိတ်ရွှင်လန်းစေသောကိုဇီးကွက်မျက်ပြူးရဲ့ဒီဘလော့ခ်အားသဘောကျပါသည်။