Sunday, January 16, 2011

ယာဉ်စီးသူများ ပုဆိုးမကျွတ်စေရန် ခါးပတ်ဥပဒေ ပြဌာန်း

မော်တော်ယာဉ်တိုင်းတွင် ခါးပတ်တပ်ဆင် အသုံးပြုရန်အတွက် “ခါးပတ်ဥပဒေ” တစ်ရပ် ပြဋ္ဌာန်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပညာပေးရေးနှင့် စည်းကမ်းသတ်မှတ်ရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
(Photo: Flicker)

ယာဉ်မတော်တဆမှုနှင့် ကြုံတွေ့ရသော်လည်း ယာဉ်ပေါ်ပါသူများက ခါးပတ် ပတ်ထားလျှင် ပုဆိုးကျွတ်ကျမှု  နည်းပါးစေနိုင်မည် ဖြစ်ကြောင်း သိရသည်။ “၁၉၆၄ တုန်းက ကားတွဲစီးတာ မရှိသေးတဲ့အတွက် အဲဒီတုန်းက ထုတ်တဲ့ မော်တော်ယာဉ် ဥပဒေမှာ ဒီ ခါးပတ်ဥပဒေ မပါသေးဘူး။ အခုတော့ ကားတွယ် စီးသူတွေ များလာတော့ တွယ်စီးသူတွေရဲ့ ပုဆိုးတွေ မကျွတ်စေဖို့ ကားစီးသူတွေ အားလုံး မဖြစ်မနေ ခါးပတ်ပတ်ကြရမယ့် ဒီဥပဒေကို ထုတ်ပြန်တာပါ” ဟု ယင်းက ထပ်မံပြောသည်။

အဆိုပါ ဥပဒေအရ လိုင်းကားများတွင် ဂက်စ်အိုးများပေါ် ထိုင်လိုက်ကြရသော ခရီးသည်များ၊ သံဘားတန်းကို ကိုင်ကာ မတ်တပ်ရပ်စီးရသော ခရီးသည်များနှင့် အပေါက်ဝမှတွယ်စီးသော ခရီးသည်များ အားလုံး ခါးပတ်များကို ပတ်ထားကြရန် လိုအပ်ကြောင်း သိရှိရပါသည်။

ယခုအခါ ခရီးသွား သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များ တွင် ခရီးသည် အဆမတန် တင်မှုကြောင့် ကားတွယ်စီးသူများ များလာကြောင်း၊ နောင်တွင် မိန်းကလေးများပါ ကားတွယ် စီးလာနိုင်ကြောင်း၊ ယောက်ျားလေးများ ပုဆိုးကျွတ်လျှင် ကြီးမားသော ပြသနာမဟုတ်ဟု ယူဆလိုက ယူဆနိုင်သော်လည်း၊ မိန်းကလေးများ ထမီကျွတ်လျှင် မသင့်တော်သဖြင့် ဤဥပဒေကို ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း၊ မော်တော်ယာဉ်  စီးနင်းရာတွင် ခရီးသည်များ အားလုံး ခါးပတ်ပတ်ရခြင်းမှာ အခြေခံလိုအပ်ချက် တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။


သတင်းအပြည့်အစုံသို့

(ပေါ်ဦး ပေးပို့သည်)

2 comments:

  1. မူရင်းသတင်းမှာ seat belt ကို ခါးပတ်လို့ အလွယ်ပြန်လိုက်တာကိုး။ အရေးခံရတာတောင်နည်းသေး တယ်။

    ReplyDelete
  2. မူရင်းက http://www.myanmarnewszone.com/local-news/6434-law-for-seat-belt-in-automobile-to-be-passed.html ကပါ၊ www.burmaworld.com ကသတင်းဌာနတွေကဖြန့်ချီတဲ့သတင်းတွေကို ဖတ်ရလွယ်အောင် RSS များမှတစ်ဆင့် တစ်နေရာထဲမှာစုစည်းတင်ပြထား ခြင်းသာဖြစ်ပါသည်။

    အရွှန်းအဖောက်ကလေးများဖြင့်စိတ်ရွှင်လန်းစေသောကိုဇီးကွက်မျက်ပြူးရဲ့ဒီဘလော့ခ်အားသဘောကျပါသည်။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။