
လာမည့် မတ်လ ၁၅ ရက်နေ့မှ စတင်၍ ကမ္ဘာအရပ်ရပ်ရှိ Facebook စာမျက်နှာများ အားလုံးကို ပိတ်ပစ်တော့မည် ဖြစ်ကြောင်း၊ ဇူဇကာ ဦးဘ၏ သမီးဖြစ်သော Facebook တည်ထောင်သူ
မြန်မာ အမျိုးသမီးငယ် မ-ဇူဇကာ ဘ (Mark Zuckerberg) က ပြောဆိုလိုက်သည်။
"Facebook က အထိန်းအကွပ်မဲ့တွေ ဖြစ်လာလို့ ပိတ်ပစ်လိုက်တာရှင့်" ဟု သူမ၏ Palo Alto ရုံးခန်း အပြင်ဖက်တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ Facebook ကြောင့် အလွန် စိတ်ဖိစီးမှုဒဏ် ခံရကြောင်းနှင့် ထိုကဲ့သို့ အရူးတပိုင်း ဖြစ်ရမှု ဒဏ်ကို အဆုံးသတ်လိုပြီ ဖြစ်ကြောင်းလည်း "မ-ဇူဇကာဘ" က ဆက်လက်ပြောပြသည်။
မတ်လ ၁၅ ရက်နေ့မှ စတင်ပြီး Facebook စာမျက်နှာများ အဆုံးသတ်မည် ဖြစ်သည်။ Facebook မရှိတော့ရင် လူတွေအနေနဲ့ အပြင်လောကမှာ မိတ်ဆွေ အစစ်တွေ ရရှိမှာ ဖြစ်ပြီး လူတွေအတွက် ပိုကောင်းလာမှာ ဖြစ်တယ် ဟူ၍လည်း သူမက ပြောသည်။
ဤသတင်းကြောင့် Facebook အသုံးပြုနေသော လူသန်းပေါင်းများစွာ ဒေါသဖြစ်နေကြောင်း သိရသည်။
အထူးသဖြင့် မြန်မာနိုင်ငံမှ access မရနိုင်သော ဆိုက်များကို တဆင့် ဖော်ပြပေးနေသည့် Facebook စာမျက်နှာများ ပျောက်ဆုံးသွားလျှင် အရေးကြီး သတင်းများကို ဖတ်နိုင်တော့မည် မဟုတ်သည့် အတွက် မြန်မာလူမျိုးများ အထူး ဒေါသထွက်နေကြောင်းလည်း စုံစမ်း သိရှိရသည်။ မြန်မာလူမျိုး ပုဏ္ဏားမျိုးနွယ် ဖြစ်သော "မ-ဇူဇကာ ဘ" သည် မြန်မာများ၏ အကျိုးကို ထိခိုက်စေသည့် ဤသို့သော လုပ်ရပ်မျိုးကို မလုပ်ဆောင်သင့်ဟုလည်း မြန်မာ အင်တာနက် သုံးစွဲသူများက တောက်ခေါက်လျက် မှတ်ချက်ပြုကြသည်။
သို့သော် နိုင်ငံတကာ မိဘများကမူ Facebook မှ Facebook ဖြစ်ပြီး ကွန်ပျူတာ မော်နီတာ ရှေ့မှ ၂၄ နာရီ မျက်နှာ မခွာနိုင်ဖြစ်နေသော ၄င်းတို့၏ သားသမီးများ ကြုံတွေ့နေရသည့် ဘေးဒုက္ခတစ်ခု ကင်းလွတ်တော့မည် ဖြစ်သဖြင့် ၀မ်းသာ ပျော်ရွှင်နေကြသည်ဟု သိရသည်။
Weekly World News (WWN) မှာ ဖော်ပြထားတဲ့ သတင်းဖြစ်ပါတယ်။ (Click)
စိတ်ပူရင်တော့ ဒါကိုဖတ်။
အောင်မလေးစိတ်ပူသွားတာ တော်သေး၏...facebook ကွဲနေတဲ့သူငယ်ချင်းတော်တော်များများကိုပြန်တွေ့ နိုင်တဲ့နေရာလေးမို့ ပါ
ReplyDeleteပြန်ဖြေရှင်းထားတော့ ဖတ်ရတာ ပေါ့သွားတယ်.. :(
ReplyDelete====
လူတွေက ပြောတိုင်း ယုံတာချည်းပဲ.. သတင်းထွက်ကတည်းက weeklyworldnews.com ဆိုပြီး အတိအကျ link နဲ့ ထွက်တာ.. အဲ့ဆိုက်ကို သွားကြည့်တာနဲ့ ဟုတ်မဟုတ် သိနိုင်ပါတယ်ဗျာ.. ကျွန်တော့်လို ငပိန်းတောင် တခြားသတင်း တစ်ပုဒ်နှစ်ပုဒ် ခေါင်းစဉ်ကြည့်တာနဲ့ fake တွေမှန်း သိတယ်.. :S
မဇကာပေါက်က သူ့ကို ဘီလျံနာဖြစ်စေခဲ့တဲ့ ဖေ့စဘွတ်ကို ပိတ်သိမ်းစရာ အကြောင်းမရှိပါဘူး။ ပိတ်ချင်းပိတ် ဒီ Burma Strange News Blog ပဲပိတ်ရမှာပါ။ တမျိုးထင်နဲ့နော် ဘလော့ဂ်ကနေ ပိုပြီး အဆင့်မြှင့် ကောင်းမွန်အောင် ၀က်ဘ်ဆိုက်အသွင်ပြောင်းဖို့ပြောတာ။ :)
ReplyDeleteမဇကာပေါက်ဆိုတဲ့နာမည်က ပိုကောင်းသလိုပဲ.. မူရင်းစာလုံးပေါင်းနဲ့လည်း ပိုနီးစပ်တယ်.. :D
ReplyDelete