Thursday, January 6, 2011

Apple ကုမ္ပဏီမှ မြန်မာပြည်တွင် စူပါကွန်ပျူတာများတပ်ဆင်ထုတ်လုပ်

Apple ကုမ္ပဏီသည် မြန်မာပြည်တွင် စူပါ မော်ဒယ် ကွန်ပျူတာများကို တပ်ဆင်ထုတ်လုပ်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ ကွန်ပျူတာမှာ မြန်မာပြည်အတွက် အထူးသီးသန့် တီထွင်ထားခြင်းဖြစ်ပြီး လျှပ်စစ် ဓာတ်အား အသုံးပြုရန်မလိုအပ်ပဲ ကျောက်သင်ပုန်းနှင့် မြေဖြူခဲသာ လိုအပ်သည်ဟု သိရှိရသည်။
(အောက်ပုံ-စူပါ ကွန်ပျူတာ တစ်လုံး)

(Photo: treehugger.com)

အဆိုပါ ကွန်ပျူတာတွင် မော်နီတာ မပါရှိသည့်အတွက် စာစီ စာရိုက်လိုသည့် စာများ၊ တွက်ချက်လိုသည့် ကိန်းဂဏန်းများနှင့် ပရိုဂရမ်များကို ကွန်ပျူတာ အသုံးပြုသူများ ကိုယ်တိုင် ကျောက်သင်ပုန်းပေါ်တွင် မြေဖြူဖြင့် ရေးသားကြရကြောင်း သိရသည်။

ယခုအခါ ထို စူပါ ကွန်ပျူတာများကို မြန်မာနိုင်ငံတွင် အသစ်ဖွင့်လှစ်ထားသည့် တက္ကသိုလ် အသီးသီးတွင် တပ်ဆင် အသုံးပြုနေကြောင်း သတင်းရရှိသည်။

တက္ကသိုလ်များတွင် ကွန်ပျူတာ ဆိုင်ရာ သင်ခန်းစာများကို ပို့ချသည့်အခါ အဆိုပါ ကွန်ပျူတာများကို ကျောင်းသားများ ရှေ့တွင် ချထားပြီး ဆရာ ဆရာမများက ကွန်ပျူတာသင်ခန်းစာများကို ကျောက်သင်ပုန်းပေါ်တွင် မြေဖြူဖြင့် ရေးသားလျက် သင်ကြား ပို့ချနေကြောင်း  BSNews မှ စုံစမ်း သိရှိရပါသည်။

(Photo: bijansabet.com)

(ပြည်တွင်း သတင်းထောက် သတင်းပေးပို့သည်)

3 comments:

  1. အသစ်တင်တိုင်းအချိန်မှီအမြဲလာဖတ်ပါတယ်...အခုနလေးတင်ဖတ်ပြီးတယ် ဖတ်လိုက်တိုင်းလည်းရယ်စရာလေးတွေနဲ့ ဆိုတော့ ဒီဘလော့လေးကိုမ၀င်ကြည့်ပဲမနေနိုင်ဘူး...မင်္ဂလာရှိတဲ့နှစ်သစ်လေးဖြစ်ပါစေနော်...

    ReplyDelete
  2. အယ်... အတော်တောင် တိုးတက်နေပါပကောလား

    ReplyDelete
  3. ကေပီသရီးရောက်နေမြဲဘလော့နေရာကောင်းလေးတခုပါ။
    အရမ်းကိုဖတ်လို့ကောင်းတဲ့ပိုစ်ပါဗျာ။ခင်မင်လေးစားလျှက်။ ကေပီသရီးရဲ့ပထမဆုံးComments ပေးတဲ့ပိုစ်ပါ။
့http://kp3.ne1.net/

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။