Saturday, January 8, 2011

မောင်းသူမဲ့ လင်းတငှက် တစ်ကောင် ဖမ်းမိ

အာရပ်နိုင်ငံများကို စပိုင်လုပ်ဖို့ အစ္စရေး သိပ္ပံ ပညာရှင်များ ထရိန်နင်ပေးထားတဲ့ မောင်းသူမဲ့ လင်းတငှက်တစ်ကောင်ကို အရှင် ဖမ်းမိကြောင်း ဆော်ဒီ အရေပြားနိုင်ငံ လုံခြုံရေးအဖွဲ့က ယခု အပတ် တွင် ပြောခဲ့သည်။
 
အစ္စရေး သိပ္ပံပညာရှင်များက အာရပ်နိုင်ငံများကို ထောက် လှမ်းဖို့ မောင်းသူမဲ့ လင်းတများကို ထရိန်နင်ပေးနေပြီး၊ ယခု လင်းတကို ဆော်ဒီနိုင်ငံ Hayel ကျေးလက် မြို့လေးအနီးတွင် လေးဂွနှင့် ပစ်ချပြီးနောက် အရှင် ဖမ်းမိ ထားခြင်း ဖြစ်သည်။ မောင်းသူမဲ့ လင်းတရဲ့ အတောင်ပံ တစ်ဖက်တွင် အစ္စရေး တဲလ်အဗစ် တက္ကသိုလ် အမှတ်အသား တံဆိပ်လေး ပါရှိသည်။

လင်းတများမှာ လူရွှေ့ပြောင်းမှု (migration) ကို လေ့လာဖို့သာဖြစ်ကြောင်း အစ္စရေး သိပ္ပံပညာရှင်များက ပြောသော်လည်း၊ ဆော်ဒီ အရေပြား မီဒီယာက ဂျူးတို့ရဲ့ ‘ဇီယွန်ဝါဒ လျှို့ဝှက်ကြံစည်မှု’ တစိတ်တပိုင်း ဖြစ်ကြောင်း ပြောဆိုသည်။ ဆော်ဒီ ၀ဘ်ဆိုဒ်များကတော့ ငှက်များကို အစ္စရေး ထောက်လှမ်းရေးက စပိုင်လုပ်ခိုင်း နေခြင်း ဖြစ်ကြောင်း ဖော်ပြကြသည်။

အစ္စရေး တဲလ်အဗစ် တက္ကသိုလ် သုတေသနဌာနက လင်းတများနှင့် လေ့လာမှုစလုပ်ကတည်းက ငှက်များမှာ ဆော်ဒီကို ရောက်ရှိ ပျံဝဲနေခဲ့ကြောင်း၊ သို့သော် အများစုမှာ သေဆုံးသွားပြီလို့ ယူဆရကြောင်း ပြောသည်။ ယခု မောင်းသူမဲ့ လင်းတတစ်ကောင်သာ အချိန်ကြာ ကောင်းကင်တွင် ပျံဝဲနေခဲ့ကြောင်း ပြောသည်။ ထို ဇီယွန်ဝါဒီ လင်းတက သတင်းအချက်အလက်နှင့် ဓါတ်ပုံအတော်များများ အစ္စရေးကို ပေးပို့နိုင်ခဲ့ကြောင်း အစ္စရေး ပညာရှင်များက ၀န်ခံကြသည်။

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။