ဇန်န၀ါရီ ၁၉ ရက်နေ့ ထုတ် မြန်မာပို့ စ် ဂျာနယ်ရှိ ပုံတပုံတွင် ၇၀ ရာခိုင်နှုန်းခန့် သော အမျိုးသမီးတို့ က ထိုသို့  ဖော်ပြခြင်းကို လိုလားကြောင်း၊ အမျိုးသမီး ၃၀ ရာခိုင်နှုန်းခန့် ကသာ လုံလုံခြုံခြုံ ၀တ်ဆင်ကြောင်း တွေ့ရသည်။
ဖော်ပြလိုသော အမျိုးသမီးတို့ က ငယ်ရွယ်သူများ၊ ဆံပင်တိုသူများ ဖြစ်သည်။ ရှေးရိုးဆန်သော အမျိုးသမီးတို့ က ရင့်ကျက်နေသူများ၊ ဆံပင်ရှည်သူများဖြစ်ကြောင်း တွေ့ ရသည်။
ပုံတွင် ပါရှိသော ရှေးရိုးဆန်သူ အမျိုးသမီးမှာ ၀ါရင့် အဆိုတော် မေခလာ ဖြစ်သည်။
ခေတ်ပေါ် လုံမငယ်တို့ ၏ အမည်များကို စုံစမ်းဆဲ ဖြစ်သည်။
မြန်မာအမျိုးသမီးတို့ ၏ ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်ပြီး မြန်မာ့အရေး လေ့လာသူများကို ဆက်သွယ် မေးမြန်းသောအခါ အလွန် စိတ်ဝင်စားကြကြောင်း တွေ့ရသည်။ သို့ သော်လည်း BSN အတွက် ရေးမည့် သတင်းဖြစ်သောကြောင့် မှတ်ချက် တစုံတရာ ပေးရန် အသည်းအသန် ငြင်းဆန်ကြသည်။
(Photo: Myanmar Post)
တွေ့ လည်း တွေ့ တတ် တယ်နော်။
ReplyDeleteBSN ၀ိုင်းတော်သားတွေ ခေတ်နဲ့ မျက်ခြေပြတ်နေတယ် ထင်သပေါ့။
ReplyDelete၀ဲဘက် အစွန်က လုံမငယ် အမည်က ဖွေးဖွေးလို့ ခေါ်ပါသတဲ့။
မင်းသမီးသစ် ဆိုဘဲ။ ကျုပ်လဲ သိပါဘူး။ burmeseclassic မှာ တွေ့မိလို့။
ညာဘက်စွန်က လုံမကိုတော့ ကျုပ်လဲ မသိဘူး.. ဟီး။
She is Jenny who is the singer .
ReplyDeleteကိုတီးက ခေတ်နဲ့ ပိုမျက်ခြေပြတ်တာဗျ...ဒီနှစ်ယောက်ကို မသိဘဲ နေပါ့မလား..တမင်ရေးထားတာနေမှာပေါ့...ဖွေးဖွေးနဲ့ ဂျင်းနီလေ.. :D
ReplyDeleteဘယ်ဘက်ကမော်ဒယ်က ဖုဖွေး၊ ညာဘက်ကလူငယ်အဆိုတော် ဂျိုင်းနံပါ ... အခုနောက်ပိုင်း နာမည်ရလာတဲ့သူတွေပါ ...
ReplyDeleteဆြာကြီးဇာနည်ဝင်းကိုတော့ လေးစားပြီးရင်း လေးစားနေမိပြီ
ReplyDeleteအဟဲ အဲဒါ ဂလိုဘယ်မြေပဲဆီအတွက် ဒီဇိုင်း . . နာဆွဲထားတာ :D
ReplyDelete