Wednesday, January 19, 2011
မြန်မာအမျိုးသမီးငယ်များ လုံခြုံစွာ ၀တ်ဆင်ရမည်ကို မနှစ်သက်
ယနေ့ ခေတ် မြန်မာသမီးပျိုတို့  ၀တ်စား ဆင်ယင်ရာတွင် ပခုံးသား နှင့် လက်မောင်းသားများကို သူ့ ထက်ငါ အပြိုင်အဆိုင် ဖော်ပြနေကြသည်။ 
ဇန်န၀ါရီ ၁၉ ရက်နေ့ ထုတ် မြန်မာပို့ စ် ဂျာနယ်ရှိ ပုံတပုံတွင် ၇၀ ရာခိုင်နှုန်းခန့် သော အမျိုးသမီးတို့ က ထိုသို့  ဖော်ပြခြင်းကို လိုလားကြောင်း၊ အမျိုးသမီး ၃၀ ရာခိုင်နှုန်းခန့် ကသာ လုံလုံခြုံခြုံ ၀တ်ဆင်ကြောင်း တွေ့ရသည်။  
ဖော်ပြလိုသော အမျိုးသမီးတို့ က ငယ်ရွယ်သူများ၊ ဆံပင်တိုသူများ ဖြစ်သည်။ ရှေးရိုးဆန်သော အမျိုးသမီးတို့ က ရင့်ကျက်နေသူများ၊ ဆံပင်ရှည်သူများဖြစ်ကြောင်း တွေ့ ရသည်။  
ပုံတွင် ပါရှိသော ရှေးရိုးဆန်သူ အမျိုးသမီးမှာ ၀ါရင့် အဆိုတော် မေခလာ ဖြစ်သည်။
ခေတ်ပေါ် လုံမငယ်တို့ ၏ အမည်များကို စုံစမ်းဆဲ ဖြစ်သည်။
မြန်မာအမျိုးသမီးတို့ ၏ ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်ပြီး မြန်မာ့အရေး လေ့လာသူများကို ဆက်သွယ် မေးမြန်းသောအခါ အလွန် စိတ်ဝင်စားကြကြောင်း တွေ့ရသည်။ သို့ သော်လည်း BSN အတွက် ရေးမည့် သတင်းဖြစ်သောကြောင့် မှတ်ချက် တစုံတရာ ပေးရန် အသည်းအသန် ငြင်းဆန်ကြသည်။
(Photo: Myanmar Post)
 (ဇာနည်ဝင်း ပေးပို့ သည်)  
7 comments:
  1. တွေ့ လည်း တွေ့ တတ် တယ်နော်။
    ReplyDelete
  2. BSN ၀ိုင်းတော်သားတွေ ခေတ်နဲ့ မျက်ခြေပြတ်နေတယ် ထင်သပေါ့။
    မင်းသမီးသစ် ဆိုဘဲ။ ကျုပ်လဲ သိပါဘူး။ burmeseclassic မှာ တွေ့မိလို့။
    ညာဘက်စွန်က လုံမကိုတော့ ကျုပ်လဲ မသိဘူး.. ဟီး။
    ReplyDelete
  3. She is Jenny who is the singer .
    ReplyDelete
  4. ကိုတီးက ခေတ်နဲ့ ပိုမျက်ခြေပြတ်တာဗျ...ဒီနှစ်ယောက်ကို မသိဘဲ နေပါ့မလား..တမင်ရေးထားတာနေမှာပေါ့...ဖွေးဖွေးနဲ့ ဂျင်းနီလေ.. :D
    ReplyDelete
  5. သားကြီးJanuary 20, 2011 at 3:12 AM
    ဘယ်ဘက်ကမော်ဒယ်က ဖုဖွေး၊ ညာဘက်ကလူငယ်အဆိုတော် ဂျိုင်းနံပါ ... အခုနောက်ပိုင်း နာမည်ရလာတဲ့သူတွေပါ ...
    ReplyDelete
  6. ဆြာကြီးဇာနည်ဝင်းကိုတော့ လေးစားပြီးရင်း လေးစားနေမိပြီ
    ReplyDelete
  7. အဟဲ အဲဒါ ဂလိုဘယ်မြေပဲဆီအတွက် ဒီဇိုင်း . . နာဆွဲထားတာ :D
    ReplyDelete
ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။
မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။
တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။
ကျေးဇူးတင်ပါသည်။