(Photo: Zarny Win)
နေပြည်တော် အကယ်ဒမီဆု ပေးပွဲကြီးသို့ လက်ကိုင်ဖုန်းများ ယူဆောင်လာခြင်း မပြုရဟူသည့် ထူးဆန်းဖွယ် ညွှန်ကြားချက်တရပ်ကို တွေ့ရသည်။ ထိုနည်းတူ ကင်မရာများလည်း ယူဆောင်ခွင့် မပြုပေ။
အထက်ပါ ထူးဆန်းသော ညွှန်ကြားချက် အတိုင်း၊ အဆိုပါ အကယ်ဒမီ ပေးပွဲကြီး၌ မည်သူ တဦးတယောက်မျှ လက်ကိုင်ဖုန်းများ သုံးစွဲခြင်း မရှိသည်ကိုလည်းကောင်း၊ မည်သူမျှ ရုပ်ရှင်၊ ရုပ်သေ ကင်မရာများဖြင့် ရိုက်ကူး မှတ်တမ်း တင်ခြင်း မရှိသည်ကို လည်းကောင်း မြန်မာ့ ရုပ်သံမှ တိုက်ရိုက် ထုတ်လွှင့်ရာတွင် တွေ့မြင်ရပါသည်။
လက်ကိုင်ဖုန်း မပြောပါ
မည်သူမျှ လက်ကိုင်ဖုန်း မပြောကြပါ
မည်သူမျှ ကင်မရာ ယူဆောင်မလာပါ
(MRTV မှ ထုတ်လွှင့်ချက် ရုပ်သံကို Burmese Classic မှ ရယူသည်)
အထက်ပါ သတင်းကို ဓာတ်ပုံ သီးသန့်ဖြင့် ဖတ်ရှုရန်..
အကယ်ဒမီ ပေးပွဲအတွင်း ဆန္ဒပြမှု ဖြစ်ပွါး။
ReplyDelete------------------
ယမန်နေ့က ပြုလုပ်သည့် အကယ်ဒမီ ထူးချွန်ဆု ပေးပွဲတွင် သရုပ်ဆောင် အချို့နှင့် ပြည်သူအချို့က အစိုးရ ထုတ်ပြန်သည့် အမိန့်ကို ဆန့်ကျင် အန်တုပြီး ဆန္ဒပြခဲ့ကြကြေင်း သတင်းရရှိသည်။
သက်ဆိုင်ရာက လက်ကိုင်ဖုန်း မပြောရ၊ ကင်မရာ မသုံးရဟု မကြာသေးမီက ထုတ်ပြန်ထားသည့် အမိန့်ကို ဖီဆန်ပြီး ယခုကဲ့သို့ ဆန့်ကျင် ဆန္ဒပြခြင်းဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်အတွင်း နေပြည်တော်တွင် ပထမဆုံး အကြိမ် ဆန္ဒပြမှု ဖြစ်ကြောင်း မြန်မာ့ နိုင်ငံရေး စောင့်ကြည့်သူများက သုံးသပ် ပြောဆိုသည်။ အဆိုပါ သတင်းကို မီဒီယာများက ဖော်ပြရန် မေ့လျော့နေကြသည်။