Wednesday, January 5, 2011

ယနေ့ ဆင်ကျားပူ ပင်နီ-ဆူးလား ဘွတ်ကီးဒိုင်ဈေးကွက်အခြေအနေ

ဆင်ကျားပူမှ မြန်မာတွေ စုဝေးရာ ပင်နီ-ဆူးလား ပလာဇာ (Photo: BS News)

နှစ်သစ်ကိုကူးလိုက်ချိန်မှာတော့  တရုတ်ဘာသာနဲ့ ဆင်ကျားပူ (新加坡) Xīnjiāpō လို့ ခေါ်တဲ့ ဆင်တွေ ကျားတွေ နေထိုင်ရာ စင်ကာပူနိုင်ငံ (မြန်မာအခေါ် စလုံး)က မြန်မာစတော့အိတ်ချိန်း ဈေးကွက်ဖြစ်တဲ့ ပင်နီ-ဆူးလား (ပင်နီအင်္ကျီဝတ် မြန်မာတွေ စုဝေးရာ ဖြစ်သောကြောင့် ပင်နီ-ဆူးလားဟု ခေါ်ပါသည်) မှာ ပြည်ပရောက် မြန်မာတွေ အုပ်အော်သောင်းနင်း ဖြစ်နေကြတယ်ဗျ။

ဟဲ့ ပြောရင်းဆိုရင်း ကျသွားပြန်ပြီ ၊
နည်းနည်းလေးတော့ တောင့်ခံထားပါလား၊
သည်ရက်ပိုင်းလား မလုပ်နဲ့ဦး မလုပ်နဲ့ဦး

စတဲ့အသံတွေပါ။
ဘယ်လောက်လဲဆိုတော့ ကွမ်းတမြုံမြုံနဲ့မောင်က လက်ချောင်းတွေချိုးပြီးလှမ်းပြတဲ့ တခြားစတော့ဈေးကွက်အလား အုန်းအုန်းထနေကြပါတယ်။ မျက်နှာညိုပုပ်ပုပ်ကြီးတွေနဲ့ဈေးထိုင်နေတဲ့ဆိုင်ရှင်အန်တီကြီးတွေ အဆီပြန်ဇောချွေးပြန် နေတဲ့ဆိုင်ရှင်အန်ကယ်ကြီးများကို လွယ်လင့်တကူတွေ့နိုင်ပါတယ်၊ ၇၀၀ ဈေးကနေ ကျလာတဲ့ ငွေလဲလှယ်နှုန်းထားဟာ ခုဆိုရင်ဖြင့် ၆၀၀ ၀န်းကျင်မှာ ကို ပလုံပလုံ မြောနေတာဖြစ်ပါတယ်။ အချင်းချင်းလက်တို့ သတင်းမေး တောက်ခေါက်သံတညံညံနဲ့ ပျော်သူပျော် အော်သူအော် လို့ဆော်သူဆော်နေကြပါတယ်။

ဟိုက် ..
အခု သည်သတင်းလေးရေးနေချိန်မှာတောင် ၆၄၄ ကိုအ၀ယ်မလိုက်ဘူးလို့ပြောနေကြပါတယ်။ တောက်ခေါက်သံခပ်ပြင်းပြင်းထွက်လာတာကတော့ မြန်မာသံရုံးကပါ။ မှန်းသမျှမကိုက်ဘဲငွေလွှဲဈေးကျနေလို့ သည်လ စါးပွဲအောက်ငွေအတော်ကျသွားတယ်ဆိုတယ်ဗျာ။ ပါနီထဲကလာတဲ့ဟာ ပါနီထဲသွားသလိုပါဘဲ။ ခက်တာက ပါနီထဲကမလာတဲ့သူတွေပါ သိမ်းကြုံးပြီးကွိနေတာပါဘဲ။ အစိမ်း ၈၀၀ ဈေးကျတဲ့အထိ စလုံးဈေးပါ ကျနိုင်တယ် လို့
ခန့်မှန်းသံတွေလဲထွက်နေပါတယ်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်က ပြောတယ် တို့အန်ကယ်ကြီးတွေများ လွှဲခါနီးအရင်အတိုင်းပြန်ဖြစ်အောင် တစ်ဒေါ်လာ ၂၀၀ လောက်ထိများ ချပေးနေသလား မသိဘူးတဲ့။

(ဆင်ကျားပူ/ ရှင့်ဂျဲားဖွော် Xīnjiāpō ဆင်ကျားမြို့တော်မှ Anno ပေးပို့သည်)

1 comment:

  1. အမေရိကားမှာ မြန်မာ တွေ တည်ထားတဲမြို့..

    ဧရာ. မစာခြူးစက်...
    Ayer, Massachusetts.

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။