Thursday, January 6, 2011

အချိန်ကာလများ ထူးဆန်းစွာ ပျောက်ဆုံးသွားခြင်း

၂၀၁၁ မေလ ၃ ရက် (ကဆုန်လဆန်း ၁ ရက်) နေ့ဟာ မနေ့က ကျရောက်ခဲ့တယ်လို့ ကမ္ဘာကျော် ဘီဘီစီ သတင်းဌာနကြီးက ယမန်နေ့က ကြေညာလိုက်ပါတယ်။

အခုလို ဇန်န၀ါရီလ ၅ ရက်နေ့ကနေ မေလ ၃ ရက်နေ့သို့ ရုတ်တရက် ဆိုင်းမဆင့် ဗုံမဆင့် အချိန်ကာလကြီး တစ်ခုလုံး ရွေ့လျားသွားတဲ့ ဒီပြောင်းလဲမှု ဒီဖြစ်စဉ်ကို တစ်ကမ္ဘာလုံးက အံ့သြ တုန်လှုပ်သွားကြတယ် သိရပါတယ်။

"ဒီသတင်း ကြားရတော့ အံ့သြသွားတယ်ခင်ဗျ၊ သုံးလလောက် အချိန်တွေ ပျောက်ဆုံးသွားလို့လေ။ ပိုဆိုးတာက ဇန်န၀ါရီလ မကုန်လိုက်ဘူး၊ ဒီတော့ ဇန်န၀ါရီ လစာ မရဘူးဗျ၊ ထိုနည်းတူ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ လစာတွေလဲ မထုတ်လိုက်ရဘူးပေါ့ဗျာ။ လေးလစာလောက် နာသွားတော့ လူလဲ တော်တော် ဂိန်သွားတာပေါ့ဗျာ။ တစ်ကမ္ဘာလုံး စီးပွားရေး ကျပ်တည်းနေရတဲ့အထဲ ဒီလို အချိန်ကာလတွေ ပျောက်ဆုံးသွားတော့ တော်တော် စိတ်ညစ်ရတယ်ဗျ" ဟု လေးလစာ လုပ်အားခ မရလိုက်သော ကုမ္ပဏီ
ဝန်ထမ်းတစ်ဦးက BS News သို့ ပြောပြပါတယ်။

ပြာသိုလဆန်း ၁ ရက်၊ ကရင် နှစ်သစ်ကူးနေ့ ဟာ ယခုနှစ် ၂၀၁၁ အတွက်တော့ ဇန်န၀ါရီလ ၅ ရက်နေ့(ယမန်နေ့က) ကျရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ပြာသိုလဆန်း ၁ ရက်နေ့ဟာ ရုတ်တရက် ကဆုန်လဆန်း ၁ ရက်နေ့ ဖြစ်သွားတဲ့အတွက် သုံးလတာမျှ အချိန် ရွေ့လျားမှု တစ်ခု ဖြစ်ပွားခဲ့ရပြီး၊ အဲဒီ အချိန်ကာလ ထူးဆန်းစွာ ပျောက်ဆုံးမှု ဖြစ်စဉ်အတွက် တစ်ကမ္ဘာလုံး အထိတ်တလန့် ဖြစ်ခဲ့ကြရပါတယ်။

သတင်း အပြည့်အစုံ

3 comments:

  1. သေပြီဆရာ
    ဖေဖော်ဝါရီ ၁၄ ရက်နေ့ မှာ သက်မွန်မြင့်နဲ့  ချိန်းထားတာ။
    ခုတော့ ဘယ့်နှယ် လုပ်ရပါ့။
    ငါ့ကို ဖေဖော်ဝါရီ ပြန်ပေး ဆိုပြီး စာတိုပေစလေး ရေးပြီး ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့် ဆွေးနွေးလိုက်တာပဲ ကောင်းပါတယ်လေး)

    ReplyDelete
  2. ကိုဇီးကွက်ရေ
    ဘီဘီစီက အမှားပြင်ဆင်ထားတာ တွေ့ပါတယ် ခင်ဗျာ....

    ReplyDelete
  3. BBC လို သတင်းဌာန တခုအနေနဲ့ ပြာသိုလဆန်း ၁ ၇က် ကရင်နှစ်သစ်ကူးနေ့ကို ကဆုန်လဆန်း ၁ ၇က် နေ့နဲ့ မမှားသင့်ပါ.

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။