Monday, January 17, 2011

Twitter သည် မြန်မာစကားဖြစ်ပြီး၊ Twitter တည်ထောင်သူမှာ မြန်မာလူမျိုးဖြစ်

ယခု ရေပန်းစားနေသည့် Twitter "တွစ်တာ" သည် "တွတ်တာ"၏ သိုးဆောင်း အသံဖြစ်သည်။
ထိုဝေါဟာရသည် မြန်မာစကား "တွတ်တီးတွတ်တာ" မှ ဆင်းသက်သည်ဟု Twitter ကို တည်ထောင်သူ မြန်မာအမျိုးသမီးကြီး ဒေါ်စီ (Jack Dorsey)က Burma Strange News ကို ပြောပြသည်။


(Twitter's Logo)

"ဒီအတိုင်းဆိုရင် မြန်မာစကားဟာ ကမ္ဘာသုံးဖြစ်လာမှာ ၁၂၀% သေချာတယ်" ဟု မြန်မာ အိုင်တီ ဘလော်ဂါတဦးက ပြောသည်။

အိုင်တီ လောကတွင် မြန်မာလူမျိုးများ၏ အောင်မြင်မှုကို အသိအမှတ်ပြုရန်နှင့် မြန်မာစကား ကမ္ဘာသို့ ထိုးဖောက်ခြင်းကို အသိအမှတ်ပြုရန် Twitter ကို အသုံးပြုလိုကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက ထုတ်ဖော် ပြောကြားခဲ့သည်။

မြန်မာလူမျိုးတဦးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အားပေးမှုကို မိမိလည်း ခံယူလိုပါကြောင်း၊ သူမ၏ Facebook ကို စိတ်မ၀င်စားဘဲ "တွတ်တီးတွတ်တာ" ကို အားပေးသည့် အတွက် စိတ်မကောင်း ဖြစ်မိပါကြောင်း မြန်မာအမျိုးသမီးငယ် မဇကာပေါက် (Mark Zuckerberg)က ၀မ်းနည်းစွာ ပြောသည်။ နောင်တွင် အားပေးမှုခံရ စေရန်အတွက် Social Network Service အသစ်များ ဆောင်ရွက်သည့်အခါ မြန်မာအမည် ပေးသွားမည် ဖြစ်ကြောင်း  သူမက ဆက်လက် ပြောသွားသည်။

(ပန်းသီးစားသူများ definition ဖွင့်ဆိုသည်)

2 comments:

  1. ဟိုက် ဆရာဇီးကွက်တို့တော့ လုပ်ချလိုက်ပြန်ပြီ။ အနော် ပွတ်မော်ဒန် ၀ါသနာမပါဘူးနော်။ လာမမြှောက်ပေးနဲ့။ မြန်မာမှုစ်ပြုတာကိုတော့ စိတ်ဝင်စားတယ်။ သီချင်းတောင် ဟစ်ဟော့ဆိုရင် အေးမြင့်နိုင် Eminem တို့ ကန်နီ ၀က် Kanye West တို့ ရော့ခ်ဆိုလဲ ဇလီဖါ Salivaတို့ ဟင်္သာ Hinder တို့ပဲနားထောင်တာ။ နောက်ဆုံး Classical တွေနားထောင်ရင်တောင် မိုးစက်(ကျောင်းတုန်းက သူငယ်ချင်း) Mozart တို့ ဘီဒိုပြင် ( ယခင်က ဘီဒိုပြင်၍ အသက်မွေးခဲ့သူ ) Beethoven တို့ပဲအားပေးတယ်။
    ဘောသမားဆိုလဲ ဒေးဗစ် ဘဟန်၊ မန်နေဂျာ ဘုန်းကြီးကျောင်းသား မောင်ရင်ညို တို့။ ကုန်ကုန်ပြောမယ် search engine တောင် ရာဟု ( Yahoo!) ပဲသုံးတယ်။

    ReplyDelete
  2. Nice Nice Nice(SFX:Clap Calp Clap)

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။