Saturday, January 1, 2011

HAPPY NEW YEAR 2011



အဖုအထစ်များလှတဲ့ ခရီးလမ်းကြမ်းပေါ်မှာ
"ဖွတ်ချက်" .. "ဖွတ်ချက်" မော်တော်ကားလေးနဲ့
နှစ်ဟောင်း နှစ်သစ် များစွာကို ဖြတ်သန်းယင်း
အားတင်းကာ ကြိုးစားရှင်သန်နေကြသော
အမိ မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံး ...

၂၀၁၁ နှစ်သစ်မှာ ..

ဘတ်စ်ကား တိုးစီးရ၍ ငပိ ဖြစ်ရသော ဒုက္ခ
စပါယ်ယာတွင် အကြွေမရှိသဖြင့် ငါးဆယ် ခရီးကို တရာ ပေးရခြင်း ဒုက္ခ
ငွေစက္ကူ အစုတ်အပြဲများကို သုံးစွဲနေရသော ဒုက္ခ
အကြွေမရှိသဖြင့် ချိုချဉ်သကြားလုံး တစ်ရှုးများ ပြန်အမ်းခံရခြင်း ဒုက္ခ

ပလတ်စတစ်အိတ်များ၊ ဗူးများ ဆီထဲ ထည့်ကြော်ထားတဲ့ ကြွပ်ကြွပ်ကြော်များကို အူပြတ်ခံပြီး စားသောက်ရသော ဒုက္ခ
ဆိုးဆေးပေါင်းစုံ ဆိုးထားတဲ့ အစားအသောက်များ စားသောက်ရခြင်း ဒုက္ခ
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားအုန်းဆီများ စားသုံးရခြင်း ဒုက္ခ

ခေါင်းမလွတ်သော တိုက်ခန်းကျဉ်းတွေထဲမှာ လူများစွာ ကျပ်သိပ် နေထိုင်ရခြင်း ဒုက္ခ
အထပ်မြင့် နေသူများ ဓာတ်လှေခါး မရှိသဖြင့် ခြေထောက်ညောင်းသော ဒုက္ခ
ကိုယ့်အိမ်ကိုယ့်ယာမှာနေပြီး ဧည့်စာရင်း သွားတိုင်ရသော ဒုက္ခ
ကိုယ့် လူ့အခွင့်အရေးနဲ့ကိုယ် ညဘက် အိပ်နေသော်လည်း ဧည့်စာရင်း လာစစ်သဖြင့် အိပ်ရေးပျက်ရသော ဒုက္ခ
ညဘက် အိပ်ရေးပျက်ခံပြီး ရေတင်ရသော ဒုက္ခ
ထမင်းချက်နေတုန်း မီးပျက်သွားသဖြင့် ထမင်း ဇတ်တောက် ဖြစ်သွားရခြင်း ဒုက္ခ

အင်တာနက် သုံးစွဲသူများ "ကိုနတ်ရှင်" ဟူသော နတ်အသစ်ကို နေ့စဉ် ပူဇော်ရသည့် ဒုက္ခ
ရုံးပြင် ကန္နားမှ ပုဂ္ဂိုလ်လေးများအား လက်ဖက်ရည် တိုက်ရသော ဒုက္ခ
ပုဂ္ဂိုလ်ဂျီးများအား ပူဇော်သက္ကာ ပြုရသော ဒုက္ခ

စသည့် စသည့် စသည့် ...
ဘေးဒုက္ခအပေါင်းမှ ကင်းဝေးပြီး

ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာ ချမ်းသာ ကြပါစေကြောင်း
Burma Strange News မှ
အထူး ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ....

(1.1.11) ရက်နေ့ နံနက် (၁) နာရီ (၁) မိနစ် (၁) စက္ကန့် "တစ်ခုနစ်လုံး ပူးချိန်"မှာ
နှစ်သစ်ကူး နှုတ်ခွန်း ဆက်သ ပါတယ်

2 comments:

  1. သာဓု .. သာဓု.. သာဓု...

    ReplyDelete
  2. မင်္ဂလာ Gregorian နဲ့ ကရင်နှစ်သစ်ပါ၊ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေဖို့ ဆန္ဒပြုပါတယ်။ :-)

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။